စစ်မှုထမ်းဥပဒေ အကြောင်းပြ၍ ငွေကောက်ခံ

စစ်မှုထမ်းဥပဒေ အကြောင်းပြ၍ ငွေကောက်ခံ

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်။စစ်မှုထမ်းဥပဒေ အကြောင်း ပြပြီး တနင်္သာရီတိုင်း မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးရုံး အဖွဲ့က ရွာသားများထံမှ အတင်းအဓမ္မ ငွေကြေးကောက်ခံနေသည်ဟု ရွာသားများက ပြောသည်။

ပသောင်းကျေးရွာအုပ်စုအတွင်း၌ ပသောင်း၊ ရှမ်းတောင်၊ တက်လက်ငယ်နှင့် တောင်ပုလဲကျေးရွာတို့ ပါဝင်ပြီး အိမ်ခြေပေါင်း ၈၇၂ ကျော်ရှိပြီး လူဦးရေ ၄ဝဝဝ ကျော်ရှိသည်။

အဆိုပါ ကျေးရွာများရှိ နေအိမ်များတွင် စစ်မှုထမ်းအတွက် လူငှားရမ်းရန်ဟု ဆိုကာ ရွာလုံးကျွတ်ကို ငွေကြေး ကောက်ခံနေပြီး မပေးနိုင်သည့် အိမ်များအား စာရင်းပြုစု၍ စစ်တပ်ကို ဖမ်းဆီးခိုင်းမည်ဟုဆိုကာ ပသောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့က ခြိမ်းခြောက်စကားများ ပြောဆိုခဲ့သည်ဟု ရွာသားတစ်ဦးက ဆိုသည်။

အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက “ပထမအကြိမ်က ကျပ်သုံးသောင်းနဲ့ ဒုတိယအကြိမ်က နှစ်သောင်း ခွဲ ဆိုပြီး နှစ်ကြိမ်ကောက်ပြီးပြီ။ ဒုတိယ အသုတ်မှာ ထည့်နိုင်မူရော မထည့်နိုင်တဲ့သူတွေပါရှိတာ။ မထည့်နိုင်သေး တဲ့ သူတွေကို အတင်း ဖိအားပေးပြီး ထည့်ခိုင်းတာ။ သူတို့က မေးချင်ပြောချင်ပေမဲ့ မမေးရဲဘူး ကြောက်နေရ တယ်” ဟု ပြောသည်။

ပသောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအဖွဲ့က သြဂုတ်မှ စတင်ပြီး စစ်မှုထမ်းအတွက် လူငှားရမ်းရန်ဟု ဆိုကာ ငွေကြေးကောက်ခံသည်မှာ နှစ်ကြိမ်ရှိနေပြီ ဖြစ်ပြီး ငွေကြေးမတတ်နိုင်သည့် သူများကိုပါ အတင်းအကြပ် ထည့်ခိုင်းနေသည်ဟု ရွာသားများက ဆိုသည်။အထည့်နိုင်သည့် အိမ်များကို စစ်ကောင်စီတပ်အား ဖမ်းခိုင်းမည်ဟု ပြောဆိုခြိမ်းခြောက်မှုများလည်း ရှိနေသည်ဟု ဆိုကြသည်။

ငွေကြေး ကောက်ခံရာတွင် စစ်မှုထမ်းလူငှားရမ်းရန်အတွက် ကောက်ခံသည်ဟု ဆိုပေသော်လည်း မည်သူ မည်ဝါကို ငှားရမ်းလိုက်ကြောင်းနှင့် ရရှိထားသည့် ငွေကြေးများကို မည်သို့ အသုံးပြုလိုက်သည်ကိုမူ  အုပ်ချုပ် ရေးအဖွဲ့က ကျေးရွာသားများအား ပြန်လည်ရှင်းတမ်းလုပ်ပေးခြင်းမျိုး မရှိဘူးဟု ရွာသားများက ဆိုသည်။

ရွာသားများထံမှ ငွေကြေး ကောက်ခံခြင်းများကို လက်ရှိ အုပ်ချုပ်ရေးမှူးနှင့် ယခင်အုပ်စု အုပ်ချုပ်ရေးမှူး ဟောင်းတို့က ဦးဆောင်လုပ်ကိုင်နေခြင်း ဖြစ်သည်။

ယခုကဲ့သို့ ငွေကြေး ကောက်ခံနေသည့် အပေါ် ရွာသားများ အနေဖြင့် ပြန်လည် မေးခွန်းထုတ်ရန် အတွက် အခက်အခဲ ဖြစ်နေသည်ဟု ရွာသားများက ပြောသည်။

အလားတူ မြိတ်မြို့နယ် တညက်ကျေးရွာအုပ်စုရှိ ပလုံးကျေးရွာတွင်လည်း အောက်တိုဘာလ ၅ ရက်နှင့် ၆ ရက်နေ့များက သန်းခေါင်စာရင်း ကောက်ယူမှုကို ရွာထဲရှိ လက်ဖက်ရည်ဆိုင်သို့ ခေါ်ယူပြီး ကောက်ယူခဲ့ကြောင်း ရွာသားများက ဆိုသည်။

သန်းခေါင်စာရင်း ကောက်ယူသည့် အဖွဲ့တွင် စစ်ကောင်စီတပ်ဖွဲ့၊ ရဲ၊ ပျူ‌စောထီး၊ ထွေအုပ် အရာရှိများနှင့် စာရင်း ကောက်ယူသည့်သူများ အားလုံးပါဝင်ပြီး ကောက်ခံရာတွင်လည်း ရွာသားများ အပေါ် အာဏာပြပြီး ဟိန်း ဟောက်ခြင်း၊ ခြိမ်းခြောက်ခြင်းများပါ လုပ်ခဲ့သေးသည်ဟု ပလုံးရွာသားတစ်ဦးက ဆိုသည်။

ပလုံးကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ပြည်သူ့ကာကွယ်ရေး တပ်များ ဘက်မှ နယ်မြေ စိုးမိုးထားခြင်မျိုး မရှိသည့် နေရာတစ်ခုလည်းဖြစ်ပြီး အိမ်ထောင်စု သုံးရာဝန်းကျင် ရှိသည်။

ပြည်သူ့ကာကွယ်‌ရေး တပ်မတော် မြိတ်ခရိုင် (တပ်ရင်း ၁) မှ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်နေသည့် စစ်သား၊ ရဲ၊ ပျူစောထီး၊ Non-CDM ဝန်ထမ်းများနှင့် အုပ်ချုပ်‌ရေးမှူးများကို ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း အောက်တိုဘာလ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ထိန်းချုပ်ထားနိုင်သည့် မြို့ပေါ်နှင့် ကျေးရွာအချို့တို့တွင် လုံခြုံရေး တင်းကြပ်စွာ ချထားပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းများကို ဆက်လက် လုပ်နေကြဆဲ ဖြစ်သည်။

Most read this week

October 11, 2024
ကရင်နီပြည်တွင် တော်လှန်‌ရေးအဖွဲ့များ၊ နိုင်ငံရေး အဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများ...
October 10, 2024
စစ်ဘေးအပြင် ရေဘေးနှင့် ရင်ဆိုင်နေရသော ပြည်သူများကို ထိရောက်သည့် အကူအညီများ ပေးနိုင်ရန်အတွက်...
October 3, 2024
ကချင်အထူးဒေသ ၁ ၊ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ တိုက်ခိုက်သိမ်းပိုက်...
October 3, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက်။ထိုင်း - မြန်မာနယ်စပ်က မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း...