မတူပီစစ်ဘေးရှောင် ၃ ထောင်ကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာတွေလိုအပ်နေပြီလို့ သိရ

မတူပီစစ်ဘေးရှောင် ၃ ထောင်ကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာတွေလိုအပ်နေပြီလို့ သိရ

တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွါးခဲ့တဲ့ ချင်းပြည်နယ် မတူပီမြို့နယ်က စစ်ဘေးရှောင် ၃ ထောင်ကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာနဲ့ ခြင်ထောင်၊ မိုးကာတွေ လိုအပ်နေပြီလို့  မတူပီ IDPs Suppporting Committee ကတာဝန်ရှိသူတစ်ဦးက Chin World Media ကိုပြောပါတယ်။

မတူပီ IDPs Suppporting Committee ကတာဝန်ရှိသူတစ်ဦးက “အခုလက်ရှိ စစ်ဘေးရှောင်တွေအတွက်  ရွာခံတွေ သူတို့နည်းနည်းပါးပါး လှောင်ထားတဲ့  ဆန််တွေကို မျှခိုင်းနေရတာပေါ့ ရွာခံတွေမှာလည်း အဲလောက်များများဘယ်ရှိမလဲ အခုလက်ရှိ ဒီကိစ္စကို ဒီလိုဘဲဖြေရှင်းနေရတယ် နောက်လဆိုရင် လုံးဝစားစရာတောင် ရှိမှာ မဟုတ်ဘူး အိန္ဒိယဘက်ကို သွားသယ်မှရတော့မယ် နောက်ပြီးအခုလက်ရှိ ငှက်ဖျားအဖြစ်များနေကြတယ် ခြင်ထောင်လည်း လုံလုံလောက်လောက်မရှိကြတော့ အဲဒါတွေလည်း လိုအပ်နေကြတာပေါ့” လို့ပြောပါတယ်။

“ဇွန်လအစပိုင်းက ဖြတ်သန်းသွားလာခွင့်ကို ချင်းလဲန်းကောင်စီက ပိတ်ခဲ့ပြီး အဲဒီချိန်တုန်းက သယ်ယူလို့ရခဲ့ရင် အခုချိန်မှာ စစ်ဘေးရှောင်တွေခံသာမှာ ကျမကလည်း  CC ပြောရေးဆိုခွင့်ရှိသူကို ဒါက စစ်ဘေးရှောင်တွေ အတွက် သယ်ယူတာဖြစ်တယ်လို့ ပြောတဲ့ချိန် သူတို့ကလည်း စစ်ဘေးရှောင်အတွက်ဘဲ သွားလာခွင့်ပြုတယ် သူတို့ ခွင့်ပြုတဲ့ချိန်က မိုးများသွားပြီဆိုတော့ လမ်းကလည်း မြေပြိုတာ စတာတွေကြောင့် ကားသမားတွေကို ပိုက်ဆံဘယ်လောက်ပေးပေး မသွားကြတော့ဘူးဆိုတော့ စားနပ်ရိက္ခာက မရှိသလောက်ဖြစ်နေပြီ”လို့ သူကဆက်ပြီးပြောပါတယ်။

မတူပီစစ်ဘေးရှောင်ဦးရေဟာ ၅ ထောင်ကျော်ရှိပြီး အဲဒီထဲကနေ ၁ ထောင်ဝန်းကျော်ဝန်းကျင်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်ကို စစ်ဘေးရှောင်နေကြပြီး ကျန်တဲ့ ၃ ထောင်ကျော်ကတော့ မတူပီမြို့နယ်က ကျေးရွာတွေကို စစ်ဘေးရှောင်နေကြတယ်လို့လည်း သိရပါတယ်။

ချင်းညီနောင်နဲ့မဟာမိတ်တပ်ဖွဲ့က မတူပီမြို့ကို ဇွန်လ ၂၉ ရက်မှာ အပြီးသိမ်းပိုက်နိုင်ခဲ့ပေမယ့် ပြည်သူလူထုကို စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှာနဲ့မြေမြုပ် မိုင်းအန္တရယ်တွေကြောင့် မြို့တွင်းဝင်ရောက်နေထိုင်ခွင့်မပေးသေးပါဘူး ။

September 26, 2024
မလေးရှားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံက ချင်းစစ်ဘေးဒုက္ခသည်တွေနဲ့ CDM...
September 21, 2024
နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့နယ် ကျောက်အိုးကျေးရွာက အသက် ၁၄ နှစ်ကနေ ၄၀ အကြားရှိ...
September 20, 2024
စက်တင်ဘာလ ၄ ရက် ညနေပိုင်းမှာ ကလေးမြို့ တောင်ဖီလာရပ်ကွက်က အများပြည်သူတွေရဲ့နေအိမ်တွေမှာ...
September 13, 2024
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ...