ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ကျေးရွာမှ စောဝင်းနိုင်က “ ကျွန်တော်တို့ ဒေသမှာ မဲပေးခွင့်ရှိတဲ့ သူအများစုက စာမတတ်တဲ့သူတွေများတယ်။ နောက်ပြီး ကျွန်တော်တို့ဒေသမှာ ပါတီခေါင်း စဉ်တွေ၊ ကိုယ်စားလှယ်လောင်းတွေများတော့ ဒေသ ခံ တွေက တော်တော်လေး ဇဝေဇဝါ ဖြစ်တယ်။ မဲထည့်တဲ့ အတွေ့အကြုံလည်း မရှိတော့ ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ်လောင်း က ကောင်းတယ် ဆိုတာမျိုး မသိတဲ့အခါကြတော့ မဲပေးဖို့ကိုအခက်တွေ့ ကြတယ် ״ ဟုကေအိုင်စီသို့ ပြော သည်။
ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ မဲရုံမဖွင့်နိုင်သည့် ကျေးရွာဒေသများစွာရှိနေသောကြောင့် မဲထည့်ပိုင် ခွင့်ရှိသူများမှာ နိုင်ငံသားအခွင့်အရေးများစွာဆုံးရှုံးပြီး ရွေးကောက်ပွဲ ကျင်းပမည့် ရက်နီး ကပ်လာသည်နှင့်အမျှ စာမတတ်သည့် ဒေသခံသက်ကြီးရွယ်အိုများအတွက် မဲမထည့်တတ်မည်ကို အရမ်းစိုးရိမ်မိသည်ဟု စောဝင်းနိုင်က ဆက်ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၁၅ရွေးကောက်ပွဲအတွက် ကရင်ပါတီ ၄ပါတီ၊ မွန်ပါတီ ၂ပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်-NLD နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးပါတီ စသည့် ပါတီ ၁၁ပါတီဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး လွတ်တော်ကိုယ်စားလှယ်ပေါင်း ၃၇ ဦးဝင်ရောက် အရွေးခံမည်ဖြစ်သည်။
ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်(၁၁)မှအမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းကရင်ပြည်သူ့ပါတီ-KPP မှ စောသိန်းဝင်းစိုးက “ ကျွန်တော် ဒီဘက်ဒေသတွေကိုရောက်တော့ ကျွန်တော်ထင်ထားတာ ထက် ဒေသခံတွေက မဲတစ်ခါမှမပေးဖူးဘူး။ နောက်ပြီး စာမတတ်တဲ့သူတွေ ၊ ဗမာစကား မပြောတတ် တဲ့သူတွေများတော့ ဒါက ကျွန်တော်တို့အတွက် စိန်ခေါ်မှု ဖြစ်စေတယ် ״ဟု ယခုလ ၁၂ရက်က ကေအိုင်စီသို့ပြောသည်။
ယခုလ ရ ရက် နှင့် ၈ ရက် တွင်လည်း ကရင်ပြည်နယ်အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက်-KSCN မှ ကျေးရွာအုပ်စု ၃အုပ်စုမှ ဒေသခံလူထု ၄၀ကျော်အား မဲပေးခြင်း ဆိုင်ရာ အသိပညာ ပေးဆရာဖြစ်သင်တန်း ကို ခလယ်ကျေးရွာသို့ သွားရောက်ပို့ချပေး ခဲ့ပြီးဖြစ်ကာ အဆိုပါ ဒေသခံသင်တန်းသားများမှာ ၎င်းတို့၏ ဒေသအလိုက် မဲပေးခြင်းဆိုင်ရာ အသိပညာများ ကို ပြန်လည်ရှင်းလင်း ပို့ချကြမည်ဖြစ်သည်ဟုသိရသည်။
စက်တင်ဘာလ ၁၄ရက်က ကြေညာလိုက်သည့် မဲစာရင်းအရ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း၌ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၅သောင်းခွဲ ကျော်ရှိသည်ဟုမြို့နယ်ကော်မရှင်များထံမှသိရပြီး အဆိုပါ မြို့နယ်၌ ဒေသခံ ကရင်နှင့်မွန်လူမျိုးအများစုနေထိုင်ကြသည်။