ထူးမခြားနား မွန်ပြည်နယ်အစိုးရရက် ၁၀၀ စီမံကိန်း

ထူးမခြားနား မွန်ပြည်နယ်အစိုးရရက် ၁၀၀ စီမံကိန်း
by -
မွန်သတင်းအေဂျင်စီ
NLD အစိုးရသစ် အာဏာစတင်လွှဲပြောင်းယူခဲ့ပြီးသည်နှင့် ဧပြီ ၁ ရက်နေ့မှ ဇူလိုင် ၉ ရက်အထိ ရက် ၁၀၀ စီမံကိန်းကာလသတ်မှတ်၍ အစိုးရဝန်ကြီးဋ္ဌာနအသီးသီးက မြန်မာနိုင်ငံတဝန်းလုံး၌ အကောင်အထည်ဖော်ဆောင်ခဲ့ပါသည်။
Mon State
မွန်ပြည်နယ်မြေပုံ(Myanmar Census)

ထို့အတူ မွန်ပြည်နယ်အစိုးရသည်လည်း ရက် ၄၀ သာကျန်ရှိသော မေ ၃၁  ရက်နေ့တွင် ရက်ပေါင်း ၁၀၀ အတွင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပွဲပြုလုပ်ပေးခဲ့သဖြင့် ပြည်နယ်အစိုးရ၏ ရက် ၁၀၀ စီမံကိန်းကြီးကို သိရှိခဲ့ကြရသည်။(မွန်ပြည်နယ်အစိုးရ ရက် ၁၀၀ စီမံကိန်းတွင် ဖတ်ရှုပါရန်)

အချက် ၁၁ ပါ ပြည်နယ်အစိုးရ၏ ရက် ၁၀၀ စီမံကိန်းများကို လေ့လာကြည့်လျင် ၁၀ ချက်မှာ အစိုးရတရပ်၏ လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်ရမည့်ကိစ္စရပ် များသာ ဖြစ်နေပေသည်။

သို့ရာတွင် အချက် ၁၁ ပါ “ရွှေ့ပြောင်းများကို အိမ်ထောင်စုစာရင်းထုတ်ပေးမည်” ဟူသည့်အစိုးရစီမံကိန်းသည် လုပ်ရိုးလုပ်စဉ်မဟုတ်သော ထူးခြားချက်တရပ်ဖြစ်နေသည့်အပြင် ပြည်နယ်အတွင်းသို့ အခြားဒေသမှ လူဦးရေအလုံးအရင်းဖြင့် သိန်းဂဏန်းနှင့်ချီသော ရွှေ့ပြောင်းနေထိုင်လာမှုကို ပြည်နယ်သားအဖြစ် လွယ်လင့်တကူအသိအမှတ်ပြုပေးမှုကို ဋ္ဌာနေမွန်တိုင်းသားများအား စိုးရိမ်စိတ်များ အလွန်အမင်း ဖြစ်ပေါ်စေခဲ့သည်။

ထို့ကြောင့် ပြည်နယ်အခြစိုက် မွန်နိုင်ငံရေးပါတီများ၊ မွန်အသင်းအဖွဲ့များအနေဖြင့် နိုင်ငံတော်အကြီးအကဲများနှင့် ဝန်ကြီးချုပ်ထံသို့ ကန့်ကွက်စာများပေးပို့ခဲ့သလို လွှတ်တော်တွင်လည်း ဆွေးနွေးမေးမြန်းစရာကိစ္စ ဖြစ်စေခဲ့သည်။

ရက် ၁၀၀ အတွင်း မွန်ပြည်အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်တို့၏ လွှတ်တော်မှပွတ်တိုက်သံအချို့ကိုလည်း ပြည်သူလူထုများ ကြားသိကြရသည်။

ယခင်အစိုးရဟောင်း အမွေချန်ထားပေးခဲ့သော သဘာဝဝန်းကျင်ထိခိုက်ပျက်စီးမှုကို စိန်ခေါ်နေသည့် ကျောက်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ကျောက်မီးသွေးဖြင့် ဘိလပ်မြေစက်ရုံလည်ပတ်စေမည့် ကိစ္စရပ်များအပေါ် ဒေသခံလူထုများစိုးရိမ်နေမှု ကန့်ကွက်နေများကို NLD ဦးဆောင်နေသော အစိုးရသစ်က တာဝန်ယူတုန့်ပြန်ဖြေရှင်းသံများ အလျဉ်းမရှိခဲ့ပေ။

အဘက်ဘက်မှ ကျဆင်းနေသော ပြည်နယ်၏အဓိကထုတ်ကုန် ဆန်စပါး၊ ရာဘာ၊ ပင်လယ်ငါးဖမ်းလုပ်ငန်းများ ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်ရေး၊ သိန်းနှင့်ချီရှိသော ပြည်ပထွက်ခွာနေသူများ မိမိပြည်နယ်တွင် သင့်လျော်သောအလုပ်အကိုင်အခွင့်အလမ်းပေါ်ပေါက်လာရေးအတွက် ရေတိုရေရှည်စီမံကိန်းများကိုလည်း  ရေးဆွဲသင့်ပါသည်။    

နိုင်ငံရေး အပြောင်းအလဲအတွက် NLD ပါတီကို လုံးဝထောက်ခံအားပေးခဲ့သည့် မွန်ပြည်နယ်သားများ တာဝန်ကျေခဲ့ပြီးဖြစ်သလို ပြည်သူအတွက် အစိုးရအနေဖြင့် အပြန်အလှန်တာဝန်သိဖို့လည်း လိုအပ်လှပေသည်။

အချုပ်အားဖြင့်ဆိုရပါလျင် မွန်ပြည်နယ်အစိုးရ၏ ရက် ၁၀၀ စီမံကိန်းသည် အစိုးရတရပ်၏ လုပ်ရိုးလုပ်စဉ်တာဝန်များသာဖြစ်သည့်အတွက် ထူးမခြားနားစီမံကိန်းပင်ဖြစ်သည်ဟု မွန်သတင်းအေဂျင်စီက မှတ်တမ်းတင်အပ်ပါကြောင်း။

မွန်ပြည်နယ်အစိုးရ ရက် ၁၀၀ စီမံကိန်း

(၁)မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့
ရေမြောင်းကြီးများကို ၄.၇ဖာလုံ တိုးချဲ့၊ ရေမြောင်းသွယ်များကို ၂မိုင်အထိတိုးချဲ့မည်။

(၂) လမ်းတံတားဦးစီးဋ္ဌာန
စစ်တောင်းတံတား၊ သံလွင်တံတား၊ ဘီးလင်းတံတား၊ အထ္ထရံတတား တို့ကို ပြန်လည်ပြုပြင်မည်။

(၃) မွန်ုပြည်နယ် မြို့ပြ နှင့်အိမ်ရာဖွင့်ဖြိုးရေးဦးစီးဋ္ဌာန
မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့၊ ဝန်ထိမ်း အိမ်ရာ ၄ခန်းတွဲလေးထပ် ဆောက်လုပ်မည် ရန် တင်ဒါခေါ်ယူထားကာ ၊ ဆောက်လုပ်ပြီးစီးထားသည့်ဝန်ထမ်းအိမ်ရာများကို လူနေနိုင်ရန် ဆောင်ရွက်သွားမည်။

(၄) အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန
မြို့နယ် ၁၀မြို့နယ်ရှိ ကျေးရွာ ၁၀ရွာကို ကျေးရွာမြေဌားဂရန် နှစ်သုံးဆယ်မြေဂရန် ထုတ်ပေးမည်။

(၅) မွန်ပြည်နယ်ရဲတပ်ဖွဲ့
မွန်ပြည်နယ် ၊ သထုံခရိုင်၊ မောင်လမြိုင်ခရိုင်တို့တွင် မှုခင်းကျဆင်းရေးအတွက်း အရှိန်တိုးမြင့် လုပ်ဆောင်မည်။ မွန် ပြည်နယ် အပိုင်းထဲရှိ နိုင်ငံရေးအမှုများဖြင့် အကျဉ်းကျနေသူများ အမှုရင်ဆိုင်နေရသူများကို ရုတ်သိမ်း ပေးနိုင်ရန် ဆောင်ရွက်မည်။ မှုခင်းကျဆင်းရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ အသိပညာပေး ဟော ပြောပွဲများ မြို့နယ်တိုင်းတွင် ပြုလုပ်သွားမည်။

(၆) မွန်ပြည်နယ် ဖွံ့ဖြိုးမှူ ကြီးကြပ်ရေးရုံး
ပြည်နယ် အစိုးရ ဘတ်ဂျတ်ဖြင့် မြေလမ်း ၉မိုင် ၄ဖာလုံတိုုးချဲ့ရန်၊ ကျောက်လမ်း ၁၇မိုင်၊ ကွန်ကရစ်လမ်း ၁၉စီး၊ တို့အတွက် တင်ဒါခေါ်ယူခြင်း၊ ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ဖြင့် မြေလမ်း ၈မိုင် ၊ ကျောက်လမ်း ၄မိုင်၆ဖာလုံ၊ ကတရာလမ်း ၄မိုင် ၆ဖာလုံ ကွန်ကရစ် တံတား ၁၂စီး တို့ကို တင်ဒါခေါ်ယူသွားမည်။

(၇) မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
မွန်ပြည်နယ်အတွင်း တောင်ခွဲရုံ၆၆ကေဗွီ ဓာတ်အားလိုင်း စက်ရုံသစ် တည်ဆောက်မည်။

(၈) ပြည်နယ်ပညာရေးမှူးရုံး
ဆရာဆရာမများ ကို စွမ်းရည်မြင့်သင်တန်းများ၊ ရေးမြို့နယ်တွင် စာတတ်မြောက်ရေး သင်တန်းများ၊ ၊ နေ့စားလပေး ဆရာဆရာမများ စာမေးပွဲ များပြုလုပ်ခြင်း၊ ဆရာအတက်ပညာသင်တန်းများကို လည်း ဆောင်ရွက်သွားမည်။ကျောင်းများအဆောက်အဦးများ ပြင်ဆင်တိုးချဲ့ရန် တင်ဒါခေါ်ယူခြင်းများ ပြုလုပ်မည်။

(၉) မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဋ္ဌာန
သွေးတိုးရောဂါကျဆင်းရေး၊သွေးလွန်တုတ်ကွေးရောဂါကာကွယ်နိုမ်နှင့်ခြင်းလုပ်ငန်းများ၊အသိပညာပေးဟော ပြောပွဲများ၊ လက်ကမ်းစာဆောင်များဖြန့်ဝေခြင်း၊ ကျန်းမာရေးဝန်ထမ်းများကို သင်တန်းများပေးခြင်း၊ မွန်ပြည်နယ် ကုသရေးဦးစီးဋ္ဌာန ကုတင် ၅၀၀ ဆေးရုံ မော်လမြိုင် တွင်၊ ဆေးရုံးမှ တစ်ဆင့် ကူးဆက်ရောဂါများ မဖြစ်ပွားရန် ဆောင်ရွက်မည်၊ ဝန်ထမ်းများခေါ်ယူမည်၊ ဆေးရုံတက်ရောက်လာသည့် လူနာများကို မေးမြန်ကာ အခက်အခဲ များဖြေရှင်း နိုင်ရန်ဆောင်ရွက်မည်။

(၁၀) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာန
ရေပေးရေးလုပ်ငန်း စုစုပေါင်း ၄၀ ခန့်လုပ်ဆောင်သွားမည်။ ၁၀ မြို့နယ်ရှိကျေးလက် လမ်းများ ၊ ကွန်ကရစ်တံတားများ ခင်းကျင်းသွားမည်။

(၁၁) အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဋ္ဌာန
ရွှေ့ပြောင်းများကို အိမ်ထောင်စု စာရင်းထုတ်ပေးမည်၊ ကျောင်းသားကျောင်းသူများကို ၁၀ နှစ်ပြည့် မှတ်ပုံတင်များ ကျောင်းများတွင် ကွင်းဆင်းလုပ်ဆောင်ပေးမည်၊ မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ မှတ်ပုံတင်များကို စနစ်တကျလုပ်ဆောင်ပေးမည်။

မြေရှားသတ္တုစစ်ယူသည့် အက်ဆစ်ရေကန်များ
January 17, 2024
ဆမ်နော် — ကမ္ဘာ့မြေရှားတောင်းဆိုမှုအရ တရုတ်ရဲ့ လိုအပ်မှုအတိုင်း ကချင်မြေရှားတွေကတော့ ဆက်လက်...
March 21, 2023
ရခိုင်ပြည်ထဲက ရထားလမ်းစီမံကိန်းမှာ သံလမ်းမရောက်၊ ရထားမရောက်ဘဲ ခါးပြတ်နေသည့်...
April 27, 2022
“ကျနော်တို့ပြည်နယ်တော့ ပြန်ပြီးငြိမ်းချမ်းမယ်လို့ ထင်တယ်လေ။ မငြိမ်းချမ်းနိုင်တော့ဘူးလား။...
March 28, 2022
“ဒီစစ်အာဏာရှင်တွေနဲ့ ဆွေးနွေးပြီးတိုက်နေလို့ ဘယ်တော့မှအမြစ်ပြတ်မှာ မဟုတ်ဘူး။ စစ်ရေးအရ အပြင်...