အသက် (၈၅)နှစ်အရွယ်ရှိပြီဖြစ်သော ချင်းအမျိူးသမီးဒေါ်တင်သည် ကလေးမြို့နယ် ကြို့သုံးပင်ရပ်ကွက် မဲရုံ(၁) တွင် မဲထည့်ရန်အတွက် အချိန်တစ်နာရီကျော်ကြာတန်းစီစောင့်ပြီးမှသာ မဲပေးခဲ့ရသည်ဟု အဘွားအိုကို မဲရုံအထိ လက်တွဲ ခေါ်လာသူ အမျိုးသမီးတဦးကပြောသည်။
“ကြိုတင်မဲပေးတဲ့အချိန်မှာ မပေးလိုက်တော့၊ အဘွားကလည်း မဲထည့်ချင်တယ်လို့ပြောတော့ အခုလို လူကိုယ်တိုင် ခေါ်လာတာ မဲထည့်ဖို့ကို အချိန်တစ်နာရီကျော်ကြာ ရပ်စောင့်ရတယ် နေကလည်း ပူနေတော့ အဘွားက မဲရုံကနေပြန်ထွက်လာတော့ မောတယ်ဆိုပြီး အနားယူခိုင်းရတယ်၊ အိမ်အထိ ဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းရတယ်’’ ဟု သူမကပြော သည်။
အသက် (၇၉) နှစ်အရွယ်ရှိ ချင်းအမျိူးသား ဦး Ngul Kam သည်လည်း အသည်းကြားက မဲတစ်ပြား ထည့်ရန်အတွက် အချိန်အတော်ကြာ တန်းစီရပ်စောင့်ခဲ့ရသည်ဟု သိရသည်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး တာဟန်းရပ်ကွက် မဲရုံစောင့် တာဝန်ခံကော်မရှင်တဦးကိုမေးကြည့်ရာ ကျွန်တော်တို့ အိမ်တိုင်ရာရောက် ကြိုတင်မဲ ကောက်ယူခဲ့ကြောင်း ဒါပေမယ့် တစ်ချို့သောအင်အားကြီးပါတီများရဲ့ ဝေဖန်ပြောဆို မှုကြောင့် အကုန်းလုံးကြိုတင်မဲမကောက် နိုင်တော့ အခုလို ခက်ခက်ခဲခဲ မဲလာပေးတဲ့သူတွေ ရှိရခြင်းဖြစ်တယ်။ သို့သော်လည်း မဲရုံအတွင်းတာဝန်ရှိတဲ့သူတွေနဲ့ ညှိနှိုင်းရင် သက်ကြီးရွယ်အိုတွေ၊ နေမကောင်းတဲ့ သူတွေကို အရင် မဲပေးခိုင်းကြောင်း ပြောပါတယ်။