၂၀၁၀ ရွေးကောက်ပွဲ၌ အမျိုးသမီးကိုယ်စားလှယ် နှစ်ဦးသာ ပါ၀င် ယှဉ်ပြိုင်ခဲ့ သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ၂၃ ဦး ပါ၀င်ယှဉ်ပြိုင်သွားကြမည်ဟု သိရသည်။
ချင်းအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ချင်းပြည်နယ်မဲဆန္ဒနယ်အသီးသီး မှ (၂၂) ဦး ၊ ရခိုင်ပြည် နယ် ချင်းရေးရာဝန်ကြီးနေရာမှ (၁) ဦး စုစုပေါင်း (၂၃) ဦး ပါ၀င်ယှဉ်ပြိုင်သွားကြမည်ဖြစ်ရာ USDP ပါတီ မှ (၃) ဦး၊ NLD ပါတီမှ (၃) ဦး၊ NUP ပါတီမှ (၁) ဦး၊ CLD ပါတီမှ (၃) ဦး၊ ၊ CNDP ပါတီမှ (၅) ဦး၊ CPP ပါတီမှ (၄)ဦး၊ ZCD ပါတီမှ (၃)ဦး၊ ဇိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ (၁) ဦး စီ အသီးသီးဖြင့် ပါ၀င်ယှဉ်ပြိုင် သွားကြ မှာဖြစ်သည်။
ချင်းအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါ၀င်မှု များပြားလာသည်နှင့် ပါတ်သက်ရျ် ယခု ၂၀၁၅ ရွေး ကောက်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ခေတ်ကာလ၊ ဒေသ အခြေအ နေအရ နိုင်ငံရေးလေ့လာမှုတွင် လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရင်ဘောင် တန်း နိုင်မည့် ပုဂ္ဂိုလ်များဖြစ်သည်ဟု ချင်းလူမှုအသိုင်းအဝိုင်းများ တွင် ပြောဆိုမှုများ ရှိနေသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး " ၂၀၁၀ မှာ အရွေးခံရသည့် Pi Zatlem ဆိုရင် ပြည်သူ့လွှတ်တော်အတွင်း ကိုယ့်ပြည် နယ်အတွက် အရေးဆိုတင်ပြတာတွေ၊ တင်ပြချက် အောင်မြင်မှုတွေကို ကြည့်ရင် ချင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တွေထက် အများကြီး သာတယ်၊ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အထင်သေး လို့မရဘူး" ဟု ထန်တလန်မြို့ပေါ်မှ မြို့မိမြို့ဖ တစ်ဦး က ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲကာလတွင် ချင်းပြည်နယ်မဲဆန္ဒနယ်မြေမှ CNP , USDP ပါတီများမှ ချင်းအမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း (၁) ဦးစီ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည့် အနက် CNP မှ ချင်းအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် (၁)ဦး သာအနိုင်ရခဲ့သည်။
မကြာမီကျင်းမပတော့မည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း ချင်းလူမျိုးများနေထိုင်ရာ မဲဆန္ဒနယ်မြေများတွင် ပါတီ ( ၁၃ ) ပါတီမှ ချင်း နှင့် ရခိုင် လူမျိုး လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၂၀၂ ဦး နှင့် တသီး ပုဂ္ဂလ (၈) ဦး ပါဝင်ယှဉ်ပြိုင် သွားကြမည်ဟု သိရသည်။