ချင်းပြည်အတွင်း လတ်တလော စစ်ရေးတင်းမာမှုကို တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာသော နည်းလမ်းဖြင့် အမြန်ဆုံးဖြေရှင်းနိုင်ရေး ချင်းပြည်ကောင်စီဆွေးနွေး

ချင်းပြည်အတွင်း လတ်တလော စစ်ရေးတင်းမာမှုကို တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာသော နည်းလမ်းဖြင့် အမြန်ဆုံးဖြေရှင်းနိုင်ရေး ချင်းပြည်ကောင်စီဆွေးနွေး

ချင်းပြည်အတွင်း လတ်တလောဖြစ်ပေါ်နေသည့် စစ်ရေးတင်းမှုများကို အဖွဲ့အစည်းအချင်ချင်းကြား တွေ့ဆုံနွေးနွေးညှိ နှိုင်းအဖြေရှာသည့် နည်းလမ်းဖြင့် အမြန်ဆုံးဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ကြောင်း ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။

ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီ၏ ဆဌမအကြိမ်ပုံမှန်အစည်းအဝေးကို ဇူလိုင် ၁၀ ရက်မှ ၁၃ ရက်နေ့အထိ ၄ ရက်တာ ဆွေးနွေးခဲ့ကြရာမှာ အချက် ၅ ချက်ကို ဆွေးနွေးခဲ့ကြသည်ဟု  ဇူလိုင် ၁၇ ရက်တွင် ချင်းပြည်ကောင်စီက ထုတ်ပြန်လာသည်။

ချင်းလဲန်းကောင်စီအတွင်းရေးမှူး ဆလိုင်းပေါလ်က“အခုလတ်တလောဖြစ်နေတဲ့ မတူပီမှာဖြစ်ပွားနေတဲ့ဖြစ်စဉ်တွေ၊ ဥပမာအားဖြင့်ပြောမယ်ဆိုရင် လိုင်လင်းပီကိစ္စတို့ CDF-Mara နဲ့ CNF/CNA တို့ထိန်းချုပ်ထားတဲ့နေရာမှာ MDF က သူတို့မဟာမိတ် AA ကိုခေါ်ပြီးမှ ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှား နေတဲ့ကိစ္စတွေ၊ ပြီးတော့ တခြား ချင်းပြည်တောင်ပိုင်း မင်းတပ် ကန်ပက်လက်ဘက်မှာကော အချင်း ချင်းကြားထဲမှာ စစ်ရေးအရပွတ်တိုက်မှုလေးတွေကြားနေရတယ်ပေါ့နော် ကျနော်တို့အချင်းချင်းကြား မှာဖြစ်တဲ့ကိစ္စကို စစ်ရေးအရ စစ်ရေးနဲ့တိုက်ရိုက်တုံ့ပြန်တာမျိုးမလုပ်ပဲနဲ့ ငြိမ်းချမ်းစွာအဖြေရှာကြဖို့ကျနော်တို့က လိုလားပါတယ်ဆို တာကိုဖော်ပြ တာဖြစ်ပါတယ်” ဟုပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် ချင်းပြည်ကောင်စီထဲ ပူပေါင်းပါဝင်လာနိုင်ခြင်းမရှိသေးသော အဖွဲ့များပါဝင်လာနိုင်ရေး၊ ချင်းပြည်အတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီတပ်စခန်းများအား ချင်းပြည်အစိုးရတပ်ဖွဲ့ဖြင့် အမြန်ဆုံသိမ်းပိုက်နိုင်ရေးတို့ လည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ချင်းပြည်အတွင်း ချင်းပြည်သူများအချင်းချင်းကြား စိတ်ဝမ်းကွဲစေရန် သတင်းအမှားများ နည်းမျိုးစုံဖြင့် ဖြန့်ဝေနေမှုကို ချင်းပြည်သူများက အခြေအနေမှန်၊ သတင်းမှန်၊ ဖြစ်ရပ်မှန်များ အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် ချင်းပြည်ပြန်ကြားရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ပလက်ဝမြို့နယ်များရှိ ဒိုင်ရ်မျိုးနွယ်စုများ တစုတဖွဲ့တည်းဖြင့် ပေါင်းစည်းပြီး ချင်းပြည်ကောင်စီသို့ ပူးပေါင်းပါဝင်လာနိုင်ရေးကိစ္စရပ်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ချင်းပြည်ကောင်စီသည် ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေး ချင်းပြည်တည်ဆောက်ရေး၊ ပြည်သူများ စစ်အာဏာရှင်လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ရေးတို့အတွက် စစ်ရေးနှင့် နိုင်ငံရေးဟန်ချက်ညီစွာဖြင့်  အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

Most read this week

September 28, 2024
စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်တွင် ပါဝင်သူများကို ပြင်းထန်စွာအရေးယူမည်ဟု ZFU/...
September 27, 2024
ချင်းပြည်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ဆော -...
September 25, 2024
ချင်းပြည်နယ်မြောက်ပိုင်း အစွန်ဆုံးမြို့ဖြစ်သည့် တွန်းဇံမြို့တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်ပြီး...
September 24, 2024
မင်းတပ်မြို့နယ် တိုက်နယ်တချို့က ကျေးရွာများတွင် အိမ်မွေးကြက်နှင့် ဘဲများသည် ရောဂါလက္ခဏာမပြသဘဲ...