စစ်တပ်ကို အမြန်ဆုံးအရေးယူပေးဖို့ တအာင်းနဲ့ ကရင်နီတို့ တောင်းဆို

စစ်တပ်ကို အမြန်ဆုံးအရေးယူပေးဖို့ တအာင်းနဲ့ ကရင်နီတို့ တောင်းဆို

စစ်တပ်ကနေ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ဥပဒေအရ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ အမြန်ဆုံးအကောင်အထည်ဖော်ဖို့ တအာင်းနဲ့ကရင်နီတို့ရဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက နိုင်ငံ တကာကို သဘောထားကြေညာချက်များဖြင့် စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေအပါအဝင် အပြစ်မဲ့ပြည်သူတွေ သေဆုံးမှုအပေါ် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC နဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တို့က သဘောထားထုတ်ပြန်ခဲ့တာပါ။

IEC ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်ကနေ အပြစ်မဲ့အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ကျူးလွန်နေဆဲဖြစ်တာကြောင့် ကရင်နီပြည်အတွင်း အခုနှစ်မှာ အရပ်သား ၂၄ ဦး သေဆုံးခဲ့ရပြီး အယောက် ၄၀ ဒဏ်ရရရှိခဲ့ပါတယ်။

ဒါကြောင့် စစ်တပ်က လူသားတွေရဲ့ ဘဝလုံခြုံစွာ ရှင်သန်ရပ်တည်ခွင့်ကို လက်နက်ကိုင်ပဋိပက္ခအတွင်း အပြစ်မဲ့ပြည်သူတွေကို တရားလက်လွတ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေမှုကို ပြ သနေတာလို့ IEC က ဆိုပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက စစ်တပ်ရဲ့ လုပ် ရပ်တွေကို သိသိသာသာအရေးယူနိုင်ဖို့ နိုင်ငံသားတိုင်း အစုအဖွဲ့အတိုင်းမှာ တာဝန်ရှိလာပြီဆိုတဲ့ သ ဘော ပေါ်လွင်လာတယ်လို့ ပြောပါတယ်။

“အထူးသဖြင့် လူထုတွေကို အကြောက်တရားနဲ့ အမြဲတမ်းထိန်းချုပ်ပြီး အုပ်ချုပ်လာခဲ့တဲ့ စစ်တပ် စစ်ကောင်စီက ဒီအတိုင်းဆက်လုပ်နေမှာပဲ။ ဒီအပေါ်မှာ လူထုတွေက နစ်နာဆုံးရှုံးတဲ့ အခြေအနေကို ပိုစိုက်ရောက်တာ‌ပေါ့။ အခြားတစ်ဘက်မှာကလည်း ကျွန်တော်တို့ ဒီထက်ပိုပြီး ဒီလုပ်ရပ်တွေအပေါ် သိသိသာသာ အရေးယူနိုင်ဖို့လည်း ကြိုးစားရမယ့်တာဝန်က နိုင်ငံသားတိုင်းအစုအဖွဲ့တိုင်းမှာ တာဝန်ရှိလာပြီဆိုတဲ့ သဘောလည်း ပေါ် လွင်လာပါတယ်”လို့ ဆိုပါတယ်။

TPCC ကတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၂ လကျော်အတွင်း စစ်ကောင်စီဟာ စစ်ဘက်နဲ့ လုံးဝမသက်ဆိုင်တဲ့ အရပ်သားတွေနေထိုင်ရာ ရပ်ရွာတွေ၊ လူနေအိမ်တွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ် ၁၅ ဦးအပါအဝင် ၂၀၁ ဦး သေဆုံးပြီး ၂၃၀ နီးပါး ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ်၊ ဈေး၊ စာသင်ကျောင်းနဲ့ အဆောက်အအုံပေါင်း ၁၇၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီအတွက်ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်တပ်ကျူးလွန်နေတဲ့ လူမျိုးပြုန်းဆိတ်သုန်းစေတဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာစစ်ခုံရုံးကနေ အမြန်ဆုံးအရေးယူဖို့ TPCC နဲ့ IEC တို့က တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် နိုင်ငံအသီးသီးက လက်နက်ခဲယမ်းတွေ၊လေယာဉ်ဆီ ရောင်းချမှုတွေ ရပ်တန့်ပေးဖို့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ တိုးမြှင့်ပံ့ပိုးပေးဖို့ကိုလည်း တိုက်တွန်းတောင်းဆိုထားတာ ဖြစ်ပါတယ်။

September 17, 2024
လာမယ့်အောက်တိုဘာမှာ စစ်ကောင်စီကောက်ယူမယ့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းဟာ...
September 16, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် သေဆုံးသူ...
September 14, 2024
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီစခန်းကို စက်တင်ဘာ ၁၂ ရက်နေ့...
September 13, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လာမယ့်...