အမျိုးသမီးနဲ့ ကလေးသူငယ်တွေအရေး အမျိုးသမီးကိုယ်တိုင်လုပ်မှရမယ် (သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကျားခေါင်းပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း နန်းမိုခမ်း နှင့် တွေ့ဆုံမေးမြန်း)

အမျိုးသမီးနဲ့ ကလေးသူငယ်တွေအရေး အမျိုးသမီးကိုယ်တိုင်လုပ်မှရမယ် (သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကျားခေါင်းပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း နန်းမိုခမ်း နှင့် တွေ့ဆုံမေးမြန်း)
by -
သျှမ်းသံတော်ဆင့်
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးပွဲ ရောက်လု ရောက်ခင်မှာဘဲ တိုင်းရင်းသားဒေသတွေ မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေဆဲဖြစ်ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာ အမျိုးသမီး နဲ့ ကလေးတွေရဲ့ ဘဝဟာ ပိုပြီးဒုက္ခရောက်နေတယ်လို့ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကျားခေါင်းပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း နန်းမိုခမ်းကပြောပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် သူတို့လေးတွေရဲ့ ဘဝကို ဘယ်လိုမြင့်တင်ပေးမလဲ။ သျှမ်းသံတော်ဆင့်ကနေ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ အမျိုးသမီးကိုယ်စားလှယ် တစ်ဦးအနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဘယ်လို အရာတွေကများ တွန်းအားပေးခဲ့တာလဲ။

ဖြေ ။ ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အမျိုးသမီးနဲ့ကလေးသူငယ် အခွင့်အရေးတွေကို ကျမတတ်နိုင် သမျှ အကာအကွယ်ပေးချင်တဲ့ဆန္ဒရယ် သူတို့တွေ ရဲ့ဘဝကိုမြှင့်တင်ပေးချင်တဲ့ ဆန္ဒတွေကြောင့် ဖြစ်ပါတယ်။ ဒါကလည်း လွှတ်တော် ထဲမှာထိရောက်တဲ့ ဥပဒေတွေပြဌါန်းပြီး အဲ့ဒီဥပဒေတွေ စိုးမိုး အောင် ကြိုးစားရမှာပါ။ ဒါတွေကို အမျိုးသားတွေထက် အမျိုးသမီးတွေ ကိုယ်တိုင် လှုပ်ရှားဆောင်ရွက် ဖို့လိုအပ်တယ်ဆိုတဲ့အသိက ကျမကို ကိုယ်စားလှယ်တစ်ဦးအဖြစ် ဝင်ပြိုင်ဖို့တွန်းအား ဖြစ်စေခဲ့တာပါ။

မေး ။ ။ စည်းရုံးမဲဆွယ်တဲ့အခါ၊ ဘယ်အရာတွေ ဘယ်အချက်တွေကို အဓိကထားပြောချင်သလဲ။

ဖြေ ။ ။ ပြည်သူလူထုက အလုပ်ရှင် ကျမတို့က လုပ်သားတွေပါ။ ပြည်သူလူထု အကျိုးကို ကောင်းမွန်စွာ သယ်ပိုးပေးနိုင်တဲ့ လုပ်သားကောင်းတွေကို ပြည်သူလူထုကိုယ်တိုင် ရွေးချယ်ပေးရမှ ဖြစ်ပါတယ်။ အရည်အချင်း ရှိတဲ့ ပါတီနဲ့ကိုယ်စားပြုထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြည်သူ လူထု မဲထည့်ကြဖို့လိုပါတယ်။ ငွေကို မကြည့်ဘဲ ကိုယ်ကျိုးမဖက်ပဲ ပြည်သူအတွက် လုပ်ကိုင်ပေးမဲ့ မူဝါဒကောင်းလက်စွဲထားတဲ့ ပါတီကိုယ်စားလှယ်လောင်းကို မဲထည့်ပေးကြဖို့ပြောချင်ပါတယ်။

မေး ။ ။ အနိုင်ရခဲ့ရင် အမျိုးသမီးနဲ့ကလေး သူငယ်တွေအတွက် ဘာတွေလုပ်ဆောင်ပေးမှာလဲ နောက်ပြီး နိုင်ငံရေးလုပ်ဆောင်ချက်တွေ၊ အထူးသဖြင့် သျှမ်းပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘယ်လို ပြုပြင်ပြောင်းလဲမှုမျိုးတွေ လုပ်ဆောင်ချင်သလဲ။

ဖြေ ။ ။ လုပ်ဆောင်ပေးရမှာတွေတော့ အများကြီးပါပဲ။ အထက်မှာပြောခဲ့သလိုပဲ အမျိုးသမီးနဲ့ ကလေး သူငယ်တွေကို ကာကွယ်ပေးနိုင်တဲ့ ကဏ္ဍ၊ ငြိမ်းချမ်းရေးကဏ္ဍတွေလဲ လိုအပ်တယ်။ ငြိမ်းချမ်းရေးမရှိ မရှိပဲ စစ်ဖြစ်နေ ဦးမယ်ဆိုရင် အမျိုးသမီးနဲ့ ကလေးတွေက ပိုပြီးဒုက္ခရောက်ကြရတယ်။ နောက်ပြီး မသန်စွမ်းလူတွေအတွက် အခွင့်အလန်းတွေ လုပ်ဆောင်ပေးရမယ်။ ပြည်သူလူထုတစ်ရပ်လုံး သူ့ကဏ္ဍနဲ့ သူ့အခွင့်အရေး ရရှိအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ထွက်ပေါ်လာမယ့် အစိုးရအသစ် တစ်ရပ်အတွက် ဘယ်လိုအစိုးရမျိုးကို မျှော်လင့်ထားသလဲ။

ဖြေ ။ ။ ရွေးကောက်ပွဲအပြီးမှာ ပြည်သူလူထုတစ်ရပ်လုံးက မျှော်လင့်တောင့်တနေတဲ့ ပြည်သူ့ အကျိုးကို ကောင်းမွန်စွာသယ်ပိုးပေးမယ့် အစိုးရသစ် တစ်ရပ်ကိုမျှော်လင့်ပါတယ်။

မေး ။ ။ အနိုင်မရခဲ့ရင် ဘာတွေဆက်လုပ်ဆောင်သွားဖို့ ရှိသလဲ။

ဖြေ ။ ။ အနိုင်မရခဲ့ရင်လည်း လွှတ်တော်ပြင်ပကနေ ကိုယ်လုပ်ဆောင်ပေးနိုင်မယ့် အပိုင်းတွေကို ဆက်လက်ပြီး ပါတီကနေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်တစ်ဦး အတွက်ဘယ်လို အရာတွေက စိုးရိမ်စိတ်တွေ ဖြစ်ပေါ်စေခဲ့စသလဲ။

ဖြေ ။ ။ မျှော်လင့်ထားတဲ့အတိုင်း လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲ မဖြစ်လာ ရင်ဆိုပြိးစိုးရိ်မ်မိတယ်။ နောက်တစ်ချက်က တိုက်ပွဲတွေဖြစ်နေတဲ့အတွက် စည်းရုံးရေးမဆင်းနိုင်တဲ့ဒေသတွေရှိမယ်။ အဲ့ဒီက ပြည်သူလူထုတွေ မဲပေးနိုင်ဖို့ မသေချာမှာကို စိုးရိမ်မိတယ်။

လွှတ်တော်ထဲဝင်နိုင်ဖို့ ကျားခေါင်းပါတီက ကိုယ်စားလှယ်လောင်းတွေဟာ လက်ရှိမှာ စည်းရုံးရေးဆင်း ကြိုးစားနေပြီး တခြားတဖက်ကလည်း လွှတ်တော်ပြင်ပ နိုင်ငံရေးအတွက် ခေါင်းဆောင်တွေ ရှိနေဖို့ လိုအပ်တယ်လို့ သုံးသပ်တဲ့ အတွက် အခြေခံဥပဒေ ကိစ္စနဲ့ ပတ်သက်လာရင် လွှတ်တော်ပြင်ပ နိုင်ငံရေးလောကဟာ ကြီးမားတဲ့ လိုအပ်ချက် ဖြစ်နေတဲ့အတွက် ကျားခေါင်းပါတီထဲက ထိပ်သီး ခေါင်းဆောင် ၅ ဦးကတော့ ရွေးကောက်ပွဲဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Most read this week

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...