တစ်သီပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးပန်းမောင် (ခ) နိုင်ရုတ် အင်တာဗျူး (သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်)

တစ်သီပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးပန်းမောင် (ခ) နိုင်ရုတ် အင်တာဗျူး (သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်)
by -
မွန်အေဂျင်စီ
မေး-ဘာကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံရတာလဲ။ဖြေ-ကျွန်တော်တို့လူမျိုးရဲ့ အကျိုး၊ ပြည်သူတွေရဲ့အကျိုးကို သယ်ပိုးချင်လို့၊ အဲဒီလိုဆုံးဖြတ်ချက် ချပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်တာပါ။

မေး-မွန်ပြည်သူတွေရဲ့ အကျိုးကို သယ်ပိုးချင်တယ်ဆိုတော့ မွန်လူမျိုးတွေမှာ ဘယ်လို လိုအပ်ချက်တွေ ရှိနေလို့ပါလဲ။
ဖြေ-ကျွန်တော်တို့လူမျိုးမှာက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အဲဒါတွေက မပြည့်စုံဘူးလို့မြင်လို့ အဲဒီအတွက် အကျိုးပြုချင်ပါတာ။ ဒါကြောင့် အခုလို ဝင်ရောက်အရွေးခံတာပါ။

မေး-လူထုကိုယ်စားလှယ်ဖြစ်သွားတဲ့အခါ ဘယ်ဟာတွေကို ဦးစားပေးလုပ်ဆောင်သွားမှာလဲ။
ဖြေ-အခုနကပြောသလိုပါပဲ။ ကျွန်တော်တို့ပြည်နယ်မှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဒီ ၃ခုကို အရင်ဆုံး လုပ်ဆောင်သွားမှာပါ။

မေး-အခုဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မှာ ဘာတွေလိုအပ်နေပါသလဲ။
ဖြေ-မပြည့်စုံနေဘူး။ လိုအပ်နေတာက အခုနကပြောတဲ့ အချက်၃ချက်စလုံးပါပဲ။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဒါတွေက မလုံလောက်နေသေးဘူး။

မေး-ဖွံ့ဖြိုးမှူအပိုင်းမှာရော ဘယ်လိုမြင်ပါသလဲ။
ဖြေ-ဖွံ့ဖြိုးရေးအပိုင်းကတော့ ကျွန်တော်တို့ဒေသမှာ အများကြီးအားနည်းနေတာ တွေ့ရတယ်။ ဒါတွေကို ပြည်သူလူထုနဲ့ လက်တွဲပြီးတော့ အကောင်ထည်ဖော်ဆောင်ရွက်ပေးသွားမှာပါ။

မေး-ဒီဒေသမှာ လိုအပ်နေတယ်ဆိုတာက ဘယ်လိုမျိူးတွေလိုအပ်နေတာလဲ။
ဖြေ-ကျွန်တော်တို့ ဒေသမှာဆိုရင် ပညာရေးအတော်လေးကို အားနည်းနေတယ်။ ကျန်းမာရေး အပိုင်းမှာလည်း အတော်လေးကို လိုအပ်နေတယ်။ စီးပွားရေးအပိုင်းမှာဆိုရင်လည်း အတော်လေးကို လိုအပ်နေပါတယ်။ လမ်းတံတား၊ လျှပ်စစ်မီး ဒါတွေလည်း အများကြီး လိုအပ်နေပါတယ်။

မေး-မွန်ပြည်နယ်မှာ တခြားတိုင်းရင်းသားတွေလဲရှိတယ်။ အဲဒီတိုင်းရင်းသားတွေအတွက် ဘာတွေလုပ်ဆောင်ပေးဖို့ရှိသလဲ။
ဖြေ-တိုင်းရင်းသားတွေတန်းတူ ညီတူအခွင့်အရေး ရရှိဖို့ ကျွန်တော်အကောင်ထည်ဖော် လုပ်ဆောင်သွားမယ်။ တိုင်းရင်းသားတွေနဲ့ လက်တွဲပြီးတော့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေး ဒါတွေကို အကောင်ထည်ဖော်ဆောင်ရွက်သွားပါမယ်။

မေး-ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီးတော့ ပြည်သူတွေကို ဘာတွေများမှာကြားချင်ပါသလဲ။
ဖြေ-ဒီရွေးကောက်ပွဲမှာ မွန်အမတ်လောင်းတွေထဲက အရည်အချင်းရှိတဲ့ မွန်အမတ်စစ်စစ်ကို မဲထည့်ပေးမယ်ဆိုရင် အရည်အချင်းရှိတဲ့အမတ်လောင်းတွေ လွှတ်တော်ထဲကို ရောက်ရှိပါလိမ့်မယ်။

ကိုယ်စားလှယ်လောင်းကိုယ်ရေးအကျဉ်း
အမည်-ဦးပန်းမောင် (ခ) နိုင်ရုတ်
အလုပ်အကိုင်-ဥယျာဉ်ခြံ
ပညာအရည်အချင်း-BSc-(Maths)
မွေးသက္ကရာဇ်-၂.၆.၁၉၆၄
လူမျိုး၊ဘာသာ-မွန်/ဗုဒ္ဓ
မှတ်ပုံတင်အမှတ်-၁၀/သဖရ(နိုင်)ဝ၂၂၃ဝဝ
နေရပ်လိပ်စာ-ဝါခရူကျေးရွာအလယ်ပိုင်း၊ သံဖြူဇရပ်မြို့နယ်
အဖအမည်-နိုင်ရွေဒီး
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်-သံဖြူဇရပ်မြို့နယ်
ယှဉ်ပြိုင်မည့်လွှတ်တော်-ပြည်သူ့လွှတ်တော်
လူမှုရေး-အမျိုးသားရေးလှုပ်ရှားမှုများ(အကျဉ်း)
-မွန်ဓမ္မာရုံအမှုဆောင်
-နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းအမှုဆောင်
-ဝါခရူမွန်မြို့ဟောင်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ
-မွန်အမျိုးသားကျောင်းရံပုံငွေ ရှာဖွေရေးအဖွဲ့၊ အလုပ်မှုဆောင်
-အထက(၂) သံဖြူဇရပ်မြို့ ကျောင်းအကျိုးတော်ဆောင်

Most read this week

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...