မေး ။ ။ အမျိုးသမီး ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဘယ်လိုအရာတွေကများ တွန်းအားပေးခဲ့တာလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံမှာမှာ အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက် တစ်ဝက်ကျော်တောင်ရှိတယ်။ ဒါပေမဲ့ လွှတ်တော်ထဲရောက်တဲ့ အမျိုးသမီးလွှတ်တော်အမတ်က ရာခိုင်နှုန်းနည်းနေတယ်။ တောင်ကြီးမြို့နယ် ၂၀၁၀-၁၅ အတွင်းမှာ ၄.၃ ပဲရှိတယ်။ ကျမတို့ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကလည်း သျှမ်းပြည်နယ် အစိုးရဖွဲ့နိုင်တယ်လို့ ပြောတဲ့အတွက် အဲ့ဒီမှာအားသန်ပြီး လုပ်ဖြစ်သွားတာပါ။
မေး ။ ။ စည်းရုံးမဲဆွယ်တဲ့အခါ ဘယ်အရာတွေ ဘယ်အချက်တွေကို အဓိကထား ပြောချင်သလဲ။
ဖြေ ။ ။ အဓိကပညာရေး၊ ပညာရေးက အခုအချိန်မှာ ချွတ်ခြုံကျနေပြီလေ။ ဒါကြောင့်ပညာရေးမ ကောင်းရင်ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ နောက်တစ်ခုက သျှမ်းပြည်နယ် အစိုးရဖွဲ့ဖြစ်အောင် ကြိုးစားသွားမယ်။ ရခဲ့ရင် သျှမ်းပြည်နယ်မှာရှိတဲ့ ကျောင်းသား/သူ ပြည်သူတွေအတွက် ပညာရေးတိုး တက်အောင်ဆောင်ရွက်သွားမယ့် အကြောင်းတွေ ပြောချင်တယ်။
မေး ။ ။ အနိုင်ရခဲ့ရင် အမျိုးသမီးနဲ့ကလေး သူငယ်တွေအတွက်ဘာ တွေလုပ်ဆောင်ပေးမှာလဲ။ နောက်ပြီး နိုင်ငံရေးလုပ်ဆောင်ချက်တွေ၊ အထူးသဖြင့် သျှမ်းပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘယ်လို ပြုပြင်ပြောင်းလဲမှု မျိုးတွေလုပ်ဆောင်ချင်သလဲ။
ဖြေ ။ ။ သျှမ်းပြည်နယ် ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေအကာ အကွယ်ရရှိရေး၊ လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ ဆင်းရဲမွဲတေမှုလျှော့ချနိုင်ရေး၊ စီးပွားရေး တိုးတက်အောင်မြင်ရေး၊ ဆင်းရဲနွမ်းပါးတဲ့ ကလေးများရဲ့ဘဝ အာမခံချက်ရရှိရေး ဒီမိုကရေစီ လူ့ဘောင်သစ် တည်ဆောက်နိုင်ရေးတို့တွက် တရားမျှတခိုင်မာတဲ့ ၊ ပြည်သူ အားထားသော ကမ္ဘာက လေးစားသော၊ သိက္ခာရှိသော အစိုးရ ပေါ်ပေါက်လာနိုင်ရေးကို အဓိက ဦးတည်ထားတယ်။
မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ထွက်ပေါ်လာမယ့် အစိုးရအသစ် တစ်ရပ်အတွက် ဘယ်လို အစိုးရမျိုးကို မျှော်လင့်ထားသလဲ။
ဖြေ ။ ။ တရားမျှတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တယ်။ တရားမျှတတဲ့ အစိုးရတစ်ရပ်ထွက်ပေါ်လာဖို့ မျှော်လင့်တယ်။
မေး ။ ။ အနိုင်မရခဲ့ရင် ဘာတွေဆက်လုပ်ဆောင်သွားဖို့ရှိသလဲ။
ဖြေ ။ ။ အနိုင်မရခဲ့ရင်လည်း သျှမ်းပြည်နယ်အစိုးရကို ကူညီသွားမှာပါ။
မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ် စားလှယ်လောင် တစ်ဦးအတွက် ဘယ်လို အရာတွေက စိုးရိမ်စိတ်တွေ ဖြစ်ပေါ်စေခဲ့သလဲ။
ဖြေ ။ ။ စည်းရုံးရေးအတွက် မဲစာရင်းအတွက် စိုးရိမ်တယ်။ သျှမ်းပြည်နယ်အစိုးရ မဖွဲ့ဖြစ်မှာကို စိုးရိမ်တယ်။
ကျေးဇူးတင်ပါတယ်ရှင်။
လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သျှမ်းတိုင်းရင်းသားပါတီတခုဖြစ်တဲ့ ကျားဖြူ ပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကနေ သျှမ်းပြည်နယ်အပြင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ လွှတ်တော်အမတ်နေရာ ၂ဝဝ ကျော် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကျားဖြူပါတီဝင် အင်အား ၄ သိန်းကျော် ရှိပြီမို့ သျှမ်းပြည်လူထုထောက်ခံမှုကို အပြည့်အဝ ရရှိကြောင်းနဲ့ ရွေးကောက်ပွဲ မနိုင်မှာကို မစိုးရိမ်ရကြောင်း ပါတီဥက္ကဌကြီးကလည်း သျှမ်းသံတော်ဆင့်ကို ပြောပြခဲ့ဖူးပါတယ်။