မွန်ပြည်နယ်မှာ ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ဖို့ စစ်ကောင်စီလူစစုပြီ

မွန်ပြည်နယ်မှာ ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ဖို့ စစ်ကောင်စီလူစစုပြီ

မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းဖို့အတွက် စစ်ကောင်စီဘက်က လူသစ်စုဆောင်းတာနဲ့ လိုက်လံစည်းရုံးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်‌ရေးအဖွဲ့ဝင်တွေဟာ ဩဂုတ်လနောက်ဆုံးအပတ်ကစပြီး ဘီးလင်း၊ သထုံ၊ ချောင်းဆုံနဲ့ ရေးမြို့နယ်တို့မှာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အတွက် လူသစ်စုဆောင်းနေတာပါ။

အဲဒီလိုလူသစ်စုဆောင်းရာမှာ ယူနီဖောင်းနဲ့ လက်နက်တွေတပ်ဆင်‌ပေးမယ့်အပြင် တစ်ရက်လျှင် ကျပ် ၆၈၀၀ ထောက်ပံ့ပေးမယ့်အကြောင်း လိုက်လံစည်းရုံးနေတယ်လို့ ဘီးလင်းဒေသခံတစ်ဦးက ပြောပြပါတယ်။

အလားတူ ရေးမြို့နယ်မှာ ဩဂုတ် ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီ ရပ်ကွက်‌ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက ရပ်ကွက်ကျေးရွာတိုင်းမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ အမြန်ဖွဲ့စည်းဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီကတော့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တွေကို တိုက်ပွဲတွေနဲ့ ကိုက်ညီတဲ့ လက်နက်နဲ့စစ်ပစ္စည်းတွေ တပ်ဆင်ပေးတာ၊ စားနပ်ရိက္ခာတွေ အချိန်မီလုံလောက်စွာ ပြည့်တင်းပေးနိုင်ဖို့ ထောက်ပံ့ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားတာပါ။

ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အတွက် အသက် ၃၅ နှစ်နဲ့အထက် အမျိုးသားတွေကို ခေါ် ယူသွားမှာဖြစ်ပြီး သူတို့တွေကို တစ်လကြာ စစ်သင်တန်းပေးပြီးနောက် ရပ်ရွာလုံခြုံရေးအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကနိုင်ငံကို မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိဖို့ လုပ်ဆောင်သင့်တာကို ဆက်လက်လုပ်ဆောင်မှာဖြစ်တာကြောင့် ပြည်သူပါတဲ့ လုံခြုံ ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ဩဂုတ် ၂၅ ရက်နေ့မှာ ပြောဆိုထားပါတယ်။

ဒေသခံပြည်သူတွေကတော့ စစ်တပ်ဟာ ပြည်သူကို ကာကွယ်ရမည့်အစား ပြည်သူက စစ်တပ်ကို ပြန်ကာကွယ်ရမယ့် သဘောဖြစ်တဲ့အတွက် လက်မခံနိုင်ဘူးလို့ ဝေဖန်တာပါ။

စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်အင်အားဖြည့်တင်းဖို့ ပြည်သူစစ်မှုထမ်း၊ ပြည်သူစစ်အကြောင်းပြချက်တွေနဲ့လူစုနေပေမယ့် လုံလောက်မှုမရှိနေတာကြောင့် တစ်နိုင်လုံးရှိ အမျိုးသားအားလုံးစစ်မှု ထမ်းလာအောင် နည်းလမ်းပေါင်းစုံနဲ့ကြိုးစားနေတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့မှာတော့ ဥက္ကဋ္ဌအဖြစ် နယ်စပ်ရေးရာဝန်ကြီးက တာဝန်ယူမှာဖြစ်ပြီး ဒုဥက္ကဋ္ဌ (၁)အဖြစ် ကာကွယ်ရေးဒုဝန် ကြီးနဲ့ ဒုဥက္ကဋ္ဌ (၂) အဖြစ် ပြည်ထဲရေးဒုဝန်ကြီးတို့က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က အရာရှိတွေအပါအဝင် တိုင်းစစ်ဌာနချုပ်က ဒုတိုင်းမှူးတွေ၊ တိုင်းနဲ့ ပြည်နယ်က လုံခြုံရေးနဲ့ နယ်စစ်ရေးရာဝန်ကြီးတွေ၊ ပြည်ထဲရေးက ရဲတပ်ဖွဲ့ချုပ်၊ စစ်မှုထမ်းဟောင်းအဖွဲ့ ဌာနချုပ်မှူး၊ ထွေအုပ်နဲ့ မီသတ်ဦးစီးဌာနက ဒုညွန်မှူးချုပ်တွေလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုတွေကတော့ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းဖို့ ကြိုး ပမ်းတဲ့ မည်သူမဆို စစ်ရေးပစ်မှတ်သတ်မှတ်ပြီး တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါတယ်။

September 13, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လာမယ့်...
September 12, 2024
မွန်ပြည်နယ် ရေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေထံ ငွေကြေးထောက်ပံ့တာတွေ လုပ်...
September 11, 2024
မွန်ညီညွတ်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဖြစ်တာကြောင့်...
September 10, 2024
စစ်တပ်ကနေ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ဥပဒေအရ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ...