လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကရင်၊ မွန်နှင့် တနင်္သာရှိတို့တွင် လူ ၇ သောင်းခွဲ ထွက်ပြေးနေရ

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကရင်၊ မွန်နှင့် တနင်္သာရှိတို့တွင် လူ ၇ သောင်းခွဲ ထွက်ပြေးနေရ

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပြီးခဲ့သည့် ဇူလိုင်လ တစ်လတာအတွင်း စစ်တပ်မှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဒေသခံ ၇၅,၀၀၀ နေရပ်မှ စွန့်ခွာ စစ်ဘေးတိမ်းရှောင် ခဲ့ရသည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က ပြောသည်။

နေအိမ် ၁၂၀ ကျော်လည်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည်ဟု ပြောသည်။

မွန်ပြည် လူ့အခွင့်ရေး ဖောင်ဒေးရှင်း (HURFOM) မှ တာဝန်ရှိသူ နိုင်အဲမွန်က “ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးပေါ့နော်။ အားလုံးပေါင်း ၇၅,၀၀၀ တစ်လထဲမှာ ပေါ့နော်” ဟု ပြောသည်။

စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုများကြောင့် တနင်္သာရီတိုင်း ဒေသကြီးရှိ ရေဖြူမြို့နယ်နှင့် ထားဝယ်မြို့ အရှေ့ဘက်ဒေသ၊ ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်၊ မွန်ပြည် နယ်တွင် ဘီးလင်း၊ ကျိုက်ထိုမြို့နယ်နှင့် ရေးမြို့နယ်ရှိ နေအိမ်အလုံးရေ ၁၂၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ရသည် ဟု မွန်ပြည် လူ့အခွင့်အရး ဖောင်ဒေးရှင်း (HURFOM) က ပြောသည်။

ဒေသခံများ၏ နေအိမ်များ ပျက်စီးခဲ့ရသည့် အကြောင်းအရင်းကို (HURFOM) မှ တာဝန်ရှိသူ နိုင်အဲမွန်က ယခု ကဲ့သို့ ပြောသည်။

“အဓိကအားဖြင့် စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှု ရမ်းသမ်းပစ်ခတ်တဲ့ အထဲမှာဆိုရင် လက်နက်ကြီး ပစ်ခတ် မှု၊ ပြည်သူတွေရှိတဲ့ နေရာတွေကို ဦးတည်ပြီး ရမ်းသမ်း ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တာြဖစ်တဲ့ အတွက်ကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးတာ ရှိသလို တချို့ဆိုလည်း တစ်စိတ်တစ်ပိုင်း ဆုံးရှုံးသွားတာတွေလည်း တွေ့ရ တယ်ပေါ့နော်။ ၁၂၀ ဆိုတဲ့ ဒီကိန်းဂဏန်းဟာ ဆိုလို့ရှိရင် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားတာတွေရော အလုံးစုံ ပျက်စီးသွားတာတွေရော လုံးဝပြာဖြစ်သွားတဲ့အထိ မီးတိုက်ခံရတဲ့ ကိစ္စတွေရော အကုန်ပါတယ်ပေါ့နော်။”

နေအိမ်များ ပျက်စီးသွားသည့်အပြင် ရပ်ရွာများထဲ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများ ကြောင့် မွန်၊ ကရင်နှင့် တနင်္သာဒေသထဲက ပြည်သူများမှာ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် နေရာများဆီ စစ်ဘေးရှောင်နေကြသူများလည်း ရှိနေသည်။

စစ်ဘေးရှောင် ပြည်သူများသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် မွန်ပြည်သစ်ပါတီနှင့် လက်နက်ကိုင် အဖွဲ့ အစည်းများ ထိန်းချုပ်ထားသည့် နယ်မြေများ၊ ထားဝယ်ဘက်တွင် NUG လက်အောက်ရှိ PDF များ ထိန်းချုပ် ထားသည့် နယ်မြေများဆီသို့ ပင်ပန်းဆင်းရဲစွာ ထွက်ပြေးရှောင်တိမ်း နေထိုင်ကြသည်။

ကရင်ပြည်နယ်၊  မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးထဲရှိ စစ်ဘေးရှောင်ဒေသခံ ၇၅,၀၀၀ ဦး အတွက်  စားနပ်ရိက္ခာများ၊ နေရာထိုင်ခင်း အမိုးအကာများအပြင် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှု အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့ နေကြရပြီး အကူအညီများ လိုအပ်နေကြသည်။ 

Most read this week

September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...
September 17, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊...
September 17, 2024
မြိတ်မြို့နယ်၊ သမုတ်ကျေးရွာအုပ်စုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်း လူစားထိုးရန်အတွက်...