ကရင်နီ ပြည်တွင် လိင်အမြတ်ထုတ်မှု ဖြစ်စဉ်များ ပိုများလာနေ

ကရင်နီ ပြည်တွင် လိင်အမြတ်ထုတ်မှု ဖြစ်စဉ်များ ပိုများလာနေ
ဓါတ်ပုံ - KNWO
ဓါတ်ပုံ - KNWO

ကရင်နီပြည်အတွင်းက ပဋိပက္ခနယ်များတွင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြစ်စဉ်များ ပိုမိုများလာနေသည်ဟု ကရင်နီအမျိုးသမီး အဖွဲ့အစည်းများက  တာဝန်ရှိသူများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းတွင် ပိုမိုများပြားလာခြင်း ဖြစ်ပြီး လက်ရှိတွင် တိုင်ကြားရမည့် ယန္တရား လည်း မရှိသည့် အနေအထားမျိုး ဖြစ်နေသည်ဟု ကရင်နီ အမျိုးသမီး အစည်းအရုံး (KNWO) နှင့် ကယန်း အမျိုးသမီး အစည်းအရုံး (KYWO) ခေါင်းဆောင်များက ပြောကြသည်။

ကရင်နီအမျိုးသမီး အစည်းအရုံး (KNWO) ဒု-ဥက္ကဋ္ဌ မော်ဗျားမာဦးက “အထူးသဖြင့် စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ဆိုလို့ရှိရင် ဒီအမျိုးသမီးနဲ့ မိန်းကလေးငယ်တွေက ဒီအကြမ်းဖက်မှုတွေ ပိုပြီးတော့မှ ခံစားလာ ရတယ်ပေါ့နော်။ အဲ့မှာဆိုလို့ရှိရင် ဒီလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကလည်း ခံစားလာရတာ များတယ်။ ဆို တော့ တစ်ဖက်မှာက တရားဥပဒေစိုးမိုးမှုနဲ့ ပတ်သက်တဲ့ အပိုင်းတွေ ပြီးတော့မှ  ခံရတဲ့ဟာမျိုးဆို တိုင်ကြားရ တဲ့ အနေအထားက မရှိတဲ့ဟာမျိုးတွေ ဖြစ်တဲ့ခါမှာ ဆိုရင် ပိုပြီးတော့မှ သူတို့ ခံရတယ်ပေါ့နော်” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကရင်နီပြည်တွင်း၌ ၃ နှစ်ကျော် ကာလအတွင်း ကယန်းအမျိုးသမီး အစည်းအရုံး KYWO ၏ စာရင်းအရ သက် ငယ် မုဒိန်းမှု ၁၀ ခု၊ မုဒိန်းပြုကျင့်ရန် ကြံစည်မှု ၁ ခု၊ မုဒိန်းမှု ၂ ခု၊ လိမ်လည်ကာမ ရယူမှု ၃ ခု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှု ၄ ခု ဖြစ်ပွားခဲ့သည်။

ထို့အပြင် အိမ်တွင်းအကြမ်းဖက်မှု အမျိုးမျိုးလည်း တွေ့ရပြီး လာရောက် တိုင်းကြားခြင်း၊ စာရင်းကောက်ယူနိုင် ခြင်း မရှိသည့် အကြမ်းဖက်မှု မြောက်များစွာရှိနေသေးသည်ဟု အမျိုးသမီးအဖွဲ့အစည်းများက ဆိုကြသည်။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် ပတ်သက်၍ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် နေရာဒေသ အနှံ့ အပြား၌ ကြုံတွေ့နေကြရသည်။

ကရင်နီပြည်အတွင်း အထူးသဖြင့် စစ်ပဋိပက္ခဖြစ်သည့် နေရာများတွင် အမျိုးသမီးနှင့် မိန်းကလေးငယ်များသည် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို စစ်ဘေးရှောင်စခန်းများ၊ လူနေထူထပ်တဲ့ နေရာများ၊ လက်နက်ကိုင် အဖွဲ့ အစည်းများ၊ ဆက်သွယ်ရခက်ခဲသည့် နေရာများ၊ တိုင်ကြားရန် လက်လှမ်းမမှီသည့် ကျေးလက်ဒေသ နေရာများ၊ တိုင်ကြားရန် အဖွဲ့အစည်းများ မရှိသည့်နေရာများမှာ တွေ့ရသည်ဟု ဆိုကြသည်။

ကယန်းအမျိုးသမီးအစည်းအရုံး( KYWO)  တာဝန်ခံတစ်ဦးက “လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ ပတ်သက်ပြီး တော့ပေါ့နော် အာဏာရှိတဲ့သူတွေ ဥပမာဆို စစ်ရှောင်ကော်မတီ ဘယ်လိုပြောရမလဲ အဲ့မှာ တာဝန်ရှိသူတွေပေါ့ နော် အဲ့လိုလူက ကျူးလွန်တာတွေ ရှိတယ်။ အရပ်သား အချင်းချင်း ကျူးလွန်တာ၊ လက်နက်ကိုင် အဖွဲ့အစည်း တွေကနေ ကျူးလွန်တာတွေလည်း ရှိတယ်” ဟု ပြောသည်။

ဖြစ်လာသည့် ကိစ္စရပ်များအပေါ်မူတည်၍ တိုင်တန်းလာသည်များရှိပါက လိုက်လံစီမံ ဖြေရှင်းပေးခြင်း၊ ကွင်း ဆင်းစစ်ဆေးခြင်း၊ ဆွေးနွေးပွဲများ လုပ်ကာ အမြင်ဖွင့်သင်တန်းများပေးခြင်းတို့ကိုလည်း လုပ်လေ့ရှိသည်ဟု ကယန်းအမျိုးသမီးအစည်းအရုံး( KYWO)  တာဝန်ခံ က ပြောသည်။

KNWO ဒုဥက္ကဋ္ဌ မော်ဗျားမာဦးကလည်း “အခုလက်ရှိကတော့ ကျမတို့ တရားရေးဆိုပြီး ကရင်နီပြည်မှာရှိတဲ့ KSP ရဲ့ဌာနနဲ့ ချိတ်ဆက်တာ မျိုးတွေ ရှိတယ်။ နောက်တစ်ခုက IEC ရဲ့ တရားရေးအဖွဲ့တွေ ချိတ်ဆက်ထားတာ လည်းရှိတယ်။ အဲ့လိုမျိုး ချိတ်ဆက် လုပ်ဆောင်တာတွေရှိတယ် ပေါ့နော်” ဟု ပြောသည်။

လာရောက်တိုင်ကြားသူများအား အမျိုးသမီးအစည်းအဖွဲ့များက တရားရေးနှင့် ပတ်သက်သည့် ဝန်ဆောင်မှု ကိစ္စပိုင်း ကူညီပေးခြင်း၊ နှစ်ဦးနှစ်ဖက်ကြား သဘောတူညှို့နှိုင်းပေးခြင်း၊ ကူညီဆောင်ရွက်ပေးခြင်း၊ စိတ်ပိုင်းဆိုင် ရာ အထောက်အပံ့နှင့် ပတ်သက်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း လုပ်ဆောင်ပေးလျှက် ရှိနေသည်။

ထို့အပြင် လိုအပ်ချက်အပေါ် မူတည်၍ အခြေခံ အသုံးအဆောင် ပစ္စည်းများကို ထောက်ပံ့ပေးခြင်း၊ ကျန်းမားရေး ဝန်ဆောင်မှုနှင့် လုံခြုံရေးအတွက် (save house) များထားရှိပေးခြင်း စသဖြင့် တတ်နိုင်သည့်အပိုင်းမှ ထောက်ပံ့မှု များကိုပါ လုပ်ဆောင်ပေးသည်ဟု ဆိုသည်။

Most read this week

June 28, 2024
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရောက်ရှိနေသော လွိုင်ကော်စစ်ရှောင်များအား စစ်ကောင်စီမှ နေရပ်သို့...
June 27, 2024
စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA က ရှမ်းတပ်နှင့် ‘ဝ’တပ်ကို သိန်း ၆,၀၀၀ လာဘ်ထိုးပြီး...
June 27, 2024
စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော် ကာလအတွင်း ကရင်နီပြည်တွင် မည်သည့် အာဏာရှင် အဖွဲ့အစည်းမှ ဝင်...
June 17, 2024
မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်တွင် ဓါတ်လိုက် ဒဏ်ရာရသည့် အကျဉ်းသားနှင့် ပတ်သက်၍ စစ်ကောင်စီက...