မိုးမောက်မှာ တစ်ကျော့ပြန်တိုက်ပွဲဖြစ်နေ

မိုးမောက်မှာ တစ်ကျော့ပြန်တိုက်ပွဲဖြစ်နေ

ဗန်းမော်မြို့ နယ် နဲ့ မိုးမောက်မြို့နယ်ကြား အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ကြား တိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီ KIO ပြောပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ဘက်နေ တင့်ကား ၄ စီးအပါ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ၆ မိုင်နဲ့ ၇ မိုင်ကုန်းနေရာမှာ တိုက်ပွဲဖြစ်နေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

“၂၀ ရက်နေ့ကစပြီး စစ်တပ်က တစ်ဖန်တင့်ကားတွေ တဖန်စစ်ကြောင်းထိုးနေတယ်လို့ကြားတယ်။ တိုက်ပွဲဖြစ်နေတာ သုံးရက်လောက်တော့ရှိလာပြီး ဒီကနေ့ အထိတော့ သေချာမသိရသေးဘူး။ အခုဖြစ်နေတဲ့ စစ်ရေးခြေအနေက ၇ မိုင်ကုန်းဘက်ကို တင့်ကားတွေနဲ့ စစ်ကြောင်းပြန်ထိုးနေတာ။ ဒရုန်း လက်နက်ကြီးမျိုးစုံ နဲ့ တိုက်ခိုက်နေတာ။ ဒါပေမယ့် ကျနော်တို့ဘက်က တန်ပြန်ခုခံတိုက်ခိုက်လိုက်တော့ ပြန်နောက်ဆုတ်ဆုတ်သွားကြတယ်။ အပြန်အလှန်တိုက်ပွဲဖြစ်နေတဲ့ သဘောပါ”လို့ပြောပါတယ်။

စစ်တင့်ကား ၄ စီးအပါအဝင် ခြေလျင်စစ်ကြောင်းနဲ့အင်အားအလုံးအရင်းသုံးပြီး KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းရှိတဲ့ ဘက်ကို ဦးတည်ပြီးတော့ ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။

ဒါကြောင့် စစ်တပ်နဲ့ KIA တပ်အကြားတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေရှိနေတယ်လို့လည်း ဗန်းမော်ကာကွယ်ရေးတပ်ဘက်ကလည်း ပြောပါတယ်။

“လေကြောင်းကနေပစ်တာတွေလည်းရှိနေတယ် ၇ မိုင်မှာမဟုတ်ပဲ ၆ မိုင်အထက်ဘက်မှာဖြစ်တယ် တပ်ဘက်က ဗျူဟာမှုးတယောက်ကျသွားတယ်လို့ကြားရတယ်ပြောတယ်။ စစ်တပ်ဘက်က အထိနာလို့ပြန်ဆုတ် ပြန်တက်လုပ်နေတယ်”လို့ပြောပါတယ်။

နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က ဗျူဟာမှူးကျသွားတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် KNG သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မKIA တပ်သိမ်းပိုက်လိုက်ပြီးနောက်  စစ်တပ်ဘက်က စစ်အင်အား ၄၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကြောင်းဟာ မိုးမောက်မြို့နယ်ဘက်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာ ၂ လဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။

ဒါကြောင့် KIA တပ်ဘက်ကလည်း စစ်ကောင်စီစစ်ကြောင်းထိုးစစ်ဆင်လို့မရအောင် ဗန်းမော် – မိုးမောက်မြို့နယ်ကြားက အောင်မြေကျေးရွာတစ်လျှောက် ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးက ဆယ်စုနှစ်တစ်ခုအကြာ နယ်ခြားစောင့်တပ်တွေ အဓိကထိန်းချုပ်ထားတဲ့ ချီဖွေ၊ ပန်ဝါအပါအဝင် ၁၀၀၂၊ ၁၀၀၃ တပ်ရင်းဌာနချုပ်နေရာသိမ်းပိုက်ထားနိုင်ပြီး ကံပိုင်တည်ဘက် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်။

October 24, 2024
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ပန်ဝါမြို့ကို တရုတ်အစိုးရက...
October 23, 2024
ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးထားတဲ့ ဖားကန့်မြို့နယ်၊ နယ်ခံသတင်းသမား ၂ ဦး အမြန်ဆုံး...
October 22, 2024
ပန်ဝါမြို့နေ ပြည်သူတွေဟာ လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရလို့...
October 21, 2024
နှစ်ပေါင်း ၆၀ နီးပါး ကွန်မြူနစ်စနစ် နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF...