Published
Sunday, March 03, 2024
စစ်တွေမြို့မဈေးကြီးမှာ လက်နက်ကြီးကျလို့ အရပ်သား ၁၂ ယောက်သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရရှိ
- ရခိုင်ပြည်ရဲ့ မြို့တော်စစ်တွေ မြို့မဈေးကြီးမှာ လက်နက်ကြီးကျလို့ အရပ်သား ၁၂ ယောက်သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။
- မြောက်ဦးမြို့နယ်အခြေစိုက် ခမရ (၃၇၈) တပ်ရင်းစခန်းမှာ သတင်းသမား ကိုဖိုးသီဟ အပါအဝင် အရပ်သား ၇ ယောက်ကို ပစ်သတ်ဖို့ ညွှန်ကြားခဲ့တယ်လို တပ်ခွဲမှူး ဗိုလ်မှူးသိန်းထိုက်စိုးက ဝန်ခံထွက်ဆိုခဲ့ပါတယ်။
- အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို အေအေက အပြီးသတ်သိမ်းပိုက်လိုက်ပြီးတဲ့နောက် မင်းပြားမြို့အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။