Published
Wednesday, April 03, 2024
မူတြော်ခရိုင်က KECD လက်အောက်ခံ စာသင်ကျောင်းဟာဆိုရင် လာမဲ့နှစ် ပညာသင်နှစ်အတွက် လိုအပ်ချက်များစွာရှိနေ
- ကရင်ပြည်နယ် မူတြော်ခရိုင်အတွင်းက KECD လက်အောက်ခံ စာသင်ကျောင်းတွေဟာဆိုရင် လာမဲ့နှစ် ပညာသင်နှစ်အတွက် လိုအပ်ချက်များစွာရှိနေတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။
- စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှု စတဲ့ ပဋိပက္ခအခက်အခဲအကျပ်အတည်းမျိုးစုံအကြားက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ဟာ ကောင်းမွန်စွာပြီးဆုံးခဲ့တယ်လို့ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနတာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။
- ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၇)အုပ်ချုပ်နယ်မြေ လှိုင်းဘွဲမြို့နယ်၊ မဲသဝေါဒေသအတွင်းမှာရှိတဲ့ ဘောသရောကျောင်းဟာဆိုရင် မိုင်းအန္တရာယ်တွေအပြင် လမ်းခရီးစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။