မေး ။ ။ ဥက္ကဌကြီးခင်ဗျ။ စည်းရုံးရေးဆင်းနေပြီလားခင်ဗျ။
ဖြေ။ ။ ဟုတ်ကဲ့ စည်းရုံးရေးဆင်းနေပါတယ်အခု။
မေး ။ ။ လူထုနဲ့တွေ့ဆုံရေးဆင်းတုန်းက လူထုအလိုအပ်ဆုံးက ဘာဖြစ်နေသလဲ။
ဖြေ ။ ။ ကျနော်တို့ဆီမှာ လျှပ်စစ်မီးတွေ၊ ဆက်သွယ်ရေးတွေ၊ စီးပွါးရေးတွေ ပညာရေး ကျန်းမာရေးတွေ အထူးလိုအပ်နေပါတယ်။ လယ်သမားတွေပေါ့နော်။ အလိုအပ်ဆုံးက ဆည်ပေါ့။ လယ်စပါးကိုရေဖြည့်ဖို့လေ။ တနှစ်မှာ လယ် ၂ ကြိမ်စိုက်တယ် မဟုတ်လား ဒီမှာက။ အဲတာကြောင့် ရေ အထူးလိုအပ်နေတယ်။
မေး ။ ။ တကယ်လို့ လုံးဟောင်ခမ်းက ရွေးကောက်ပွဲမှာ အနိုင်ရပြီးရင် လူထုကို ဘာအရင်ဆုံးလုပ်ပေး မလဲ။
ဖြေ ။ ။ လူထုတောင်းဆိုလာတာကိုတတ်နိုင်သမျှ လုပ်ပေးပါမယ်။ လူထုလို အပ်ချက် တွေထဲက မဖြစ်မနေ လိုအပ်တဲ့အရာကို ဦးစားပေးလုပ်ဆောင်ပေးမှာပါ။
မေး ။ ။ ကျိုင်းတုံမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဘယ်လောက်အထိ ယုံကြည်မှုရှိပါ သလဲခင်ဗျ။
ဖြေ ။ ။ ကျနော်တို့ ၁၂ ပါတီ ၁၂ ယောက်တောင် ပြိုင်ကြပါမယ်။ လူထုက ကျနော်တို့ပါတီအပေါ် ဘယ်လောက်ယုံကြည်လဲဆိုတာမူတည်တာပေါ့နော်။ ဘယ်လောက်အတိုင်းအတာအထိလဲဆိုတာတော့ ကျနော် မပြောနိုင်ပါဘူး။ အကောင်းဆုံး ဖြစ်အောင်ပဲ ကြိုးစားသွားမှာပါ။
မေး ။ ။ ပါတီရုံးဖွင့်ကတည်းက ခုချိန်ထိ လူထုနဲ့တွေ့ဆုံရတာ ဘယ်လောက်လောက်ရှိပြီလဲ၊ ဘယ်နှစ်ရာခိုင်နှုန်းရှိလဲခင်ဗျ။
ဖြေ ။ ။ ရာခိုင်နှုန်းနဲ့ပြောရင်တော့ ကျိုင်းတုံမြို့ရဲ့ ရ၀ ရာခိုင်နှုန်းလောက်ရှိ မှာပေါ့။ ကျေးရွာအနေနဲ့ ပြောရရင် ၁၄၀ ကျော်ရှိမယ်။
မေး ။ ။ ဥက္ကဌကြီးအနေနဲ့ ဒေသခံလူထုကို ဘယ်လိုပြောချင်ပါသလဲခင်ဗျ။
ဖြေ ။ ။ ကနေ့ခေတ်ဟာ ဒီမိုကရေစီခေတ်ကို ပြောင်းနေပါပြီ။ ရဲရဲလုပ် ရဲရဲပြောပါလို့ပဲ ပြောချင်ပါတယ်။
ကျိုင်းတုံမြို့မှာယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ ၉ ခု ရှိပါတယ်။ တသီးပုဂ္ဂလ၊ ကြံ့ခိုင်ရေးပါတီ၊ ဝ ပါတီ၊ NDF ပါတီ၊ ကျားဖြူပါတီ၊ မင်္ဂလာစည်တော် လို့ အများသိကြတဲ့ ESSDDP ပါတီ၊ NLD ပါတီ၊ ကျားခေါင်း ပါတီ၊ NUP ပါတီ၊ NDP ပါတီ၊ အခါပါတီ၊ လားဟူပါတီတို့ဖြစ်ကြပါတယ်။ ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ၃၅ ယောက်ရှိပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး၊ ပြည်နယ်လွှတ်တော် အမှတ် (၁) ၉ ဦး၊ ပြည်နယ်လွှတ်တော်အမှတ် (၂) ၈ ဦးနဲ့ အမျိုးသားလွှတ်တော် ၆ ဦးတို့ ဖြစ်ပါတယ်။