နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ (၂၀) ရက်နေ့ အချိန်ခါရောက်တိုင်း ချင်းလူမျိုးမှန်သမျှသည် ရောက်ရာအရပ်ဒေသမရွေး ချင်းအမျိုးသားနေ့ပွဲကို တတ်အားသရွေ့စုစည်းကျင်းပမြဲဖြစ်သည်မှာ ဂုဏ်ယူဘွယ်ဖြစ်သည်။ ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာရခြင်း၏ အကြောင်းခံအချက်ဖော်ပြရန် များစွာရှိသော်လည်း ချင်းအမျိုးသားခေါင်းဆောင်း ဦးဝမ္မသူးမောင်း ဦးဆောင်သည့် ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ (ခမညဖ) မင်းတပ်၊ ကန်ပက်လက်နယ် လူထုအုံကြွဆန္ဒပြသည့် ကန်ပက်လက်သပိတ်ကြီးဖြင့် ဗြိတိသျှနယ်ချဲ့ဆန့်ကျင်မှုကို အဓိက အခြေခံသဓန္ဒတည်လာပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ လွတ်လပ်ရေးအောင်ပွဲနေ့ကို အကြောင်းအမျိုးမျိုးကြောင့် မကျင်းပခဲ့ဖြစ်ကြောင့် ဖေဖော်ဝါရီလ (၂၀) ရက် ချင်းအမျိုးသားနေ့နှင့် တပေါင်းတည်းဖလမ်းမြို့တွင် အစပြုကျင်းပရခြင်းဖြစ်သည်။ ထိုညီလာခံတွင် ချင်းလူထု ငါးထောင်ကျော်တတ်ရောက်လျှက် နွားနောက်မ (၁) ကောင်၊ ရုပီ (၂၀) တန်ကြေးရှိစဉ် နိုင်ငံတော်ဘတ်ဂျက် ရုပီ (၂၁၀၀၀) ခွဲဝေပေးခဲ့သည်ဟု သိရသည်။
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ ဖလမ်းမြို့တွင် ကျင်းပသောပွဲတော်တွင် ချင်းတောင်ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်၊ စော်ဘွား (ဘွေဖွင်) များ တိုက်သူကြီးများရာထူးအာဏာဖယ်ရှားပြီး ချင်းအမျိုးသားများ၏ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် မွေးဖွားပေးသောပွဲဟုပင်ခေါ် ဆိုရမည်ဖြစ်သကဲ့သို့ ပထမအကြိမ် ချင်းညီလာခံဟု သတ်မှတ်လာခဲ့ခြင်းကြောင့် ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) မှ (၁၅) ရက်ထိ ဟားခါးမြို့တွင် အနယ်အနယ်အရပ်ရပ်မှ ချင်းလူထု (၅၇၁) ဦး တတ်ရောက်ကျင်းပပြီး ဘုံသဘောတူညီချက် (၁၅၁) ချက်ချနိုင်သည့် ညီလာခံအား ဒုတိယအကြိမ် ချင်းအမျိုးသားညီလာခံဟု ကမ္ဘာသိဖြစ်တည်လျက်ရှိသည်။
ချင်းရေးရာကောင်စီမှ ၁၉၅၀ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ဖေဖော်ဝါရီလ (၂၀) ရက်နေ့အား ချင်းအမျိုးသားနေ့ဟု ဆက်လက်သတ်မှတ်ကျင်းပသွားရန် ထပ်မံအတည်ပြုသဖြင့် ၁၉၅၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ မင်းတပ်မြို့တွင် ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောကြားခြင်းဖြင့် ချင်းအမျိုးသားနေ့အဖြစ်လည်းကောင်း၊ ၁၉၆၆ ခုနှစ်တွင် ချင်းဝိသေသတိုင်းနေ့အဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ချင်းပြည်နယ်နေ့အဖြစ်လည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်တို့တွင် ချင်းပြည်နယ်နေ့နှင့် ချင်းအမျိုးသားနေ့ဟူ၍လည်းကောင်း၊ အမျိုးမျိုးစာသားပြောင်းလဲရေးသားစေသော်လည်း နှစ်စဉ်မပြတ်ဖြစ်သည့်နည်းဖြင့် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ထိန်းသိမ်းကျင်းပလာခဲ့ရာ ချင်းအမျိုးသားတပ်ဦး (CNF) နှင့်အစိုးရအကြား အပစ်အခတ်ရပ်စဲခြင်း ငြိမ်းချမ်းရေး စာချုပ်တွင် ထည်ပသွင်းချုပ်ဆိုလျှက် လက်မှတ်ရေးထိုးနိုင်းခြင်းအရ ၂၀၁၃ ခုနှစ်တွင် ကျရောက်သည့် (၆၅) နှစ်မြောက်ချင်းအမျိုးသားနေ့ဟု မူလအတိုင်းပြန်လည်စတင်ကျင်းပလာနိူင်ရခြင်းဖြစ်ပေသည်။
ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့၌ ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရအား ချင်းမျိုးချစ်ခေါင်းဆောင်ဦးဝမ္မသူးမောင်း ဦးဆောင်သော ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ (ခမညဖ) လူထုအုံကြွဆန္ဒပြသည့်သတင်းကို တို့ဗမာအစည်းအရုံးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအား ၁၉၄၀ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့ ဇလွန်းမြို့ညီလာခံမှအပြန် ဒေါင့်ကြီးကျေးရွာလူထုအစည်းအဝေးတွင် ထည့်သွင်းမဟောပြောရန် သတိပေးတားမြစ်ခဲ့သော်လည်း ချင်းတောင်မှာပင် လွတ်လပ်ရေးယူရန် နယ်ချဲ့ဆန့်ကျ်ခြင်း လူထုအုံကြွမှုဖြင့် လှုပ်ရှားနေကြပြီဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းဟောပြောသောကြောင့် အင်္ဂလိပ်ရာဇဝတ်ဝန် ဇေဗီယာမှ ပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးအရေးယူစေသည့်အပြင် ဗိုလ်ချုပ်အောင်ဆန်း ဖမ်းဆီရမိသောသူအား ဆုငွေ (၅) ကျပ်ဆုချမည်ဟု သိက္ခာချကြော်ငြာခြင်းကြောင့် ဗိုလ်ချုပ်သည် ရှောင်တိမ်းရင်းသခင်လှမြိုင်နှင့်အတူ (၁၅.၈.၁၉၄၀) ရက်နေ့ “ဟိုင်လီ” သင်္ဘောဖြင့် တရုတ်ပြည် “ဟိုင်နန်ကျွန်း” တွင်ရောက်ရှိပြီး ဂျပန်စစ်ဗိုလ်ဗိုလ်မိုးကြိုး (ဆူစူကီး) နှင့် တွေ့ဆုံညှိနိူင်းကာ ဗမာပြည်သို့ တိတ်တဆိတ်ပြန်ဝင်လာ၍ ရဲဘော်သုံးကျိပ်ဖြင့် ဂျပန်ပြည်သို့ လျို့ဝှက်သွားရောက်စစ်ပညာ သင်ယူခဲ့သည်ဖြစ်ရာ မြန်မာမြည်လွတ်လမ်ရေးအရ.ူနိူင်ရေးအတွက် နက်ရှိူင်းပီပြင်စွာ အနှစ်သာရသက်ဝေသည့် သူရိယသတင်းစာတွင် ဗမာနိူင်ငံတော်လှန်ရေးအစ ချင်းတောင်ကဟူ၍ ဆောင်းပါးရှင်ကလည်းကောင်း၊ ၁၉၄၀ ခုနှစ်ထုတ် တိုးတက်ရေးသတင်းစာတွင်း ဦးဝမ္မသူးမောင်းဦးဆောင်သည့် ချင်းတော်လှန်ရေးခေါင်းဆောင်းများ၏ လှုပ်ရှားမှုကိုလည်းကောင်း၊ နိူင်ငံသိ လူတိုင်းသိရေးသ၉ာဖော်ပြခဲ့ကြသည်ကို အထင်အရှားပင်ဖြစ်သည်။
ချင်းအမျိုးသားနေ့သည် မတော်တဆအကြောင်းမဲ့ပေါ် ပေါက်တည်ရှိလာခြင်းမဟုတ်ပဲ သူ့ကျွန်မခံလိုသောစိတ်၊ ကြွေးတာစား၊ ပေးတာယူ၊ ခိုင်းတာလုပ်၊ အချယ်မှယ်ခံဘဝဖြင့် တင်းတိမ်နနေလိုသောစိတ်၊ မိမိကိစ္စမှန်သမျှ သူတပါးကစီမံဆုံးဖြတ်ခြင်းကို မလိုလားပဲ မိမိကိစ္စမှန်သမျှ မိမိကိုယ်တိုင်လွတ်လပ်စွာ စီမံဆုံးဖြတ် ဆောင်ရွက်လိုသောစိတ်၊ တန်းတူညီမျှမှုရှိသော အခွင့်အရေးရယူပိုင်ဆိုင်လိုသောစိတ်၊ ဒီမိုကရေစီကျင့်စဉ်နျင့်အညီ နေထိုင်လုပ်ဆောင်လိုသောစိတ်ထားတို့ဖြင့် ကိုလိုနီနယ်ချဲ့သွေးစုပ်စနစ်ဆိုးအား တိုက်ထုတ်တွန်းဖယ်ခြင်း၏ မှတ်ကျောက်တစ်ရပ်လည်းဖြစ်ပေသည်။
ထိုသို့သော တန်ဖိုးမဖြတ်နိူင်သည်ပ အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆောင်နေ့ထူးနေ့မြတ် ချင်းအမျိုးသားနေ့အား အဓိပ္ပယ်မဲ့စေသော၊ အနှစ်သာရကွယ်ပျောက်ပေါ့ကျက်စေသော ချင်းဝိသေသတိုင်းနှင့် ချင်းပြည်နယ်နေ့ဟူ၍ နည်းမျိုးစုံဖြင့် ဖျက်ဆီးလုပ်ကြံခြင်းနှင့် နှစ်စဉ်ချင်းအမျိုးသားနေ့အား သမရိုးကျစားသောက်ပွဲသဖွယ်ပြုလုပ်ခြင်း၊ မိမိကိုယ်ကျိုးအစုအဖွဲ့အကျိုးအတွက် အသုံးချခြင်း၊ မဆင်မခြင်သောက်စားမှုးယစ်ရမ်းကားပြီး ချင်းအမျိုးသာနေ့၏ ဂုဏ်အင်လက္ခဏာကို ထိပါးသေသူများ၏ လုပ်ရပ်မျိုးစုံကို လိုလားခြင်းမရှိသော ပုဂ္ဂိုလ််များမှ ပြန်စုစည်းပြီး (၁၇.၄.၂၀၁၁) ရက်နေ့ မင်းတပ်မြို့ ဦးဝမ္မသူးမောင်း၏ ဇနီးဒေါ် လှိန်းပွန်၏ နေအိန်တွင် စတင်ဖွဲ့စည်းလှုပ်ရှားခြင်းဖြင့် သမရိုးကျကျင်းပခြင်းမျိုးမဟုတ်ပဲ ရည်ရွယ်ချက်၊ ဦးတည်ချက်ဖြစ်သည့် (၁) မူလအတိုင်း ချင်းအမျိုးသားနေ့ဟု ပီပီပြင်ပြင် ဆက်လက်ကျင်းပနိုင်ရန် အကောင်အထည်ဖော်သွားနိုင်ရေး (၂) ၊ ၂၀၂၃ ခုနှစ်တွင် ကျရောက်မည့် (၇၅) နှစ်မြောက်စိန်ရတု သဘင်ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ရေး (၃) ၊ ချင်းအမျိုးသားများ တော်လှန်ရေးသမိုင်းစာအုပ် မှန်ကန်ပြည့်စုံစွာ ထုတ်ဝယ်နိုင်ရေးဟူ၍ ခိုင်မာသော ချမှတ်ချက်ဖြင့် စတင်လှုပ်ရှားကြရာ ချင်းပြည်နယ်နေ့ဟုသာ ကျင်းပရမည် ချင်းအမျိုးသားနေ့ဟု (လုံးဝ)၂ မကျင်းပရဟူ၍ ရုံးစာတစ်မျိုး၊ ကြေးနန်းစာဖြင့် တသွယ်တားမြစ်လာသည့်အပြင် ဦးဆောင်သူများကို အရေးယူရမည့် အခြေအနေထိ ဖြစ်ခဲ့ရာမှ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အစိုးရတို့ငြိမ်းချမ်းရေးစာချုပ်တွင် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့ဟု ကျင်းပရန်နှင့် ချင်းပြည်နယ်အစိုးရက ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် ဆက်လက်ဆောင်ရွက်သွားရန်ဟူ၍ ထည့်သွင်းခြင်းကြောင့် အရေးသူရမည့်စာရင်းတွင် ပါရှိသူများအတွက် လွတ်လမ်းထွက်ပေါက်ဖြစ်စေခဲ့ပါသည်။ ဤသည်ပင်လျှင် အသစ်ရေးဆွဲသတ်မှတ်ခြင်းမဟုတ်ပဲ ယခင်ပါလီမန်အစိုးရက သတ်မှတ်ခဲ့ပြီး မြန်မာ့စွယ်စုံကျမ်းအတွဲ (၂) စာမျက်နှာ (၃၉၅) တွင် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ပြည်ထောင်စုအစိုးရက ချင်းအမျိုးသားနေ့ဟု သတ်မှန်သည်ဟူ၍ အခိုင်အမာရှိခဲ့ပြီးအပေါ် မသမာသူများ၏ လက်ချက်ကြောင့်မသေမရှင် သေဒနာခံနေရသည့်အဖြစ်မှ ကုစားပြီးပြန်လည် အသက်သွင်းယူခြင်းပင် ဖြစ်သည်။
ချင်းအမျိုးသားနေပဖြစ်ပေါ်လာရခြင်း၏ အစဲပြုကာလကိုလည်း ၁၉၃၈ ခုနှစ်၊ ၁၉၃၉ ခုနှစ်၊ ၁၉၄၀ ခုနှစ်၊ ၁၉၄၈ ခုနှစ်၊ စသည်ဖြင့် အယူအဆအစွဲအလန်း အမျိုးမျိုးကွဲလွဲခြင်းများရှိသည်မှာလည်း လိုရာဆွဲပြီးအငြင်းပွားရန် လိုအပ်မည်ဟု မယူဆပါ။ ကန်ပလက်မြို့တွင် ကိုလိုနီနယ်ချဲ့ဗြိတိသျှအစိုးရ အားဆန့်ကျင်ရေးလူထုအုံကြွမှုကို အဓိကအခြေခံ၍ လွတ်လပ်ရေးအောင်ပွဲနေ့အစား ဖလမ်းမြို့တွင် ချင်းလူထုတစ်ရပ်လုံးစုပေါင်းပြီး ကျင်းပခဲ့ခြင်း၊ ချင်းရေးရာကောင်စီမှ အတည်ပြုသတ်မှတ်ခဲ့ခြင်းပြည်ထောင်စုအစိုးရက တရားဝင်အသိအမှတ်ပြုပြီး မှတ်တမ်းတင်သည့်အပေါ် မြန်မာ့စွယ်စုံကျမ်းတွင် ထည့်သွင်းထားရှိခြင်း၊ နိုင်ငံတော်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ငြိမ်းချမ်းရေးစာချုပ်တွင် ပြန်လည်ထည့်သွင်ခြင်း စသည်တို့မှ သမိုင်းနောက်ခံခိုင်လုံမှုကြောင့် ကမ္ဘာသိနေ့တစ်နေ့ဖြစ်၍ မျိုးဆက်မပြတ်ရှင်သန်ထက်မြက်ပြီး ပိုမိုပြောင်မြောက်အားကောင်းလာအောင် လက်ဆင့်ကမ်းထိန်းသိမ်းရင်း စည်းလုံးညီညွှတ်မှု တည်ဆောက်သွားရန်သာ အထူးလိုအပ်ပါသည်။
ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာခြင်း ကန်ပက်လက် လူထုအုံကြွမှုနှင့် ပတ်သက်၍ ရေးကြမှတ်ကြသည်ကို လေ့လာလျှင် ဂဠုန်ဦးစောအယ်ဒီတာချုပ်အဖြစ် တာဝန်ယူထုတ်ဝေသော သူရိယသတင်းစာတွင် ဗမာ့တော်လှန်ရေးအစ ချင်းတောင်ကဟု ၁၉၃၉ ခုနှစ်၊ မတ်လ၊ ကန်ပက်လက်ဒါ၀ါပွဲတွင် ဦးဆောင်သော ချင်းခေါင်းဆောင်များ ၁၉၄၀ ခုနှစ်၊ ဧပြီလတွင် စတင်ဖမ်းဆီးသည်ဟုဖော်ပြခြင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုဌာနချုပ်မှ ပုံနှိမ်သည့် (မူပိုင်) တိုင်းရင်းသားလူမျိုးများ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းစာအုပ်တွင် (၂၀.၂.၁၉၃၉) ရက်နေ့တွင် သူကြီး (၃၉) ဦးမှ သူတို့ခန့်စာနှင့် ဗြိတိသျှအစိုးရအား ပစ်ပေါက်ပြန်အပ်သည့် ဦးဝမ္မသူးမောင်းဦးဆောင်သည့် သပိတ်ကြောင့် ဦးဝမ္မသူးမောင်းအား နာမည်ပျက်စာရင်းတွင် ထည့်သွင်း၍ အသေရလျှင် (၁) ထောင်ကျပ်၊ အရှင်ရလျှင် (၃၀၀၀)ထောင်ကျပ် ဆုချမည်ဟု အမိန့်ထုတ်ပြီး စတင်ဖမ်းဆီးသည်ဟုဖော်ပြခြင်း၊ သိန်းဖေမြင့်၏ ၀ိသေသတိုင်းသမိုင်းအစ (၁၉၆၇) ခုနှစ်၊ ပြည်သူ့လက်စွဲစာစဉ်၊ စာပေဗိမာန်ထုတ်နှင့် ချင်းအမျိုးသားတော်လှန်ေ့းသမားကြီး ဗိုလ်တစ်ထောင်နေ့စဉ် (၂၇.၃.၆၆) ချင်းဗမာနှင့် ရွှေချိုးဖြူမင်းသား လူထုနေ့စဉ် (၂၀.၄.၆၆)၊ ပန်းတနော်ဝင်းသိန်း၏ ချင်းဗမာသွေးစည်းတော်လှန်ကြစဉ်က ရှေ့သို့စာစောင်အတွဲ ၉/အမှတ် (၆) ၁၉၆၆၊ ဦးဝမ္မသူးမောင်းနှင့် သခင်အောင်မင်းတို့ ပူးတွဲလက်မှတ်ရေးထိုးပြီး ချင်းရေးရာဦးစီးဌာနသို့တင်ပြ်သော ချင်းအမျိုးသားနေ့သတ်မှတ်ခဲ့ခြင်း၊ ၁၉၆၄ ခုနှစ် နိုဝင်ဘာလ တင်ပြစာတို့တွင် ၁၉၃၉ ခုနှစ်၊ ဦးဝမ္မသူးဟာရှိန်း၏ (၁၅.၁၁.၁၉၇၈) ရက်စွဲ၊ “မြန်မာ့လွတ်လပ်ရေး” အတွက်ခေါင်စဉ်ဖြင့် (၁၅.၃.၁၉၁၇) ရက်နေ့မှစပြီး ကိုယ်တွေ့မှတ်တမ်းတွင် ၁၉၃၈ ခုနှစ်၊ ကန်ပက်လက် ဒါ၀ါရှိပြီး (၂၀.၂.၁၉၃၉) တွင် ခေါင်းဆောင်များ စတင်ဖမ်းဆီးကြောင်းဖော်ပြခြင်းစသည်တို့ကို လက်လှမ်းမှီသလောက် လေ့လာတွေ့ရှိပါသည်။ ဘယ်ဟာမှန်သည် ဘယ်ဟာမှားသည်ဟု မပြောလိုပါ။ ထိုစဉ်ကျွန်တော် မမွေးသေးသောကြောင့် ရေးမှတ်ထားသော စာအုပ်စာတမ်း၊ အချို့ကိုသာ လေ့လာနိုင်သေးသူကျွန်တော်အနေနှင့် အားလုံးကိုလေးစားလျက် ဂါရဝပြုပါသည်။ တော်လှန်ရေးခေါင်းဆောင်များ စတင်အဖမ်းခံခြင်းနျင့် အင်္ဂလိပ်အစိုးရကိုယ်တိုင်၏ မှတ်တမ်းများကို ကျွန်တော်စိတ်ဝင်စားသော်လည်း လက်လှမ်းမမှီနိုင်သေးစသည်ကို ဝမ်းနည်းမိသည်။ အခုချိန်တွင် အချို့သော ပုဂ္ဂိုလ််များမှ သူတို့ကိုယ်တိုင်ပါဝင်ခဲ့သလိုထင်မှတ်လောက်အောင် ကန်ပက်လက်လူထုအုံကြွမှုကာလကို တရားသေစွဲကိုင်ပြီး မာကျောသောစိတ်နှင့် အငြင်းသန်သည်များကိုလည်း ဘာမျှမပြောလိုပါ။ ဦးစိမ်းယောအွမ်က ဖလမ်းမြို့တိုင်းရုံးမှ မှတ်တမ်းဟောင်းများစုစည်းထားသည့် မှတ်စုစာအုပ်အား လူတစ်ဦးကငှားရမ်းပြီး ပြန်မပေးဖူးအဲဒီမှတ်တမ်းစာအုပ်ထဲတွင် စုံစု့လင်လင်ရေးမှတ်ထားခဲ့ခြင်းဖြစ်၍ အင်မတန်နှမျော်သည်ဟု ကျွန်တော်နှင့်တွေ့ဆုံဆွေးနွေးတိုင်း ပြောလေ့ရှိသောကြောင် ကျွန်တော်လစြိတ်မကောင်း ဖြစ်မိပါသည်။
ခငျ်းအမျိုးသားနေ့ကို အမည်နာမအမျိုးမျိုးဖြင့် ပြောင်းလဲပြီး ချင်းဝိသေသတိုင်းနေ့နှင့် ချင်းပြည်နယ်နေ့စသည့် မူလဝိသေသလက္ခဏာ ဖယ်ရှားခြင်းမှ ပြန်လည်ဖော်ထုတ်ရန် မင်းတပ်မြို့ရှိ မျိုးချစ်ပုဂိုလ်တစ်စုတို့မှ (ရေ.၄.၂၀၁၁) ရက်နေ့တွင် ကော်မတီဖွဲ့ပြီး အစပြုခြင်း၏ ရည်ရွယ်ချက်၊ ဦးတည်ချက်၊ ချမှတ်ခဲ့သည်ပအတိုင်း ချင်းနိုင်ငံရေးသမားများ၊ ချင်းအသိပညာရှင်၊ အတတ်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ တောင်သူလယ်သမားများစသည့် လူမှုလူတန်းစားများမှအစ ကျောင်းသား၊ ကျောင်းသူများအဆုံး တက်ညီလက်ညီ ပူးပေါင်းလျက်တစိုက်မတ်မတ်အာရုံ ပွဲလိုမခံယူဘဲ မျိုးချစ်စိတ်ဖြင့် အလေးအနက်စဉ်းစားပြီး အနှစ်သာရရှိရှိ ဆက်လက်ကျင်းပသွားရင်း တစ်နှစ်တစ်နှစ်လျှင် အားကစား၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ သည်တို့တွင် အကျိုးရလဒ်ကောင်းများ မှတ်မှတ်ရရ တင်ကျန်စေလျက် အမျိုးဂုဏ်မြှင့်တင်ထိန်းသိမ်းသွားခြင်းဖြစ်စေရန် အကြံကောင်း၊ ဉာဏ်ကောင်း၊ အစီအမံကောင်းများဖြင့် မည်သူမဆိုတက်ကြွစွာ ပူးပေါင်းလက်တွဲပါဝင်သင့်ကြောင်း နိုးဆော်၍ ပြောဆိုလိုပါသည်။