ကရင်နီပြည်တွင် လက်နက်ကိုင်ဆောင်ခွင့်ကို ထိန်းချုပ်မည်

ကရင်နီပြည်တွင် လက်နက်ကိုင်ဆောင်ခွင့်ကို ထိန်းချုပ်မည်

ကရင်နီပြည်တွင် လက်နက်ကိုင်ဆောင်ခွင့်အား ကန့်သတ်ထိန်းချုပ်သွားမည်ဟု ကရင်နီပြည် ကြားကာလ အုပ် ချုပ်ရေး ကောင်စီ IEC က ထုတ်ပြန်ပြောဆိုထားသည်။

ကရင်နီလူထု အကြား တပ်ဖွဲ့ဝင်များ မဟုတ်သောသူများ၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုကို ထိရောက် စွာ မကန့်သတ်နိုင်ပါက ရာဇဝတ်မှုများ ပိုများလာစေနိုင်သည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောသည်။

“မဆိုင်တဲ့သူတွေတပ်ဖွဲ့ဝင်မဟုတ်တဲ့သူတွေ လူထုကြားတွေမှာလည်းရှိနေတယ် အပြင်းပြေကိုင်တာလား ဒါမှ မဟုတ် တစ်ခုခုကို အလွှဲသုံးစား လုပ်ဖို့ ကိုင်တာလားဆိုတာကို အဲ့ဟာတွေကလည်း များလာတယ်ပေါ့နော်။ ဒါတွေက ရာဇဝတ်မှုကို ပိုပြီးတော့မှ ဖြစ်စေနိုင်တဲ့ အနေအထားတွေ ဖြစ်နေတယ်ပေါ့နော်။”

ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများတွင် လူမှုဘဝလုံခြုံပြီး မျှတစွာ ရှင်သန်ရပ် တည်ခွင့် ရှိစေရေးအတွက် အထူးတားမြစ် စီမံဆောင်ရွက်သွားမည့် အချက် ၄ ချက်ကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အချက် ၄ ချက်ထဲတွင် တော်လှန်ရေး တပ်ဖွဲ့များ မဟုတ်သည့် တရားမဝင် လက်နက် ကိုင်ဆောင်မှုနှင့် လက်နက်ခဲယမ်းများ ရောင်းဝယ်ဖောက်ကားမှုကို တားမြစ်သွားမည်ဟု ပါရှိသည်။

ကရင်နီဒေသထဲ၌ ရိုးရာတူမီးနှင့် လေသေနတ်တို့ကို အစဉ်အဆက် လွတ်လပ်စွာ ကိုင်တွယ်ခွင့် ရရှိနေကြပြီး စစ် အာဏာရှင် တော်လှန်ရေးကာလတွင် ခေတ်မှီမောင်းပြန် သေနတ်များနှင့် ဆက်စပ် လက်နက်ခဲယမ်းများပါ မှောင်ခိုဈေးကွက်၌ အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် အခြေအနေမျိုး ဖြစ်လာသည်ဟု ဒေသခံများက ပြောသည်။

တရားမဝင် လက်နက်များ ဖောင်းပွလာသည့် နောက်ဆက်တွဲအနေဖြင့် ရာဇဝတ်မှုများ သာမက အခြားသော ဘေး ထွက်ဆိုးကျိုးများလည်း ရှိနေသည်ဟု သေနတ်အကြောင်းသိရှိသော အမည်မဖော်လိုသူ အသက် ၃၈ နှစ် အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အခုက သေနတ်တွေက တအားဖောင်းပွနေတယ်။ သူတို့က စည်းမရှိ ကမ်းမရှိ ပစ်တယ်လေ။ ပစ်တဲ့အချိန်မှာ ဘာဖြစ်သွားလဲ ဆိုတော့ တစ်ခါတစ်လေ ထိခိုက်မှုတွေရှိတယ်။ ကိုင်တတ်တဲ့သူလည်း ကိုင်တတ် မကိုင်တတ်တဲ့ သူတွေလည်း ကိုင်တယ်။ ဖြစ်တဲ့အချိန်တော့ လွတ်လွတ်လပ်လပ် ကိုင်လို့ရတာပဲ ဆိုပြီးတော့ လွယ်လင့်တကူ ရတာပဲ ဆိုပြီးတော့ အကုန် လုပ်ကြတော့ သူ့ဘေးထွက် ဆိုးကျိုးတွေ တအားများတယ်။ အထူးသဖြင့် သေနတ် အကြောင်း သိပ်နားမလည်တဲ့ ကလေးတွေ အခံရဆုံးပဲ။”

ယခုကဲ့သို့ ကြပ်မတ်ဆောင်ရွက်ရာ၌ ရပ်ရွာလူထုထဲတွင် ကိုင်ဆောင်ထားသော ပစ္စတိုများ၊ တစ်ထောင့်ထိုး လက်နက်များ၊ ရိုးရာတူမီးသေနတ်များ၊ လေသေနတ်များနှင့် လက်လုပ် လေသေနတ်များ ပါဝင်ပြီး မောင်းပြန် (အော်တို) နှင့် ဆီမီး (အော်တို) သေနတ်များ၊ စစ်ဦးစီးအဖွဲ့ (ကာကွယ်ရေး) ၏ ခွင့်ပြုချက်မရဘဲ ရောင်းဝယ်နေ သည့် လက်နက်များ၊ မှောင်ခိုနည်းသုံးပြီး ရောင်း၊ ဝယ်၊ စုဆောင်းထားသည့် ကျည်မျိုးစုံနှင့် တပ်ဖွဲ့၏ ခွင့်ပြုချက် မရဘဲ လက်နက်များ ကိုင်ဆောင်တာမျိုးတို့ ပါဝင်တယ်လို့ IEC က ဆိုသည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့)၊ သက် ဆိုင်ရာမြို့နယ် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ/ကော်မတီတို့ အကြား ညှိနှိုင်းပြီး လက်နက်ခဲယမ်း စာရင်း ကောက်ယူခြင်း၊ မှတ်ပုံတင်ခြင်း၊ စည်းကမ်း သတ်မှတ်ချက်များနှင့် ကိုင်ဆောင်စေခြင်းတို့ကို ထိန်းသိမ်း ကြပ် မတ် ဆောင်ရွက်သွားမည်ဟု IEC က ထုတ်ပြန်ထားသည်။

September 17, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊...
September 17, 2024
မြိတ်မြို့နယ်၊ သမုတ်ကျေးရွာအုပ်စုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်း လူစားထိုးရန်အတွက်...
September 12, 2024
စစ်ကိုင်းတိုင်း၊ ကျွန်းလှနှင့် ကန့်ဘလူက စစ်ရှောင်ပြည်သူများ ရာသီတုတ်ကွေးများ ဖြစ်နေကြပြီး ဆေးဝါး...
September 11, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် အမျိုးသမီးများနှင့် လူငယ်...