ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာအများစုတွင် စစ်ကောင်စီ သန်းခေါင်စာရင်း မကောက်နိုင်သေး

ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာအများစုတွင် စစ်ကောင်စီ သန်းခေါင်စာရင်း မကောက်နိုင်သေး

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ သန်းခေါင်စာရင်းကောက်ယူနိုင်သေးသည်ဟု ကော့ကရိတ် စစ်ကောင်စီအုပ်ချုပ်ရေး ဌာနနှင့် နီးစပ်သည့်သတင်းအရင်းအမြစ်က ပြောသည်။

ယခုအောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်းနှင့် အိမ်အကြောင်းအရာများကို ပညာရေးဝန်ထမ်းများအား စာရင်းကောက်ယူခိုင်းရာတွင် စစ်ကောင်စီတပ်၊ အပစ်ရပ် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့၊ ကြံ့ခိုင်ရေးပါတီ၊ စစ်တပ်ထောက်ခံသူများ ပါဝင်ကောက်ခံခဲ့သော်လည်း တော်လှန်ရေး မဟာမိတ်ပူးပါင်းတပ်များနှင့် စစ်ရေးတင်းမာနေသည့်နေရာအများစုတွင် စာရင်းကောက်ယူမှုမရရှိသေးကြောင်း အုပ်ချုပ်ရေးဌာနနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “သူတို့ ကျုံဒိုး၊ ကော့ကရိတ်ရပ်ကွက်တွေနဲ့ ကော့ဘိန်း၊ ကော့ပေါက်၊ ဘက်လောက်ပဲစာရင်း ကောက်နိုင်တယ်။ ကော့ကရိတ်တောင်ပိုင်း၊ မြောက်ပိုင်းကို KNU ဘက်ကပေးမကောက်ဘူး၊ ကျောင်း ဆရာတွေ ခိုးလာပြီး စာရင်းကောက်ပေမယ့် ရွာကပေးမကောက်ဘူး။ ဘုန်းကြီးကျောင်းခေါ် ကောက်လည်း လာပြီး စာရင်းမ‌ပေးကြဘူး။ စာရွက်နဲ့ ဖြည့်ခိုင်းတာလည်း ဖြည့်မပေးကြတော့ စာရင်းအကုန်မရတော့ ပြည်နယ်ကို စာရင်းတင်ဖို့အခက်တွေ့နေတယ်” ။ဟု ပြောသည်။

လက်ရှိ စာရင်းကောက်ယူမှုများ အခက်အခဲရှိနေသည့်အတွက် စစ်ကောင်စီက ရက်တိုးကောက်ခံမည်ဟု ကြေငြာထားသော်လည်း ကော့ကရိတ်တောင်ပိုင်း /မြောက်ပိုင်းကျေးရွာများဘက်ကို သန်းခေါင်စာရင်း ကောက်ယူသည့်အဖွဲ့ များမှ ကောက်ခံနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“စာရင်းကာက်တာက KNU ဘက်က တပ်မဟာ ၆ ရော၊ တပ်မဟာ ၇ ရော ရွာတွေကိုပေးမကောက်ဘူး။ စစ်တပ်ခန့်တဲ့အုပ်ကြီးတွေလည်းထွက်ကုန်ပြီ။ သူတို့ကိုယ်တိုင်လည်း မလာရဲ ကြဘူး။ ကျုံဒိုးဘက်လည်းရွာတွေ၊ နဘူးဘက်လည်း နည်းနည်းကောက်တယ်။ တစ်ရွာလုံးမကောက်နိုင်ဘူး။ ”ဟု ထီးဖိုးစံရွာသားက ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ဖားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် အနီးအနား ကျေးရွာတချို့တွင်သာ သန်းခေါင်စာရင်းကောက်ယူနိုင်သည်။ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ သံတောင်၊ ဘုရားသုံးဆူ မြို့ဘက်တွင်မူ သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်း မရှိသေးကြောင်း တော်လှန်ရေး စစ်ရေး နယ်မြေသတင်းအရင်းအမြစ်များ ပြောဆိုချက်အရ သိရသည်။

Most read this week

October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...