ချင်းတိုင်းရင်းသားလူမျိူးစုလွှတ်တော်အတွက် မဲထည့်ခွင့်မရှိသူ ချင်းလူမျိူးအများအပြားရှိနေ

ချင်းတိုင်းရင်းသားလူမျိူးစုလွှတ်တော်အတွက် မဲထည့်ခွင့်မရှိသူ ချင်းလူမျိူးအများအပြားရှိနေ
မိုးကျော် — စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၌ချင်းတိုင်းရင်းသားလူမျိူးစုလွှတ်တော်အတွက် မဲပေးခွင့်မရှိသူ ချင်းလူမျိုးမဲဆန္ဒရှင်အများအပြားရှိနေသည်ဟုသတင်းရရှိသည်။

ကလေးမြို့တွင်နေထိုင်ကြသော ချင်းတိုင်းရင်းသားများအနေဖြင့် ယနေ့ပြုလုပ်သော ရွေးကောက်ပွဲ၌ ပြည်သူ့ လွှတ်တော်၊ အမျိူးသားလွှတ်တော် နှင့် တိုင်းဒေသကြီးလွှတ်တော်အပြင် ချင်းတိုင်းရင်းသားလူမျိုးစုလွှတ်တော်အတွက် စုစုပေါင်း မဲ(၄)ခါ ထည့်ရမည်ဖြစ်သော်လည်း လူမျိူးစုလွှတ်တော်အတွက် မဲပေးခွင့်မရှိသူ ချင်းမဲဆန္ဒရှင်များရှိနေသည် ဟုလေ့လာသိရှိရသည်။

ရွေးကောက်ပွဲကို အနီးကပ်လေ့လာစောင့်ကြည့်သော Hornbill Organization မှကလေးမြို့ တာဝန်ခံ ကိုမုန်နိုးကလည်း ယခုကဲ့သို့ ချင်းလူမျိုးဖြစ်သော်လည်း ချင်းရေးရာလူမျိူးစုလွှတ်တော် အတွက်  မဲပေးခွင့်မရှိသော ချင်းမဲဆန္ဒရှင်များ အတော်များများရှိနေသည်ကို လေ့လာတွေ့ရှိရ သည်ဟုပြောသည်။

“ ကျွန်တော်တို့စောင့်ကြည့်တဲ့နေရာမှာ ချင်းတော့ချင်းပဲ ဒါပေမယ့် နာမည်ကဗမာနာမည် ဖြစ်ပါတယ်။ ဗမာနာမည်ဖြစ်နေတဲ့ အခါကျတော့ ကော်မရှင်က အလွယ်တကူနဲ့ ဗမာ နာမည်ဖြစ်လို့ဆိုပြီးတော့ ချင်းလို့မသတ်မှတ်ဘဲနဲ့ အဲလိုမျိူးလုပ်လို့ မဲထည့်ခွင့်မရှိတဲ့လူတွေ တော်တော်များများတွေ့ရတယ်၊ နောက်တစ်ချိူ့ကတော့ ချင်းနာမည်ပါပဲ ဒါပေမယ့် ချင်းရေးရာမှာ နာမည်စာရင်းမပါလာတာ အဲလိုမျိူးတော့တွေ့ရတယ် နှစ်မျိူးပေါ့နော်၊ အဲဒီကိစ္စကို တော်တော်များများတွေ့ရတယ် နေရာတကာမှာပဲ’’ ဟု ကိုမုန်နိုးကပြောသည်။

ကလေးမြို့တောင်ဖီလာရပ်ကွက် အထက (၂) ကျောင်းဝင်းအတွင်း ထားရှိသည့် မဲရုံ၌ မဲပေးခဲ့ရသော ချင်းအမျိူးသား ဦးဝုန်ခိုပေါင်ကချင်းတိုင်းရင်းသားလူမျိူးစုလွှတ်တော်အတွက် မဲထည့်ခွင့်မရှိခဲ့ဘူးဟုပြောသည်။

“ ဒီနေ့ကျွန်တော် မဲ (၃) မဲဘဲထည့်တယ် ချင်းရေးရာလူမျိူးစုလွှတ်တော်အတွက် မထည့်လိုက်ရဘူး ကျွန်တော် နာမည်ပါမလာဘူး၊ စိတ်တော့မကောင်းဘူးဗျာ’’ ဟုပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီးတောင်ဖီလာရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးဂိုခန့်ထန်ကိုမေး ကြည့်ရာတွင်“ မဲစာရင်း မှာ မပါလို့ မဲစာရင်းမှာပါတယ်ဆိုရင်တော့ ထည့်လို့ရတယ် သက်သေခံကဒ်ပြားမရှိတာတောင်မှနော်၊ ချင်းတိုင်းရင်းသားလူမျိူးလွှတ်တော်အတွက် မဲပေးနိုင်မယ့် စာရင်းကို ပြန်ခွဲတဲ့အချိန်မှာ ချင်းတွေတော်တော်ပြုတ်သွားတယ်၊ ချင်းတွေက ဗမာ ဖြစ်သွားလိုက်တဲ့သဘောပေါ့၊ ဗမာတွေလည်း ချင်းမဲစာရင်းမှာပါလာတာလည်းရှိပါတယ်၊ကျွန်တော်တို့လည်းမတတ်နိုင်တော့ဘူး’’ ဟု ပြောသည်။

ယခုကဲ့သို့မဲစာရင်းအမှားအယွင်းများရှိနေခြင်းသည် မြို့နယ်ကော်မရှင်ဘက်မှကွန်ပျူတာ နှင့် မဲစာရင်းများ စာစီပြီး ခွဲသည့်အချိန် တွင် အမှားအယွင်းများ ရှိနေ လာခြင်းဖြစ်နိုင်ကြောင်း၊ ချင်းလူမျိူးဖြစ်သော်လည်း ချင်းရေးရာလူမျိုးစုလွှတ်တော်အတွက် မဲထည့်ခွင့်မရှိသော ချင်းမဲဆန္ဒရှင်များ မဲရုံ တစ်ရုံလျင် ၅ ဦးနှုန်းခန့်ရှိနိုင်ကြောင်း ဦးဂိုခန့်ထန်ကပြောသည်။

“ ကျွန်တော်တို့လိုက်ကြည့်တဲ့အခါကျမှာ ချင်းတွေကတော့ တော်တော်လေး မပါတာ လေးငါးယောက်ရှိမှာပဲ မဲရုံတစ်ရုံမှာ’’ ဟု သူကပြောသည်။

ကလေးမြို့နယ်တွင် မဲရုံစုစုပေါင်း ၁၇၆ ရုံးရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ချင်းလူမျိူး ၈သောင်းကျော် ခန့်ရှိသည်ဟုသိရသည်။

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...