ရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူးသင်တန်း မြို့နယ်ကော်မရှင် ပို့ချပေးနေ

ရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူးသင်တန်း မြို့နယ်ကော်မရှင် ပို့ချပေးနေ
စအိုင်စူး ၊ ဘားအံ — ကော့ကရိတ်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖွင့်လှစ် သွားမည့် မဲဆန္ဒပြုနေရာ ၉၃နေရာ မဲရုံများ အတွက် ကော့ကရိတ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ ဦးစီးပြီး မဲရုံးမှူး သင်တန်းကို အောက်တိုဘာ ၈ ရက်က စတင်ဖွင့်လှစ် ပို့ချပေးခဲ့သည်။

“ မဲရုံတစ်ရုံရဲ့ အဓိကတာဝန်ရှိသူက မဲရုံမှူးနဲ့ ဒုမဲရုံမှူး တွေပဲလေ။ သူတို့လုပ်ဆောင်ချက် တွေ မှန်ကန်မြန်ဆန်မှ တိကျသေချာတဲ့ ခိုင်လုံမဲတွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန် ကြေညာနိုင်မှာမို့ပါ။ ဒါကြောင့် ဦးလေးတို့ကိုယ်တိုင် သင်ကြားပြသ ပေးနေတာ ဖြစ်တယ် ”  ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးစန်းကြည်က ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မဲပေးပုံ၊ မဲရုံအခင်းအကျင်းများ၊ မဲစီစစ်ပုံ၊ ထုပ်ပိုးအပ်နှံပုံ နှင့်ရေတွက်ခြင်း၊ ခွဲခြားသက်မှတ် သတင်းပို့ခြင်း ကိစ္စများအထိ အသေးစိတ် အချက်အလက်များကို  စာတွေ့နှင့် လက်တွေ့တပါတည်း သင်ကြားပို့ချသွားမည် ဖြစ်သည်ဟုလည်း ဦးစန်းကြည် က ဆက်ပြောသည်။

ယခုလ ၈ရက်မှ ၁၂ရက်အထိ ၅ရက်တာသင်ကြားပို့ချသွားမည့် အဆိုပါ မဲရုံမှူး သင်တန်းသို့ မြို့နယ်တွင်းမှ ပညာရေးဝန်ထမ်းဆရာ၊ဆရာမများအား ၎င်းတို့ဒေသ၌ ဖွင့်လှစ်သွားမည့် မဲရုံများတွင် မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်များ ဆောင်ရွက်သွားနိုင်ရန် အုပ်စု သုုံးသုတ်ခွဲ၍ သင်ကြားပို့ချသွားမည်ဟုသိရသည်။

သင်တန်းသို့ ပါဝင်တက်ရောက် နေသည့် မူလတန်းကျောင်းအုပ် ဆရာမ ဒေါ်ခင်ကြူအေး က “ ကျွန်မအနေနဲ့  ရွေးကောက်ပွဲ ကျင်းပချိန်မှာ မဲရုံမှူး တာဝန်ထမ်းဆောင် ပါဝင်ခွင့်ရတဲ့ အတွက် နိုင်ငံ့ဝန်ထမ်း တစ်ယောက် အနေနဲ့ ကျေပွန်အောင် ဆောင်ရွက် သွားမှာပါ။ နိုင်ငံရဲ့ တိုးတက် ကောင်းမွန်တဲ့ အစိုးရသစ် တရပ်ကို ဖော်ဆောင် ရွေးချယ်တဲ့နေရာမှာ ပါဝင်ခွင့်ရလို့ ဂုဏ်ယူမိပါတယ် ” ဟု  ကေအိုင်စီသို့ ပြောသည်။

အဆိုပါသင်တန်းသို့ ကော့ကရိတ် တစ်ခရိုင််လုံးရှိ မဲရုံပေါင်း ၉၃ရုံအတွက် ပညာရေးဝန် ထမ်းမှ ဆရာ၊ဆရာမပေါင်း ၁၈၆ဦး တက်ရောက် လေ့လာလျက်ရှိသည်။

ယခင်လက စ၍လည်း ကရင်ပြည်နယ် အရပ်ဖက် လူမှုအဖွဲ့အစည်းများ ကွန်ယက်-KSCN  က မဲဆန္ဒရှင် ပြည်သူများအတွက် မဲပေးခြင်းဆိုင်ရာ အသိပညာပေး ဆရာဖြစ် သင်တန်းကို တစ်ပြည်နယ်လုံး အတိုင်းအတာဖြစ် လိုက်လံ လုပ်ဆောင်ပေး လျက်ရှိသည်။

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...