ချင်းပြည်နယ်ရှိ မဲရုံတိိုင်း၌ အထူးရဲတပ်သား တစ်ထောင်ကျော်ဖြင့် လုုံခြံုရေး ဆောင်ရွက်သွားမည်

ချင်းပြည်နယ်ရှိ မဲရုံတိိုင်း၌ အထူးရဲတပ်သား တစ်ထောင်ကျော်ဖြင့် လုုံခြံုရေး ဆောင်ရွက်သွားမည်
by -
ဆလိုင်းကျော်မိုးထွန်း
ဆလိုင်းကျော်မိုးထွန်း — ချင်းပြည်နယ်အတွင်း၂၀၁၅ရွေးကောက်ပွဲ၌ လွှတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာစေရန် အတွက် မဲရုံပေါင်း (၁၀၃၁)ရုံအတွက် အထူးရဲတပ်သားသစ် (၁၀၃၁)ဦးကို တာဝန်ပေးအပ်ပြီး ရဲတပ်သား များနည်းတူ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပေးအပ်သွားမည်ဟု မတူပီမြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

“လာမည့်ရွေးကောက်ပွဲကို လုံခြုံရေးဆောင်ရွက်ရန် အတွက်အင်အားမလုံလောက် တာကြောင့် မြို့နယ်အုပ် ချုပ်ရေးအဖွဲ့တွေ၊ရပ်/ကျေးအဖွဲ့များတွေ့နဲ့ ကိုယ့်ဒေသရှိမှာ ရှိတဲ့မဲရုံများတွေမှာ ဒေသတွင်း လူတွေပြန်လည်တာဝန်ထမ်းဆောင်နိုင်အောင်စီစဉ်ရပါတယ်။ ဒီလိုမျိုး ရွေးခြယ် နိုင်အောင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲအက်ဥပဒေဖြစ်တဲ့(၂၇၊၂၈၊၂၉၊၃၀)မှာပါတဲ့နည်းလမ်းတွေနဲ့ ကျွန်တော်တို့က အဆင့်ဆင့်စီစစ်ပြီးတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တင်ရပါတယ် ပြီးတော့မှ အထူးရဲတပ်သား အဖြစ်ရွေး ခြယ်ပါတယ်”ဟုမတူပီမြို့နယ် ရဲတပ်ဖွဲ့မှုးရဲမှူးကြီး ဌေးဝင်းမှ ပြောသည်။

အထူူးရဲတပ်သားသစ် သင်တန်းကို ချင်းပြည်နယ်မြို့နယ် အသီးသီး၌ ရှိသောမြို့နယ်များတွင် အောက်တိုဘာလ(၂၀)ရက်မှစတင်ပြီး (၃၁) ရက် အထိ မြို့နယ်ရဲတပ်ဖွဲ့များမှအနီး ကပ်သင်တန်း ပေးပြီး၎င်းတို့ကို ယခုလ (၁၅) ရက်မှစတင်ပြီးအထူးရဲတပ်သား အဖြစ်အသိမှတ်ပြုပြီး မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲတပ်သားတစ်ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင်(၄)ဦး၊ ကော်မရှင်ဝန်ထမ်း (၁၁)ဦးတို့ ပူးပေါင်းတာဝန်ယူမည် ဖြစ်သည်။

ရဲမှူးကြီးက ရွေးကောက်ပွဲကာလတွင် လိုအပ်ချက်များကိုလည်း ဆက်လက်ပြောကြားရာမှာ “ဒီမှာက ဖုန်းကဆက်သွယ်ရတာ တော်တေ်ာလေး ခက်ခဲပါတယ်။ ဒီတော့ ဖုန်းဆက်သွယ်လို့မရ နိ်င်မဲ့နေရာတွေမှာ စက်တွေကို အဓိကထားဖို့ လုံခြုံရေးကိစ္စတွွေ၊ ဆက်သွယ်ရေး ကွန်ယက်တွေ၊ ရွေးကောက်ပွဲကာလမှာ တစ်နေရာကနေ တစ်နေရာသွားလာနိုင်တဲ့ အနေအထားတွေ ဒါတွေ ကိုချိန်ဆပြီး၊ မြေပုံကားချပ်တွေ ပေါ်မှာတင်ရပါတယ်။ ဆက်သွယ် နိုင်မဲ့နေရာတွေဆိုင်ကယ်၊ ကားသွားလာနိုင်မဲ့ နေရာတွေ ဒါလေးတွေကိုတော့ အခုလ (၅) လပိုင်းကနေ စတင်ပြီးပြင် ဆင် လုပ်ကိုင် နေပါတယ်”ဟုဆိုသည်။

နိုဝင်ဘာ(၈)ရက်၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်တွင်းမဲရုံပေါင်း (၁၀၃၁) ရုံတွင် တာဝန်ထမ်းဆောင်ရန်  အထူးရဲ ၁၀၃၁ ဦးကိုသင်တန်း ပေးပြီး ၎င်း တို့နှင့် အတူတူမဲရုံများတွင် ပြည်သူ့ရဲတပ်ဖွဲ့၊ အရံမီးသတ်တပ်ဖွဲ့နှင့် အတူရပ်ကျေးအဖွဲ့မှ အတူတကွပူးတွဲ တာဝန် ထမ်းဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...