Published
Monday, September 16, 2024
မောင်တောရှိ နောက်ဆုံးလက်ကျန် နခခ (၅) ကို AA ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေ
ရခိုင်မှာ စစ်ကောင်စီက အရပ်ဘက် ပစ်မှတ်တွေကိုသာမက အာရက္ခတပ်တော် AA က ထိန်းသိမ်းထားတဲ့ အချုပ်ထောင်တွေကိုပါ ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။
မောင်တောရှိ နောက်ဆုံးလက်ကျန် နခခ (၅) ကို အာရက္ခတပ်တော် (AA) က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။
ရခိုင်ပြည်၊ ဂွမြို့နယ်ထဲက ပြည်သူတွေကို ဆန်သယ်ယူခွင့် တင်းတင်း ကြပ်ကြပ် တားမြစ်ထားပေမယ့် စစ်မှုထမ်းဟောင်းတွေနဲ့ စစ်ကောင်စီတို့က ပေါင်းပြီး ဆန်တွေကို တင်သွင်းကာ စီးပွားဖြစ် ဈေးအဆမတန် တင်ရောင်းချနေကြတဲ့ သတင်း အပါအဝင် တခြား စိတ်ဝင်စားစရာ ကောင်းတဲ့ ရခိုင်သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။