စစ်တွေတွင် နေအိမ် ဗုံးခွဲခံရမှုနှင့် ပတ်သက်၍ RiA အယ်ဒီတာ ဦးမင်းမင်းနဲ့ အင်တာဗျူး

စစ်တွေတွင် နေအိမ် ဗုံးခွဲခံရမှုနှင့် ပတ်သက်၍ RiA အယ်ဒီတာ ဦးမင်းမင်းနဲ့ အင်တာဗျူး
by -
နိရဥ္စရာ
စစ်တွေရှိ RiA – Root Investigative Agency သတင်းဌာန၏ အယ်ဒီတာချုပ်/ အထွေထွေမန်နေဂျာ ဦးမင်းမင်း (ခ) နေမင်းအောင်၏ နေအိမ် မတ်လ ၁၀ ရက်နေ့ ဗုံး တိုက်ခိုက်ခံခဲ့ရသဖြင့် မတ်လ ၁၄ ရက်နေ့ နေ့လယ်  ၁၂ နာရီက ရန်ကုန်မြို့  မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။ ယခု တစ်ခါ အဆိုပါ ကိစ္စကို ကူညီဖြေရှင်းရန် မြန်မာသတင်းမီဒီယာကောင်စီသို့ ပါ စာရေး အကြောင်းကြား ထားသည်ဟု သိရပါသည်။ သူ့နေအိမ်တွင် ဗုံးခွဲခံရမှုနှင့် ပတ်သက်ပြီး RiA အယ်ဒီတာ  ဦးမင်းမင်းကို  နိရဥ္စရာမှ မေးမြန်း အင်တာဗျူး လုပ်ပြီး စာဖတ်ပရိသတ်များ အကြောင်းစုံ သိရှိအောင် တင်ပြပေးလိုက်ပါသည်။

မေး- ဦးမင်းမင်းတို့လေ၊  ဒီ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်တယ်လို့ကြားရပါတယ်၊ အဓိကအားဖြင့် ဘာတွေကိုဦးတည်ပြီးတော့ သတင်းစာရှင်းလင်းပွဲလုပ်ရတာပါလဲခင်ဗျာ။

 ဖြေ- ကျွန်တော်တို့သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ဒီစစ်တွေမြို့ဟာ စစ်ပွဲဇုန်အတွင်း မှာ ကျရောက်နေတဲ့ဒေ သတစ်ခု မဟုတ်သလို၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရော၊ ပြည်နယ်ဝန်ကြီးတွေပါရုံး ရုံးစိုက်တဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်၊ ဒီလိုမြို့ထဲက နေအိမ်တစ်ခုကို ဗုံးနဲ့ တိုက်ခိုက်တယ် ဆိုတာက တကယ့်ကို တရားဥပဒေ စိုးမိုးမှုကို လုံးဝခြိမ်းခြောက်လိုက်တာလည်းဖြစ်သလို ဒီနေအိမ်ဟာလည်း သတင်းထောက် ကျွန်တော်နေတဲ့ သတင်းမီဒီယာရဲ့နေအိမ်ဖြစ်တာကြောင့် ဒါသတင်း မီဒီယာတစ်ခုလုံးကို ခြိမ်းခြောက် လိုက်တာလည်းဖြစ်ပါတယ်၊ ဒီကိစ္စနဲ့ပါတ်သက်ပြီး ကျွန်တော်တို့ တစ်စုံတစ်ရာ အဖြေရှာနိုင် ဖို့အတွက် ဒီသတင်းစာရှင်းလင်း ပွဲတစ်ခုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 မေး- ဒီနေရာမှာလေ ကိုမင်းမင်းတို့ကနေပြီးတော့ အိမ်ကိုအဲဒီလို ဗုံးနဲ့ တိုက်ခိုက်တယ်ဆိုတော့ အဲဒီနောက်ကွယ်က အကြောင်းအရာတွေ က ဘာတွေရှိနိုင်တယ်လို့ ကိုမင်းမင်းတို့ခန်းမှန့်ထားပါလဲ။

ဖြေ- ဒါကတော့ အတိအကျ စွပ်စွဲလို့တော့မရဘူးပေါ့၊ ဘယ်အကြောင်းအရာတွေက တိုက်ခိုက်တယ်ဆိုတာ၊ ဒါပေမယ့် ဒီတိုက်ခိုက်မှု မတိုင်ခင်ရက်ပေါင်း ၂၀ လောက်အလိုကတည်းက facebook တို့ viber တို့မှာ ကျွန်တော်တို့ အခုပေါက်ကွဲမှှုဖြစ်ပွားခဲ့တ ဲ့နေအိမ်ရဲ့ Location ကို အတိအကျပြပြီးတော့ ဒီနေအိမ်မှာနေ တဲ့သူတွေဟာ အမျိုးသားသစ္စာဖောက်တွေဖြစ်တယ်၊ OIC ကငွေတွေထောက်ပံ့မှုယူထားတယ်အဲလိုမျိုး စတဲ့အချက်အလက်တွေ ထုတ်လုပ်ခဲ့ကြတယ်ပေါ့၊ ဒီလိုမျိုးထုတ်လုပ်မှုတွေကြောင့် အခုလိုတိုက်ခိုက်မှု မျိုးဖြစ်လာတာလို့ ကျွန်တော်တို့ယူဆပါတယ်။

 မေး- ဟုတ်ကဲ့၊ အဲဒီီလို ဗုံးနဲ့ တိုက်ခိုက်ခံရအောင်ထိ ကိုမင်းမင်းတို့ဖက်ကကော ဘာတွေ လုပ်ခဲ့တာတွေ ရှိပါသလဲ၊ ဘာတွေ ရေးသားခဲ့တာ တွေရှိပါသလဲ။

ဖြေ- ဟုတ်ကဲ့၊ ကျွန်တော်တို့ဖက်ကရေးသားခဲ့တဲ့သတင်းတွေထဲမှာ အထူးသဖြင့် ဒီရခိုင့်တပ်မတော် AA ရဲ့  စစ်ဦးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ရခိုင့်မူးယစ်လမ်းကြောင်းကို ဦးဆောင် စီမံခန့်ခွဲမှုပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းရယ်၊ အခြားတစ်ဖက်မှာ ဒီဇင်ဘာနှောင်းပိုင်းမှာဖြစ်ပွားခဲ့တဲ့ AA နဲ့ အစိုးရစစ်တပ်ကြား တိုက်ပွဲကာလ အတွင်းမှာ AA ဖက်ကလည်း ပေါ်တာတွေဆွဲခဲ့တာရှိသလို မြန်မာ့တပ်မတော်ဖက်ကဆွဲ ခဲ့တာတွေလည်း ရှိတယ်လို့ ရေးသားခဲ့ပါတယ်၊ နောက်ပြီး ရခိုင့်ပါတီနဲ့ပတ်သက်ရင် ရခိုင်ပါတီခေါင်း ဆောင်တွေကြား သဘောထားကွဲလွဲမှု အရမ်းမြင့်မားနေပြီ ဆိုတဲ့သတင်းတွေကို ကျွန်တော်တို့ထုတ်လုပ် ခဲ့ပါတယ်၊ အဲဒီ သတင်းတွေ ထုတ်လုပ်ပြီးတဲ့နောက်မှာ အခုပြင်းပြင်းထန်ထန် facebook ပေါ်မှာလှုံ့ ဆော်မှုတွေ ပျံ့နှံ့ လာတာဖြစ်ပါတယ်။

 မေး- အခုဒီကိုမင်းမင်း ပြောတဲ့အထဲ AA ကစစ်ဦးချုပ်ကနေပြီးတော့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်တယ်ဆို တာက ကိုမင်းမင်းတို့က ဘယ်လိုအထောက်အထားတွေနဲ့ ရေးရတာပါလဲခင်ဗျာ။

ဖြေ- ကျွန်တော်ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ အချက်အလက်တွေ ကိုကိုးကားပါတယ်၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရဲမှူး ဦးနေမျိုးကိုယ်တိုင်က အဲဒီနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးတော့ ပြောခဲ့တာရှိတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က AA ဖက်ကို ပြန်ပြီးတော့ အဖြေ တစ်စုံတစ်ရာရဖို့ ပေါင်းဆက်သွယ်ခဲ့ပေမယ့်လည်း သူတို့ဖက်က ဖြေကြားနိုင်တဲ့သူမရှိဘူးလို့ ပြန်လည် တုန့်ပြန် ခဲ့ပါတယ်၊ ဒါပေမယ့် AA ဖက်ထုတ်ပြန်ခဲ့တဲ့ ဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်နေတယ်ဆို တဲ့ဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုထားတာကိုတော့ အဲဒီသတင်းမှာထည့်ရေးခဲ့ပါတယ်။

 မေး- ဟုတ်ကဲ့၊ အဲဒီတော့ ကိုမင်းမင်းခင်ဗျာ၊ အခုဒီအိမ်ကိုဗုံးနဲ့တိုက်တယ်ဆိုတော့ အဲဒီမှာ ဗုံးအားက ဘယ် လောက်ပြင်းတယ်၊ ထိခိုက်မှုတွေရှိလား၊ ပြီးတော့အိမ်တွေအပျက်အစီးတွေရှိပါသလား၊ အခြေအနေက ဘယ်လိုမျိုးပါလဲ အဲဒီဗုံးပေါက်ကွဲမှုက ဘယ်လောက်ထိအခြေအနေ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပါသလဲခင်ဗျ။

ဖြေ- ဒီဗုံး တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတာက ဒါအသံဗုံးပဲ ခြိမ်းခြောက်ရုံအတွက်သက် သက်ပဲလို့ပြောပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ လေ့လာတွေ့ရှိချက်အရ ကျွန်တော်တို့ရဲ့ဓါတ်ပုံအထောက်အထားရယ်၊ တကယ်ဖြစ်နေတဲ့ ပတ်ဝန်းကျင် အနေအထားတွေကို ကြည့်လိုက်တဲ့အခါ နေအိမ်အုတ်နံရံတွေရဲ့ အနက်သုံးလက်မလောက်ထိကို ပေါက်သွားတယ်၊ အခြား တစ်ဖက်မှာနှစ်ရှည်သစ်ခွတွေဖြစ်တဲ့ အပင်တွေလည်းအရမ်းကြီးပေါက်သွားတယ်၊ အိမ့်ရဲ့အုတ်နံရံ ပတ်ပတ်လည်မှာ အကုန်လုံး အပေါက်တွေချည်းပဲဖြစ်သွားတယ်၊ ဆိုတော့ခါ ဒီပေါက်ကွဲမှုလုံးဝ လူတွေရဲ့  အသက်ကို ဦးတည်တိုက်ခိုက်တဲ့ဗုံးပဲ၊ အဆောက်အဦးတွေကိုဖြိုခွဲတ ဲ့ဗုံးမဟုတ်ဘူးလို့ကျွန်တော်တို့ ယူဆပါတယ်။

 မေး- အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရဲမှာတရားစွဲဆိုတာတို့ ၊ ဒီသက်ဆိုင်ရာကိုတိုင်ကြားတာတွေ၊ အမှုဖွင့် ထားတာတွေကော ရှိပါသလား။

ဖြေ- ကျွန်တော်တို့အနေနဲ့ တိုင်ချက်ဖွင့်တာတော့မရှိပါဘူး၊ အဲဒီဖြစ်တဲ့နေ့ကတည်းကနေ ဟိုဟာ စစ်တွေမြို့ မရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပါတယ်ခင်ဗျ။

 မေး- ကိုမင်းမင်းတို့ကိုကော ခေါ်ယူစစ်ဆေးတာတွေရှိပါသလား၊ ရဲစခန်းက ဒီအမှုနဲ့ပတ်သက်ပြီးတော့။

ဖြေ- ဒီအမှုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ကို ခေါ်ယူမေးမြန်းစစ်ဆေးခဲ့တာတွေရှိပါတယ်ခင်ဗျ၊

 မေး- ဟုတ်ကဲ့ အဲဒီတော့ကိုမင်းမင်းတို့အနေနဲ့ ဒီပြဿနာတွေနဲ့ပတ်သက်ပြီးတော့ ကျော်လွှားနုုိင်အောင် ဘယ်လိုဖြေရှင်း ဘယ်လိုဖြေရှင်းရင်ကောင်း၊ ဘယ်လိုလုပ်ရင်ကောင်းမယ်လို့ ကိုမင်းမင်းတို့ကယူဆ ထားပါလဲခင်ဗျ။

ဖြေ- ဒီပြဿနာက အခုကျွန်တော်တို့ ဒီ RiA ရဲ့နာမည်ဂုဏ်သတင်းကလည်း အရမ်းကို တော်တော်လေး ကျဆင်း ခဲ့ရတယ်ပေါ့နော်၊ ဒီကောလဟာလတွေကြောင့် ဒါ ့အပြင် အခုလိုမျိုး တိုက်ခိုက်မှုဖြစ်စဉ်ဟာလည်း ဘယ်သူ့ကြောင်းလဲ၊ ဘယ်သူတွေက စီမံခန့်ခွဲခဲ့သလဲ၊ ဘယ်သူတွေက အမိန့်ပေးလဲ၊ ဘယ်သူ တွေက ပါ၀င်ပတ်သက်နေသလဲဆိုတာ ဒါကလူထုတစ်ခုလုံးက သိဖို့လိုအပ်သလို သတင်းမီဒီယာတစ်ခု လုံးကလည်း သိဖို့လိုအပ်ပါတယ်၊ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ ပြည်နယ်အဆင့်ပဲဖြစ်ဖြစ် စုံစမ်းစစ် ဆေးရေး ကော်မရှင် တစ်ခုကို ခေါ်ယူပြီးမှ ဒီကိစ္စကိုအမြန်ဆုံး အမှန်တရားပေါ်ပေါက်အောင် ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်။

မေး- ဟုတ်ကဲ့၊  အခုကနေပြီးတော့ တစ်ဖက်ကအမျိုးသားသစ္စာဖောက်တွေ၊ ဘာတွေ အဲလိုစွပ်စွဲလာတဲ့အထိ ဖြစ်လာတော့ အဲဒီရေးတဲ့သတင်းတွေက ကိုမင်းမင်းတို့ဖက်က လိပ်ပြာလုံပါသလား ၊ သန့်သန့်ှ ရှင်းရှင်း မျှမျှတတ ဖြစ်ပါသလား။  ဘာလို့လဲဆိုတော့ တစ်ဖက်စွပ်စွဲတယ်၊ OIC ကငွေယူတယ်၊ ဘာညာဆိုပြီးတော့ စွပ်စွဲချက် တွေပေါ်ပေါက်လာတော့ ဒီသတင်းတွေရေးသားမှုအပေါ်မှာကော တစ်စုံတစ်ရာ Balance မဖြစ် မမျှတ ရှိခဲ့တယ်လို့မြင်ပါသလား၊ ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ- ကျွန်တော်တို့ရေးသားထုတ်လုပ်ခဲ့တဲ့သတင်းတစ်ခုစီတိုင်းမှာ ကျွန်တော်တို့ဆန္ဒစွဲကင်းကင်း၊ ဘက် လိုက်မှုကင်းကင်းနဲ့ ကျွန်တော်တို့ရေးသားထုတ်လုပ်ခဲ့ပါတယ်၊ အဲဒါကြောင့် ကျွန်တော်တို့ သတင်းရေး သားထုတ်လုပ်မှုတိုင်းကို ဒီမြန်မာနိုင်ငံစာနယ် ဇင်းကောင်စီမှာ ပြဌာန်းထားတဲ့ ကျင့်ဝတ်ဥပဒေတွေနဲ့ ပြန်ပြီးတော့ တိုက်ကြည့်ရင်လည်း ကျွန်တော်တို့လိပ်ပြာသန့်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ပြောပြ နိုင်ပါတယ်။

မေး – ဟုတ်ကဲ့ နောက်ထပ်ဖြည့်စွက်ပြီးတော့ ပြောစရာများရှိပါသလားခင်ဗျာ။

ဖြေ  –  အခုစစ်တွေမြို့မှာဖြစ်ပွားခဲ့တဲ့ ဗုံး တိုက်ခိုက်မှုဟာ တကယ့်ကို ရခိုင်ပြည်နယ်တည်ငြိမ်ရေးအပြင် သတင်းမီဒီယာတစ်ခုလုံးကိုပါ ခြိမ်းခြောက်လိုက်တယ်ဆိုတာ တကယ့်ကိုပေါ်လွင်လှပါတယ်၊ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အ ားလုံးက အမှန်တရားတစ်ခုပေါ်ပေါက်ဖို့ ကြိုးစားဝိုင်းဝန်ကူညီပေး ကြပါလို့ သတင်းမီဒီယာတွေကိုရော၊ ဒီသက်ဆိုင်ရာတွေကိုရောကျွန်တော်တို့ မေတ္တာရပ်ခံချင်ပါတယ်။

ကျေးဇူးတင်ပါတယ် ကိုမင်းမင်းခင်ဗျာ …………………………………………………..

Most read this week

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...