ကြာအင်းဆိပ်ကြီးမြို့နယ်က မဲဆန္ဒရှင်ပြည်သူများ လုံခြံုရေးကြောင့် မဲပေးခွင့်မဆုံးရှုံးစေလို့

ကြာအင်းဆိပ်ကြီးမြို့နယ်က မဲဆန္ဒရှင်ပြည်သူများ လုံခြံုရေးကြောင့် မဲပေးခွင့်မဆုံးရှုံးစေလို့
စအိုင်စူး — ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ၌ ကရင်ပြည်နယ်၏ မဲရုံအများဆုံမဖွင့်လှစ်နိုင်သည့် ကြာအင်းဆိပ်ကြီး မြို့နယ်မှ မဲပေးခွင့်ဆုံးရှုံးသူ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာအုပ်စု၊ ကျုံခဝန်ကျေးရွာမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စကျော်စွာနှင့်တွေ့ဆုံ​ကာမေးမြန်းခဲ့ပါတယ်။

မေး။  ။ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ ရွေးကောက်ပွဲကော်မရှင်စာရင်းအရ မဲရုံမဖွင့်လှစ် နိုင်တဲ့ ကျေးရွာအုပ်စု (၃၈) အုပ်စုထဲမှာ ကျုံခဝန်ကျေးရွာအုပ်စုအပါအဝင်ဖြစ်တယ်။ ဘာကြောင့် မဲရုံမဖွင့်လှစ်ပေးနိုင်တာလဲဆိုတာ သိရပြီလားခင်ဗျာ။

ဖြေ။  ။ ကျုံခဝန်ကျေးရွာအုပ်စုကမဲရုံမဖွင့်လှစ်နိုင်တဲ့ကျေးရွာအုပ်စုမှာပါတယ်။ သူတို့ (မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်)ပြော တာက လုံခြုံရေးအရလို့တော့ပြောပါတယ်။ ဒါပေမဲ့ မဲရုံဖွင့်လှစ် ပေးတဲ့ တခြားကျေးရွာအုပ်စု အနီးစပ်ဆုံးပြောရ ရင် တောင်ဒီးရွာဆိုရင် ကျွန်တော် တို့ကျေးရွာအုပ်စုနဲ့ ၅မိုင်ကျော် လောက်ပဲဝေးမယ်။

လမ်းပန်းဆက်သွယ်ရေး က လည်းကောင်းတယ်။ အမှန်မှာက ကျွန်တော်တို့ ကျေးရွာအုပ်စုမှာပါ မဲရုံဖွင့်လှစ်သင့်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ လုံခြုံရေးအကြောင်းပြချက်ပြောရအောင်လည်း အခုငြိမ်းချမ်းရေးတွေ ဖော်ဆောင်နေတာ၊နောက်ပြီး ဒီမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေကလည်း အရင်လိုမဟုတ်တော့ပဲ လွတ်လွတ်လပ်လပ် ပဲသွားလာ လှုပ်ရှား နေတာပဲ။

အရင်တုန်းကဆို တစ်မျိုးပေါ့။ ဒီမှာဆို လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းနေတာပဲ။ အထက်တန်း ကျောင်းလည်းရှိတယ်။ သက်ဆိုင်ရာ ဘာသာရေး ကျောင်းတွေ လည်းရှိတယ်။ မဲရုံမဖွင့်လှစ် ပေးနိုင်တာကတော့ ကျွန်တော်တို့အနေနဲ့ မဖြစ်သင့်ဘူးလို့ပဲထင်တယ်။

ကိုယ်စားလှယ်လောင်း တစ်ယောက် အတွက်တော့ အများကြီးနစ်နာတာပေါ့။ ဒီမှာက အသက် ၁၈ပြည့်ပြီးတဲ့သူ တပုံကြီးှရှိတာပဲ။ နောက်ပြီး ကျုံခဝန်ကျေးရွာ အုပ်စုဆိုတာက လက်ရှိ ကရင် ပြည်နယ်လွတ်တော်ဥက္ကဌဦးစောအောင်ကျော်မင်း ဆိုတာကလည်း ဒီကျုံခဝန် ရွာမှာ နေတာပါ။ ဒီဒေသက သူရဲ့ဇာတိဆိုလည်းမမှားဘူး။

မေး။  ။ ကျုံခဝန်ကျေးရွာအုပ်စုမှာ ပထမတုန်းက မဲစာရင်း လာရောက် ကပ်ခဲ့သေးတယ် လို့ကြားမိတယ်။ နောက်ပိုင်း ပြန်ဖြုတ်သိမ်း လိုက်တယ် ။ လာရောက်ကပ်ပြီးမှ ပြန်လည်ဖြုတ် သိမ်းလိုက်တဲ့ အခြေအနေ  ကိုလည်းရှင်းပြပေးပါလား။

ဖြေ။  ။ မဲစာရင်းလာကပ်တဲ့အခြေအနေက ကျေးရွာအုပ်ချုပ်ရေးမှူးစာရေးပြောတာက ရွေးကောက် ပွဲကော်မရှင် ကနေပြီးတော့ အကြိုမဲစားရင်းဆိုပြီးတော့ ကပ်ခိုင်းတာပေါ့။ ကပ်ခိုင်းတော့ အုပ်ချုပ် ရေးမှုးရုံးမှာ သေသေချာချာ ပဲကပ်ပေးတယ်။ ကပ်ပြီးလို့မကြာခင်မှာပဲ ပြန်ရုတ်သိမ်းခိုင်းတယ်။ ဒါကတော့စာရေးကိုယ်တိုင်ပဲ ပြန်လိုက်ရုတ်သိမ်းရတာပေါ့။ ဒါပေမဲ့ နောက်ပိုင်း ရွေးကောက် ပွဲကော်မရှင်နဲ့ ဘယ်လိုပြန်ဆက်လုပ်လည်းတော့မသိဘူး။

မေး။  ။  ဒီဒေသတွေမှာရှိတဲ့ ဒေသခံလူထုတွေကကော ရွေးကောက်ပွဲ အပေါ်စိတ်ဝင်စားမှု ရှိသလား။

ဖြေ။  ။ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု ရှိမရှိတော့ အခြေခံအားဖြင့် ဒီမှာက တောင်သူ လယ်သမား တွေပဲများတော့ အခြေခံပညာတွေ ကလည်းနည်းတယ်။ နောက်ပြီး ရွေးကောက်ပွဲ နဲ့လည်း တစ်ခါမှ မဆုံဖူးဘူး။ ဆိုလိုတာက ၂၀၁၀ တုန်းက လုံခြုံရေးအရ ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုတော့ ရွေးကောက်ပွဲအတွေ့အကြုံမရှိဘူး။

 ဒါပေမဲ့ ဒီမှာရှိတဲ့ ဒေသခံ သုံးပုံတစ်ပုံလောက်ကတော့ အခြေခံ ပညာတတ်ပြီး ရွေးကောက်ပွဲ အပေါ်တော့ စိတ်ဝင်စားကြပါတယ်။ တစ်ချို့ဆိုလည်း သတင်းတွေနား ထောင်တာ၊ ဖတ်တာရှိတော့ ရွေးကောက်ပွဲအပေါ်တော့ စိတ်ဝင်စားကြပါတယ်။ ဒေသခံ အများစု ကလည်း နိုင်ငံသား အခွင့်အရေး အရမဲထည့်ချင် ကြတာပေါ့။

မေး။  ။  လုံခြုံရေး အကြောင်းပြချက်နဲ့ မဲရုံမဖွင့်နိုင်ပေမဲ့ သန်းခေါင်စာရင်းတော့ လာကောက် သွားတယ်  အဲ့ဒီအခြေ အနေလေး ကိုလည်း ပြောပြပေးပါအုံး။

ဖြေ။  ။ ကျွန်တော်တို့ဒေသမှာ ၂၀၁၄ခုနှစ်တုန်းကလည်း သန်းခေါင် စာရင်းလာကောက် ခဲ့သေးတာပဲ။ အဲ့ဒီတုန်းက ဘာမှ ဖြစ်ခဲ့တာမဟုတ်ပါဘူး။

လူဦးရေစာရင်း လာကောက်တုန်းက လဝက က ဝန်ကြီးဦးခင်ရီရယ်၊ ကရင်အမျိုးသားအစည်းအရုံး-KNU ဒူပလာယာခရိုင်ဥက္ကဌ စောရွှေမောင်း၊ အဲ့ဒီက ပြည်နယ် လွတ်တော်ဥက္ကဌ နဲ့ အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဦးစောမြဝင်းတို့ပါတယ်။ ရွာထဲမှာ သန်းခေါင်စားရင်လုပ်တာတွေ လိုက်ကြည့် ရှုကြတယ်။

မေး။  ။  မဲရုံဖွင့်လှစ်ပေးနိုင်အောင် လွတ်တော်ကိုယ်စာလှယ်လောင်းတွေ(ဒါမှမဟုတ်) ဒေသခံ အာဏာပိုင်တွေက မဲရုံဖွင့်လှစ်ပေးဖို့ တစ်စုံတစ်ရာ တင်ပြတောင်းဆိုပေးတာမျိုး လုပ်ပေးတဲ့ အခြေအနေ မရှိဘူးလား။

မေး။  ။ အဲ့ဒါမျိုးကတော့ မကြားမိပါဘူး။ဘာဖြစ်လဲဆိုတော့ မဲရုံမဖွင့်လှစ်နိုင်ဘူးဆိုတာကလည်း ဒေသခံ ရွာသူရွာသား တွေကသိနေပါတယ်။ မဲရုံဖွင့်လှစ်ပေးဖို့ ဘယ်သူတွေ ပြောပေးတာလဲဆိုတာ တော့မသိဘူး။ ကျွန်တော်တို့ ကျေးရွာ သားအဆင့်နဲ့သွားပြောပေးဖို့ဆိုတာကလည်း မလွယ်ဘူးလေ။ တကယ်တော့ မဲရုံဖွင့်ပေးတာမပေးတာ သက်ဆိုင်ရာလူကြီးတွေလုပ်ရမဲ့ ကိစ္စပဲလေ။ မဲရုံဖွင့်လှစ်နိုင်အောင် သူတို့ပြောပေးဆိုပေးရမယ်။

မေး။  ။  ကျုံခဝန်ကျေးရွာ အုပ်စုအနေနဲ့ရော ကျေးရွာဘယ်နှရွာ လောက်ရှိမလဲ။ အိမ်အခြေအနေ နဲ့ရော လူဦးရေရော ဘယ်လောက်ရှိမလဲ။

ဖြေ။  ။ ကျွန်တော်တို့ ကျေးရွာအုပ်စုမှာ ရွာ ၅ ရွာရှိတယ်။ ကျုံခဝန်၊ မြိုင်ကုန်း၊ ဝင်းထောင်း၊ နန်းကွီ၊ ဆိတ်ဖူးကုန်းရွာတွေဖြစ်တယ်။ အိမ်ခြေအားဖြင့်တော့ ကျုံခဝန်မှာဆိုရင် ၄၀၀ ကျော်ရှိတယ်။ ကျန်တဲ့ ရွာ လေးရွာက တစ်ရွာကို တစ်ရာကျော်ရှိ တယ်။ ဘယ်လိုပဲပြောပြော အကုန်လုံးဆိုရင် အိမ်ခြေပေါင်း တစ်ထောင်နီးပါရှိတာပေါ့။ အသက် ၁၈နှစ်ပြည့်ပြီး ကျော်တဲ့ သူတွေ ကျုံခဝန်မှာဆိုရင် နှစ်ထောင် ကျော်ရှိတယ်။ ကျေးရွာအုပ်စုလိုက်ဆိုရင်တော့ သေချာတာကတော့ မဲပေးနိုင်တဲ့သူက တစ်သောင်း နီပါးလောက်ရှိမယ်။

မေး။  ။ အခြေအနေအရပ်ရပ် အားလုံးအပေါ်မှာ အခြေခံပြီးတော့ ဒီ ၂၀၁၅ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှုရှိမရှိကို သုံးသပ်ပေးပါ။

ဖြေ။  ။ တရားမျှတပြီးလွတ်လပ်မှုရှိမရှိဆိုတာကတော့ ဒီရွေးကောက်ပွဲလာတဲ့အခါကျတော့ ကျွန်တော် တို့ကြည့်ကြမှာပေါ့။ အထူးသဖြင့် အခုဆိုရင် သူတို့က ပွင့်လင်းမြင်သာမှုရှိအောင်လည်းလုပ်ဖို့ကြိုးစား နေတယ်။ စောင့်ကြည့်လေ့လာ အဖွဲ့တွေကလည်းရှိတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ကလည်း ရွေးကောက်ပွဲနဲ့လည်းတစ်ခါမှမဆုံဖူးဘူး။

၂၀၁၀ခု နှစ်တုန်းကလည်း တရားမျှတမှု မရှိဘူးလို့လည်း ပြောကြတယ်။ အခုလာမဲ့ ရွေးကောက်ပွဲကိုလည်း ကျွန်တော်တို့ စောင့်ကြည်ရုံပဲရှိတာပေါ့နော်။ ကိုယ်ကိုတိုင် ကလည်း ရွေးကောက်ပွဲနဲ့လည်း တစ်ခါမှ မကြုံဖူးဘူးလေ။ တရား မျှတမှုရှိတာ မရှိတာတော့ မပြောတတ် သေးပေမဲ့ အခုကျွန်တော်တို့ဆိုရင် ကျွန်တော်တို့တိုင်းရင်းသား အခွင့် အရေးတွေ ဆုံးရှုံးတာပေါ့။ ကရင်ပြည်နယ်မှာ တိုင်းရင်းသားပါတီတွေလည်းရှိတယ်။ ကျွန်တော်တို့ ကရင်ပါတီ တွေက လည်းရှိသေးတယ်လေ။ ကရင်အမျိုးသားတွေအနေနဲ့ ကရင်ပါတီကိုမဲထည့်ချင်တဲ့ သူတွေလည်း ရှိတာပဲ။ နိုင်ငံသားတစ်ယောက်အနေနဲ့ အများကြီးကို အခွင့်အရေးဆုံးရှုံးတာပေါ့။

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...