သန်းခေါင်စာရင်း ဒီလကုန်အထိကောက်ယူမယ်လို့ စစ်ကောင်စီကြေညာ

သန်းခေါင်စာရင်း ဒီလကုန်အထိကောက်ယူမယ်လို့ စစ်ကောင်စီကြေညာ

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ ထပ်တိုးကောက်ယူသွားမယ်လို့ မနေ့ကစက်တင်ဘာလ ၁၆ ရက်နေ့မှာပဲ ကြေညာလိုက်ပါတယ်။

စစ်ကောင်စီတပ်ဘက်က သန်းခေါင်စာရင်းကောက်ယူမှု ရက်တိုးတဲ့အကြောင်းကြေညာရာမှာ အကြောင်း အမျိုးမျိုးကြောင့် သန်းခေါင်စာရင်းကောက်ယူလို့မရသေးတဲ့နေရာတွေမှာ ပြန်လည်ကောက်ခံသွားမှာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ကစလို့ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း သန်းခေါင် စာရင်း ကောက်ယူသွားမယ်လို့ ကြေညာခဲ့ပြီး တကယ်တမ်းလည်းကောက်ယူနေခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတော့ ပြီးခဲ့တဲ့ နှစ်ပတ်ကျော်အတွင်း သန်းခေါင်စာရင်းကောက်ယူခဲ့ရာမှာ ရပ်ကွက်တစ်ချို့မှာသာ တစ်အိမ်တက်တစ်အိမ်ဆင်းကောက်ခံတာတွေလုပ်ခဲ့ပြီး ရပ်ကွက်တစ်ချို့ မှာတော့ အုပ်ချုပ်ရေးမှူး နေအိမ်ဆီသွားရောက်စာရင်းပေးရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကောက်ပြီးပြီ အန်တီတို့ဆီမှာတော့။ ဘယ်နေရာတွေကောက်ပြီးပြီလဲတော့မသိဘူး။ အုပ်ချုပ်ရေးမှူး အိမ်ကို အိမ်ထောင်စုမိတ္တူနဲ့ တစ်အိမ် တစ်ယောက်သွားရတယ်။ ဘယ်အချိန်မင်္ဂလာဆောင်တယ်။ ကလေးဘယ်လောက်ရှိလဲ။ အိမ်က အိမ်သာက ဘယ်လိုအိမ်သာလဲ။ ရေအိုးဘယ်နှစ်ခုရှိတယ်။“လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ယောက်ကပြောပါတယ်။

ဒါပေမဲ့ နိုင်ငံတစ်ဝှမ်းက‌ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကာကွယ်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေ၊ စစ်ကောင်စီနဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ဒေသတွေမှာ လုံခြုံရေးအခြေနေအရ မကောက်ယူနိုင် တဲ့ ဒေသတွေလည်းများစွာရှိနေတာဖြစ်ပါတယ်။

ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်လည်းဖြစ် စစ်ရေးအခြေနေတင်းမာမှုတွေလည်းရှိနေတဲ့ ဗန်းမော်မြို့မှာ တော့ ရပ်ကွက်တိုင်းကိုတော့ ကောက်ယူနိုင်ခြင်းမရှိဘူးလို့ ဒေသခံတစ်ဦးကပြောပြပါတယ်။

“ကျနော်ကြားတာကတော့ အိမ်တိုင်ရာရောက်ကောက်တယ်ကြားတယ်။ သူတို့နဲ့နီးစပ်ရာတွေလောက်ပဲ အရင်ကောက်တာဖြစ်မယ်။ ရပ်ကွက်တိုင်းတော့ သူတို့ကောက်ဖို့လွယ်မယ်တော့မထင်ဘူးဗျ။လို့ပြောပါတယ်။

စစ်ကောင်စီဘက်က နိုင်ငံတစ်ဝှမ်း သန်းခေါင်စာရင်းကောက်ယူရာမှာ စစ်သား နဲ့ ရဲ တို့ဖြင့် လုံခြုံရေး အပြည့်ယူပြီးတော့ တစ်အိမ်တက်တစ်အိမ်ဆင်း ကောက်ယူခဲ့ကြောင်း စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄သောင်း ကျော်ဖြင့် သန်းခေါင်စာရင်းကောက်ယူခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ မြို့နယ်ပေါင်း ၂၃၃ မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန် နေတယ်လို့ ISP Myanmar က ထုတ်ပြန်ထားပြီး ဒီအခြေနေတွေအကြား စစ်ကောင်စီ ကောက်ယူနေတဲ့ သန်းခေါင်စာရင်းဟာ စာရင်းအမှန်မရနိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြနေကြပါ တယ်

Most read this week

October 16, 2024
ပူတာအိုမြို့နယ် ဆွမ်ပီယန်ရွာအပါအဝင် ကျေးရွာ ၃ ရွာမှ ပြည်သူ ၁၅၀၀ (တစ်ထောင့်ငါးရာ)ဟာ  တော၊...
October 15, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ တစ်ရက်တည်းလေကြောင်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရလို့...
October 15, 2024
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်-ထန်တလန်မြို့နယ်ကြား ချင်းပြည်အစိုးရတပ်ဖွဲ့က သိမ်းပိုက်ထားသည့်...
October 14, 2024
ကချင်ပြည်နယ် ကံပိုင်တည်မြို့မှာ ပြည်သူစစ်အဖွဲ့က တပ်သားစုဆောင်းတာတွေ အပူတပြင်းလုပ်နေတယ်လို့...