ဘယ်သူအစုုိးရဖြစ်ဖြစ် တရားဥပဒေ စုုိးမုုိးရေးနဲ့ အုုပ်ချူပ်ရေးတည်တံ့ ငြိမ်းချမ်းဖုုိ့ အဓိကလုုိအပ်

ဘယ်သူအစုုိးရဖြစ်ဖြစ် တရားဥပဒေ စုုိးမုုိးရေးနဲ့ အုုပ်ချူပ်ရေးတည်တံ့ ငြိမ်းချမ်းဖုုိ့ အဓိကလုုိအပ်
သုတလင်း — “ဒေသမှာ သူ့အဖွဲ့နဲ့သူစည်းရုံးပြီးသားဖြစ်လို့လူပိုမရှိပါဘူး။ အဲ့ဒီအချိန်တခြားသောပါတီတွေဟာ လာရောက်စည်းရုံးမဲဆွယ်တယ်ဆိုတာ ဒေသက စည်းရုံးပြီးသားကို ဖြိုခွဲဖို့ဆိုတာ မျိုးဖြစ်စေတယ် လို့ထင်ပါတယ်။ အဲ့ဒီတော့ တစ်ခြားပါတီအဖွဲ့တွေက တည်ငြိမ်နေတာကို ဖြိုခွဲတာမို့လို့ ကျွန်တော်တို့အနေနဲ့ မကြိုဆိုနိုင်ဘူးပေါ့ဗျာ။ တိုင်းရင်းသားပါတီလေးတွေ ဆိုတာကလည်း ကိုယ့်ဟာကိုအနေအထားနဲ့ ဒေသကို ဖွံ့ဖြိုးအောင်ဆောင်ရွက်ဖို့ဆိုတာခက်ခဲပါတယ်” ဟု ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅) မှပြန်လည်ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်း ဦးဇခုန်တိန့်ယိန်း ကို BNI ရွေးကောက်ပွဲသတင်းခန်းမှမေးမြန်းထားပါတယ်။

မေး။  ။ ဦးဇခုန်တိန့်ယိန်းက တစ်သီးပုဂ္ဂလအနေနဲ့ အမျိုးလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅) ကနေပြန်လည် ဝင်ရောက်ယှဉ်ပြိုင်မှာ ဆိုတော့ လာမယ့်ရွေးကောက်ပွဲအတွက်ပြင်ဆင် ထားတာတွေရှိရင်သိချင်ပါတယ်။

ဖြေ။  ။ ကျွန်တော်က အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၅ ကနေဝင်ရောက်ယှဉ်ပြိုင်မှာပါ။ အဲ့ဒီဒေသတွေက ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်ပေါ့။ အဲ့ဒီဒေသ မဲဆန္ဒရှင်တွေကို ကျွန်တော်တို့က မဲဆွယ်ပါတယ်။ သူတို့အနေနဲ့ ကျွန်တော့်ကို ထောက်ခံဖို့ပေါ့။ ကျွန်တော့်ဘက်ကလည်းဒီဒေသ ငြိမ်းချမ်းတည်ငြိမ်အောင်ကြိုးစားထားတာကို တင်ပြပါတယ်။ အရင်တစ်ခါရွေးကောက်ပွဲမှာတုန်းက လည်းကျွန်တော်တို့က ပြည်သူတွေပေးတဲ့ ဆန္ဒမဲကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော့်ဒေသက လူတွေဘာလိုအပ်လည်းဆိုတာကို ကျွန်တော်တို့ကသိပြီးသား။ ခံစားနားလည်ပြီး သား။ ဒီတော့ ကျွန်တော်တို့တိုင်းရင်းသားများရဲ့ လိုအပ်ချက်ကို ဆောင်ရွက်ဖို့ ကျွန်တော်တို့ဘက်ကဆောင်ရွက်သွားမှာပါ။

မေး။  ။ မဲဆန္ဒနယ်အမှတ် ၅ မှာရှိနေတဲ့ ဒေသခံမဲဆန္ဒရှင်တွေရဲ့ ရွေးကောက်ပွဲအပေါ်နားလည် ထားမှုကရော ဘယ်လိုရှိပါသလဲ။

ဖြေ။  ။ မဲဆန္ဒနယ်က ပြည်သူတွေက တော်တော်တိုးတက်ပါတယ်။ ပြောရရင် ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့  ဖွ့ံဖြိုးတိုးတက်ရေးပါတီက စည်းရုံးရေးမှူးတွေရှိပါတယ်။ သူတို့က အသေးစိတ် ဆွေးနွေးတာ အသိပေးတာတွေရှိပါတယ်။ ရွေးကောက်ပွဲမှာ ဘယ်လိုမဲပေးရ တယ် ဆိုတာမျိုးတွေရောပေါ့။ လွတ်လွတ်လပ်လပ်ရွေးနိုင်တဲ့အခြေအနေရှိတဲ့အနေအထားလည်းဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ဘာသာစကားအရ အခက်အခဲရှိတာတွေတော့ရှိပါတယ်။

မေး။  ။ ယခင်ကလည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တာမို့ ဒီတစ်ကြိမ်မှာ ပြန်လည် ရွေးကောက်ခံရမယ်လို့ ထင်ပါသလား။ ဘယ်လိုအချက်တွေကြောင့်ပါလဲ။

ဖြေ။  ။ ရွေးခံရမယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီဒေသမှာ ကျွန်တော်နေလာတာ နှစ်ပေါင်းများ စွာပါ။ ဒေသခံတွေရဲ့လိုအပ်ချက်ကိုလည်း သိပြီးသားဖြစ်ပါတယ်။ ပြီးတော့ဒေသခံတွေရဲ့    အသိမှတ်ပြုမှုကိုလည်း ရရှိထားပြီးဖြစ်ပါတယ်။ အဲ့ဒီတော့ ပြောချင်တာ ကျွန်တော့်ဒေသအတွက် အာမခံချက်ရှိအောင်ကျွန်တော်ဆောင်ရွက်ပေးမှာပါ။ အဓိကကတော့ ဒေသရဲ့ ငြိမ်းချမ်းရေးလုံခြံုရေး အတွက်ပါ။

မေး။  ။  ဦးဇခုန်တိန့်ယိန်းအနေနဲ့ ယခုနှစ်ပြန်လည်ရွေးကောက်ခံယှဉ်ပြိုင်မယ့်နေရာက မဲဆန္ဒရှင်တွေအတွက် ဘယ်လိုကတိကဝတ်တွေပေးမှာပါလဲ။ အကယ်၍ ရွေးကောက်ခံခဲ့ရရင်ရော လွှတ်တော်မှာ ဒေသအတွက် ဘယ်လိုမျိုးအပြောင်း အလဲတွေကို ပြောင်းလဲ လုပ်ဆောင်ပေးသွား ဖို့ရှိပါသလဲ။

ဖြေ။  ။ ဒေသအတွက်ကတော့ ဒေသတည်ငြိမ်အေးချမ်းဖို့ ဖြစ်ပါတယ်။ ဒေသက သွားလာရေးခက်ခဲ တယ်။ လမ်းတံတားတွေ အဆင်မပြေဘူး။ ပညာရေးနဲ့ ကျန်းမာရေးကို ဖွံ့ဖြိုးအောင်ဆောင်ရွက်ဖို့လိုပါတယ်။ လိုအပ်ချက်တွေကို ပိုမိုဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ဖို့လည်းလိုပါတယ်။ အဓိကကတော့ လက်နက်ကိုင်ပဋိပက္ခတွေ သွေးထွက်သံယိုတွေမရှိဘဲ တိုက်ပွဲတွေ အေးချမ်းသွားမယ်ဆိုရင် ဒေသပိုပြီး တိုးတက်လာမှာဖြစ်ပါတယ်။ တိုက်ပွဲတွေရှိနေရင် ဒေသဖွံ့ဖြိုးဖို့ ဆိုတာအဆင်မပြေနိုင် ပါဘူး။ စစ်မြေပြင်ဖြစ်လာတဲ့အခါ တော်တဲ့လူငယ်တွေ၊ အသက်အရွယ်ကောင်းတဲ့လူတွေ
ကိုစစ်မြေပြင်မှာသုံးရတာတွေရှိပါတယ်။ ဒါတွေက လူ့စွမ်းအားအရင်းအမြစ်တွေပြုန်းတီးလာပါတယ်။ ဖွံ့ဖြိုးရေးအတွက် လုပ်နိုင်တယ်ဆိုတာမရှိတော့ပါဘူး။

မေး။  ။ ချီဖွေ၊ဆော့လော်နဲ့ အင်ဂျန်းယန်ဘက်တွေဟာ သွားလာရေး အင်မတန်ခက်ခဲတာကြောင့် ကုန်စျေးနှုန်းကြီးမြင့် တာတွေဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင်ဆက်သွယ်ရေး အခြေအနေတွေက လည်း အဆင်မပြေသေးဘူး ဆိုတော့အဲ့ဒီ အပေါ်မှာရော ဘယ်လိုများတိုးတက်အောင်ဆောင်ရွက်ပေး နိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။  ။ ကျွန်တော်ကတော့ ဆက်သွယ်ရေးတွေအဆင်ပြေဖို့ ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဝန်ကြီး ဌာနရဲ့ အစီအစဉ်နဲ့ရော ဒေသ အနေနဲ့ရော ဆောင်ရွက်နိုင်တဲ့ အနေအထားမျိုးလည်းရှိပါတယ်။ ကချင်ပြည်နယ်ရဲ့ ကျေးရွာစုတော်တော်များများက ရွေးကောက်ပွဲမ ကျင်းပနိုင်ဘဲ ဒီမိုကရေစီ ဆုံးရှုံးသွားပါပြီ။ အဲ့ဒီတော့ အဲ့ဒီနေရာတွေငြိမ်းချမ်းသွားဖို့ပဲ လိုပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့
ဆက်သွယ်ရေးဆိုတာ လျှင်လျှင်မြန်မြန်နဲ့ဆောင်ရွက်လိုက်လို့ ရပါတယ်။ အဓိကလိုအပ်တာကတော့ တည်ငြိမ်အေးချမ်းဖို့ပါပဲ။ ဘယ်သူအစိုးရဖြစ်ဖြစ် တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေးတည်တံ့ပြီးငြိမ်းချမ်းဖို့လိုအပ်ပါတယ်။

မေး။  ။  လွန်ခဲ့တဲ့တစ်ပတ်က ချီဖွေမြို့နယ်ဘက်မှာ မဲဆွယ်စည်းရုံးရေးဆင်းတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဟာ စည်းရုံးရေးဆင်းခွင့်မရဘဲ ရိုက်နှက်ခံခဲ့ရတာမျိုးတွေရှိခဲ့ပါတယ်။ ခုလက်ရှိက ပါတီစုံ  ဒီမိုကရေစီရွေးကောက်ပွဲဖြစ်တာကြောင့် ပါတီတွေဟာ လွတ်လပ်စွာစည်းရုံးခွင့် ရသင့်တယ်လို့ ပြောဆိုကြပေမယ့် NLD အနေနဲ့ ဦးဇခုန်တိန့်ယိန်းရဲ့ အထူးဒေသ(၁) အတွင်းမှာ လှည့်လည်  စည်းရုံးဖို့ အခွင့်အရေးမရဘဲ လှည့်ပြန်သွားရတဲ့အပေါ်မှာ ဦးဇခုန်တိန့်ယိန်းအနေနဲ့ ဘယ်လိုများ ပြောချင်ပါသလဲ။

ဖြေ။  ။ ကျွန်တော်တို့ဟာ တစ်သီးပုဂ္ဂလဆိုပေမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ထောက်ခံလာတယ်။ အနေအထားလည်းဖြစ်တယ်။ အရင်ကတည်းက သူတို့မူဝါဒကို လက်ခံကျင့်သုံးလာခဲ့တာလည်းဖြစ်တယ်။ဒါ့အပြင် ဒေသအတွင်းမှာ တိုင်းရင်းသားအခြေပြုဖြစ်တဲ့ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီဆိုပြီး ရှိပြီးသားဖြစ်ပါတယ်။ ဒေသခံတွေက လည်း ထောက်ခံပြီးသားဖြစ်ပါတယ်။ အဲ့ဒီတော့ ဒေသမှာ သူ့အဖွဲ့နဲ့သူစည်းရုံးပြီးသားဖြစ်လို့လူပိုမရှိပါဘူး။ အဲ့ဒီအချိန်တခြားသောပါတီတွေဟာ လာရောက်စည်းရုံးမဲဆွယ်တယ်ဆိုတာ ဒေသက စည်းရုံးပြီးသားကို ဖြိုခွဲဖို့ဆိုတာမျိုးဖြစ်စေ တယ်လို့ထင်ပါတယ်။ အဲ့ဒီတော့ တစ်ခြားပါတီ အဖွဲ့တွေက တည်ငြိမ်နေတာကို ဖြိုခွဲတာမို့လို့ ကျွန်တော် တို့အနေနဲ့ မကြိုဆိုနိုင်ဘူးပေါ့ဗျာ။ တိုင်းရင်းသားပါတီလေးတွေဆိုတာကလည်း ကိုယ့်ဟာကိုအနေအထားနဲ့ ဒေသကို ဖွံ့ဖြိုးအောင်ဆောင်ရွက်ဖို့ဆိုတာခက်ခဲပါတယ်။ သူတို့အနေနဲ့ လုပ်နိုင်ဖို့ဆိုတာ အင်မတန် မှခက်ခဲပါတယ်။ ကိုယ့်လူမျိုးတွေ ဖွံ့ဖြိုးအောင်လုပ်နိုင်ဖို့ဆိုတာကတော့ အစိုးရရဲ့ အထောက်အပံ့ အကူအညီမရဘဲ မဖြစ်နိုင်ပါဘူး။

အမည်                                 -    ဦးဇခုန်တိန့်ယိန်း
အသက်                               -    (၇၅) နှစ်
ပါတီ                                   -    တစ်သီးပုဂ္ဂလ
လွှတ်တော်                          -    အမျိုးသားလွှတ်တော် ကချင်ပြည်နယ်မဲဆန္ဒနယ် (၅)
ပညာအရည်အချင်း               -    ဥပစာ(သိပ္ပံ) ဘူမိ
လူမျိုး                                  -    ကချင်၊ လချိဒ် (ငေါ့ချန်း)
အလုပ်အကိုင်                      -     ဥက္ကဌ၊ ကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...