မေး။ ။ ဆရာက ဘယ်လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာလဲ။
ဖြေ။ ။ အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ် (၉) ဘောလခဲ မြိုနယ်မှာဝင်ပြီးယှဉ်ပြိုင်မှာပါ။
မေး။ ။ ဘောလခဲဘက်မှာ ဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါအုံး။
ဖြေ။ ။ ရည်ရွယ်ချက်က ကျွန်တော်တို့က တိုင်းရင်းသားပါတီဖြစ်တဲ့အပြင်ကို ပြည်နယ်အခြေစိုက်ပါတီ ဖြစ်ပြီးတော့ ပြည်ထော်စုဝန်ကြီး လာယှဉ်ပြိုင်တာကို ကျွန်တော်တို့ပါတီဘက်ကနေ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ မယှဉ်ပြိုင်ဘူးဆိုရင် ကျွန်တော်တို့ပါတီဘက်က ဂုဏ်သိက္ခာလည်းရှိတယ်ကော။
မေး။ ။ ဆရာအခု စည်းရုံးရေး တော်တော်များများ ဆင်းပြီသွားပြီလား။
ဖြေ။ ။ ဆင်းပြီးသွားပြီ သိပ်မကျန်တော့ဘူး ။
မေး။ ။ ဆရာက ပြည်ထောင်စုဝန်ကြီးတွေနဲ့ ယှဉ်ပြိုင်ရမယ့်အပေါ်မှာကော ဘယ်လိုမျိုး စိန်ခေါ်မှုတွေ တွေ့ရလဲ။
ဖြေ။ ။ စိန်ခေါ်မှုကတော့ သူတို့ကတော့ ကိုယ့်ရှေ့မှာတင် ကျေးရွာလူထုတွေကို လက်ရှိ ပြည်ထောင်စုဝန်ကြီး ဆိုတဲ့နာမည်သုံးပြီးတော့ လက်ဆောင်ပေးတာတွေ ရှိတယ် သူတို့က ငွေကြေးလည်း အများကြီး သုံးနိုင်တယ်လေ။
ကျွန်တော်တို့ကတော့ ရှိတဲ့လူနဲ့ပဲ သူတို့ရဲ့စိတ်ဓာတ်ကို လိုက်စီးရုံးရတာပေါ့။ သူတို့ကတော့ ရုပ်ပိုင်းဆိုင်ရာပြပြီး လိုက်စည်းရုံးနိုင်တာပေါ့။
မေး။ ။ ဆရာ့အနေနဲ ဘယ်လိုမျိုး အခက်အခဲ အများဆုံး တွေ့ရလဲ။
ဖြေ။ ။ အခက်ခဲအများဆုံးကတော့ဗျာ …ပြည်ထောင်စုဝန်ကြီးဆိုတော့ သူ့နောက်မှာပါလာတဲ့ သူတွေကလည်း ကျွန်တော်သိတာကတော့ သူ့တဘက်တွေ သူ့နောက်လိုက်ကူတာတွေရှိတယ် လက်ရှိ သူအကူအညီရထားတဲ့သူတွေကလည်း တစ်ဘက်ကနေ သူ့အတွက်စည်းရုံးပေးနေတာတွေရှိတယ်ပေါ့။
မေး။ ။ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ယှဉ်ပြိုင်ရတဲ့ အပေါ်မှာကော ကိုယ့်ကိုကို ယုံကြည်မှုရှိရဲ့လား။
ဖြေ။ ။ အား…ရှိတာပေါ့ဗျာ။ ရှိတာပေါ့ ကျွန်တော်တစ်ချိန်တုန်းက ကားမောင်းခဲ့တုန်းက ဆွဲခဲ့တဲ့ သူငယ်ချင်းတွေရယ် နောက်ပြီး ကိုယ့်တိုင်းရင်းသားတွေရဲ့စိတ်ဓာတ်ကို ကိုယ်သိတယ် ဒီချိန်မှာတော့ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ပါ။ ကျွန်တော့်အေနေနဲကေတော့ နိုင်ရင်လည်းနိုင်တာပဲ ကျွန်တော် ရှုံးရင်လည်းနိုင်တာပဲ ကျွန်တော် အတွေ့အကြုံရတာက ကျွန်တော့်အတွက် အမြတ်ပါ ကျွန်တော်ရုှံးတယ်လို့ မသတ်မှတ်ပါဘူး ။
မေး။ ။ အဲဒီဒေသဘက်မှာ ရှိတဲ့သူတွေကရော ဘာအခက်အခဲတွေ အများဆုံးတွေ့ရလဲ။
ဖြေ။ ။ သူတို့အတွက် အခက်ခဲဆုံးကတော့ လမ်းပမ်းဆက်သွယ်ရေးပေါ့ သူတို့လမ်းလည်းခင်းပြီးရော တစ်လအတွင်း စည်းရုံးရေးဆင်းကြတာလေ အဲဒီတော့ လမ်းတွေကပြီးတာတစ်လပဲ ရှိသေးတယ် ပြန်ပျက်ကုန်ပြီ တချို့နေရာတွေက စနစ်မကျတာတွေလည်း ပါတာပေါ့။
မေး။ ။ တကယ်လို့ ဆရာအောင်နိုင်ခဲရင်ကော အဲဒီမဲဆန္ဒနယ်ဘက်မှာ ရှိတဲ့ပြည်သူတွေကို ဘာလုပ်ပေးဖို့ စဉ်းစားထားလဲ။
ဖြေ။ ။ အဲဒါကပြောလို့မရသေးဘူးလေ ပြောလို့မရသေးဘူးဆိုတာက နိုင်မယ် မနိုင်ဘူးဆိုတာ မသေချာသေးဘူးခဗျ။ ကိုယ် ကိုယ်တိုင်ကလည်း ကယားပြည်နယ်မှာ မွေးတဲ့သူတစ်ယောက်ပဲ ကိုယ့်ပြည်နယ်ရဲ့ အကျိုးကိုတော့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့ ဒါပဲပြောနိုင်ပါတယ် ဘာလုပ်ပေးမယ်လို့တော့ မပြောနိုင်သေးဘူး။
မေး။ ။ တကယ်လို့ဆရာလွတ်တော်ထဲကို ရောက်နိုင်ခဲမယ်ဆိုကော ပြည်သူတွေအတွက် ပထမဆုံး ဘာအဆို တင်သွင်းပေးဖို့ စဉ်းစားထားလဲ။
ဖြေ။ ။ ပထမဆုံးလို့ပြောလို့တော့မရဘူး တော်တော်များများကို တစ်ပြိုင်တည်းလုပ်ရမှာ ပညာရေးနှိပ်ကျတယ် ၊ ဆရာ/မ လိုလောက်မှု မရှိဘူး၊ ကျန်းမာေရေးကိစ္စတွေရှိတယ် လမ်းမကောင်းဘူး ဆိုတော့ တစ်ခုပဲရွေးလုပ်လို့မဖြစ်ဘူးလေး တစ်ပြိုင်နက်တည်းလုပ်ရမှာပါ။ ရောက်ခဲရင်ပြောတာပါ မရောက်ရင်တော့ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်မရှိပါဘူး။
မေး။ ။ တစ်ခြားဖြည့်စွက် ပြောချင်တာရှိလား။
ဖြေ။ ။ ခုဏက ကျွန်တော်ပြောသလိုပေါ့ ကျွန်တော်နိုင်ရင်လည်း နိုင်တာပဲရ ရှုံးရင်လည်းနိုင်တာပဲ ဘာဖြစ်လည်း ဆိုတော့ ကျွန်တော်အတွေ့အကြုံရသွားမယ် ကိုယ့်ရဲ့လက်ရှိအချိန်နေရာကို အသုံးပြု ပြီးတော့လူတွေဟာ ဘယ်လိုစိတ်တွေနဲ့ ဘယ်လိုသွားနေကြလည်းပေါ့ လူတွေရဲ့အကြောင်းကိုလည်း နဲနဲပိုသိလာမှာပေါ့နော။
အခုက ကိုယ့်အတွက် ထိုက်တန်တဲ့နေရာတစ်နေရာကို ကိုယ်ရောက်နေတာကိုု ကိုယ့်ရဲနိုင်ငံက ကိုယ့်ရဲ့ပြည်သူလူထု အပေါ်စေတနာထားပြီး ဘာကြောင့်မလုပ်ကြရတာလဲဆိုတဲ့ အဖြေတစ်ခုတော့ ရလာမယ်ပေါ့။
ကုုိယ်ရေးအကျဉ်း
အမည် -ဦးညွန့်ရွှေ
အသက် -၅၇ နှစ်
အလုပ်အကိုင် - အငြိမ်းစား
ပညာအရည်အချင် - B.A ( Psychology)
ကယားလူမျိုးစုဒီမိုကရေစီပါတီ