အမျိုးသမီး နိုင်ကျဉ်းများ လိင်စော်ကားမှုအပါအဝင် အခွင့်အရေး ချိုးဖောက်ခံနေရ

အမျိုးသမီး နိုင်ကျဉ်းများ လိင်စော်ကားမှုအပါအဝင် အခွင့်အရေး ချိုးဖောက်ခံနေရ

အကျဉ်းဦးစီးဌာန လက်အောက်ရှိ အကျဉ်းထောင် အသီးသီးတွင် အမျိုးသမီးနိုင်ကျဥ်းများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု နိုင်ကျဉ်းအရေး လုပ်ဆောင်နေသူများက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ အကျဥ်းဦးစီးဌာနမှ မေလ ၂၂ ရက်နေ့တွင် ထောင်ဝင်စာပို့သူများအား မိသားစုဝင် များသာ ခွင့်ပြု‌တော့မည်ဟု သတ်မှတ်ပြီးနောက် နိုင်ကျဥ်းများအပေါ် ထောင်တွင်းအခြေအနေ ပို တင်းကြပ် လာသည်ဟု ထောင်နှင့်နီးစပ်သူများက ပြောသည်။

နိုင်ကျဥ်းများအနက် အမျိုးသမီး နိုင်ကျဥ်းများအား တိုက်ပိတ်ခြင်း၊ ရိက္ခာလျှော့ချခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကား ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည့်အပြင် ကျန်းမာရေး စောင့်ရှောက်မှုများလည်း ပိတ်ပင်ထားသည်ဟု ဆိုသည်။

နိုင်ငံ‌ရေး အကျဉ်းသူများအဖွဲ့ WOPP ပြန်ကြား‌ရေး တာဝန်ခံ မဇင်မေသက်က “အပြင်ကနေ ပြန်ဝင်ပြီ ဆိုရင် ပဲဖြစ်ဖြစ်၊ အထဲမှာပဲဖြစ်ဖြစ်ပေါ့နော် menstruation လာတဲ့အချိန်တွေ ဆိုလို့ရှိရင်လည်း ရုံးပြန် အနေအထား ဆိုလို့ရှိရင်လည်း ဒီလိုအခြေအနေမျိုး ဖြစ်နေပါတယ် ပြောတာတောင် မရဘဲနဲ့ အကျဥ်းသူတွေအားလုံး တခြား သော အကျဥ်းသူတွေရှေ့မှာလည်း ချွတ်ပြခိုင်းတာတို့ အဲ့လိုမျိုး ဖိနှိပ်မှုတွေ ရှိနေပါတယ်” ဟု ပြောသည်။

လတ်တလောတွင် အင်းစိန်၊ ဒိုက်ဦး၊ သာယာဝတီ၊ ရမည်းသင်း၊ မြင်းခြံ၊ ကျိုက်မရော၊ ထားဝယ်၊ အိုးဘို စသည် အကျဉ်းထောင်များ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်နေသည့် ထောင် ၁၀ ခုခန့် ရှိပြီး ယင်းထောင်များ အနက် အိုးဘိုထောင်မှာ အရက်စက်ဆုံးဖြစ်သည်ဟု နိုင်ကျဥ်းဟောင်းများ၏ ပြောပြချက်အရ သိရသည်။

အိုးဘိုထောင်တွင် ဆန္ဒပြသည့် နိုင်ကျဉ်းသူများအား လျှပ်စစ်ကျင်စက်၊ နံပါတ်တုတ်၊ ဝါးရင်းတုတ်၊ သံတုတ်များ ဖြင့် သွေးထွက်သံယို ဖြစ်သည်အထိ ရိုက်နှက်ကြပြီး ဒဏ်ရာရသူများအား ဆေးကုသခွင့် မပေးသည့်အပြင် အစာရေစာဖြတ်ခြင်း၊ တိုက်ပိတ်ခြင်း စသည့် လုပ်ရပ်များ ကျူးလွန်နေခြင်း ဖြစ်သည်။

မဇင်မေသက်က “အမျိုးသမီး လစဥ်သုံးပစ္စည်းဆိုရင်တော့ အပြင်ကနေတော့ ထည့်ပေးလို့တော့ ရတယ်ပေါ့ နော်။ အဲ့ဒီအပိုင်းကိုလည်း ကျမတို့က ကြိုးစားပြီးတော့ ထည့်ပေးနေတယ်၊ ဒီလိင်ပိုင်းဆိုင်ရာ ခွဲခြားမှုကတော့ အထဲ ထဲမှာ ဖိနှိပ်ခံရတာပေါ့နော်၊ ကျန်းမာရေး မကောင်းလို့ ဆေးခန်းသွားတာပဲဖြစ်ဖြစ်၊ တစ်နေရာကနေ တစ် နေရာ သွားတာပဲဖြစ်ဖြစ်၊ ထောင်ဝန်ထမ်း အမျိုးသမီးတွေ ကိုယ်တိုင်ကပေါ့နော် နှိုက်နှိုက်ချွတ်ချွတ် အစစ်ခံရ တာတွေ ရှိတယ်။ တခါတလေကျရင် menstruation ဖြစ်နေလို့ အဆင်မပြေဘူး ပြောတဲ့ကြားထဲကနေပြီး တော့ တခြားသော အကျဥ်းသူတွေရဲ့ရှေ့မှာ ချွတ်ပြခိုင်းတာတွေလည်း ရှိတယ်။ အနှိုက်ခံရတာမျိုးတွေလည်း ကြုံတွေ့ရတယ်” ဟု ပြောသည်။

လတ်တလောတွင် မိသားစုဝင်များက ပေးပို့လိုက်သည့် ထောင်ဝင်စာများအားလည်း အဆင့်ဆင့် စစ်ဆေးမှုများ ရှိနေပြီး တစ်ဆင့်ချင်းစီတိုင်းတွင် သိမ်းဆည်းခံရသည်များ ကြုံနေရသည့်အပြင် ရောက်သည့် ထောင်ဝင်စာများ မှာလည်း ၃ ပုံတစ်ပုံခန့်သာ ရှိသည်ဟု ဆိုသည်။

ထို့အပြင် စီရင်ချက် မချသေးသည့် နိုင်ကျဉ်းသူများအား ရုံးထုတ်ချိန်တွင်လည်း ၎င်းတို့၏ ရှေ့နေများကို ဖိအား ပေး ခြိမ်းခြောက်၍ မေးခွန်းနှင့် အဖြေများ ကန့်သတ်ခြင်း၊ သေနတ်ဖြင့် ထုတ်ချိန်ခြင်းများလည်း ကြုံနေရသည် ဟု နိုင်ကျဥ်းဟောင်းများက ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းတဲ့ရက်စပြီး မေလ ၂၇ ရက်နေ့ အထိ ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၆,၇၄၇ ဦးရှိပြီး ၎င်းတို့အနက် ၂၀,၄၉၉ ဦးမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲ ဖြစ် သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

October 3, 2024
ကချင်အထူးဒေသ ၁ ၊ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ တိုက်ခိုက်သိမ်းပိုက်...
October 3, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက်။ထိုင်း - မြန်မာနယ်စပ်က မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း...
October 2, 2024
ကရင်နီပြည်နယ်တွင် ကုန်းစျေးနှုန်းများ အဆမတန် မြင့်လာသောကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံများ...
September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...