စစ်တွေနှင့် ကျောက်ဖြူလေဆိပ်တွင်ဖမ်းဆီးခံရသူများအနက် အမျိုးသမီးများ၊ မြို့ပေါ်ကလူငယ်တစ်ချို့နှင့် အစိုးရဝန်ထမ်းများသာပြန်လွတ်လာ

စစ်တွေနှင့် ကျောက်ဖြူလေဆိပ်တွင်ဖမ်းဆီးခံရသူများအနက် အမျိုးသမီးများ၊ မြို့ပေါ်ကလူငယ်တစ်ချို့နှင့် အစိုးရဝန်ထမ်းများသာပြန်လွတ်လာ

ရခိုင်ပြည်၊ စစ်တွေမြို့လေဆိပ်နှင့် ကျောက်ဖြူလေဆိပ်တို့တွင် ဖမ်းဆီးခံထားရသည့် ရာနှင့်ချီသည့် ခရီးသွားများအနက်မှ အမျိုးသမီးများ၊ မြို့ပေါ်ကလူငယ်တစ်ချို့နှင့် အစိုးရဝန်ထမ်းများ သာပြန်လွတ်လာကြောင်း သတင်း ရရှိသည်။

စစ်တွေမြို့ခံတစ်ဦးက “ မိန်းမတွေကို အရင်လွှတ်ပေးတယ်။ စစ်တွေမြို့ခံကဆို လွတ်ပေးတယ်။ အစိုးရဝန်ထမ်း နဲ့ ကျောင်းသားတွေဆို လွတ်ပေးတယ်။ စက်ရုံအလုပ်ရုံမှာလုပ်တဲ့သူတွေ၊  အဓိက နယ်ဖက်ကလူတွေဆိုရင် ထိန်းသိမ်းထားတယ်။ အေအေကို ဝင်မှာကြောက်လို့ မလွတ်သေးတာလို့ ကြားတယ်။ ပထမတစ်ရက်  လေယာဥ်နဲ့ လာတဲ့ လူ ၅၀၀လောက်ရှိမယ်ထင်တယ်။ နောက်တစ်ရက်လည်း ထပ်ဖမ်းသေးတယ်ကြားတယ်။ အရေအတွက် အတိအကျ မသိရဘူး ” ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

စစ်တွေမြို့လေဆိပ်တွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ၂၀ရက်နေ့အတွင်းက ရန်ကုန်မှ စစ်တွေသို့ လေကြောင်း ခရီးဖြင့် ပြန်လာသည့်အချိန်တွင် စစ်ဆေးရန်ဟု အကြောင်းပြကာ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသည့်သူများကို စစ်တွေမြို့မရဲစခန်းတွင်ထိန်းသိမ်းထားခြင်းမဟုတ်ပဲ စစ်တွေမြို့ လောကာန္ဒာစေတီဝန်းက ဓမ္မာရုံမှာထိန်းသိမ်းထားခြင်းဖြစ်ကြောင်းမြို့ခံများကပြောသည်။

အလားတူကျောက်ဖြူမြို့ လေဆိပ်တွင် ဖမ်းဆီးခံရသည့်  လူငယ် ၆၀ကျော်အနက် ထောက်ခံစာ ပါသည့် မြို့ခံတစ်ချို့ကို ပြန်လွတ်ပေးပြီး နယ်ကလူများကို ရမ္မာဝတီခန်းမတွင် ဆက်လက် ထိန်းသိမ်းထားဆဲဟု ကျောက်ဖြူမြို့ခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

“ ကျောက်ဖြူက မြို့နယ်အုပ်ရေးမှူးထောက်ခံစာနဲ့ သန်းခေါင်စာရင်းပါတဲ့မြို့က လူတွေကို ပြန်လွတ်ပေးတယ်။ မပါတဲ့လူတွေကပြန်မလွတ်ဘူး။ မိသားစုတွေကို ဆက်သွယ်ခိုင်းပြီး ထောက်ခံစာယူခိုင်းတယ်တဲ့။ အခု ဖမ်းခံထားရတာက နယ်ကလူတွေပိုများတယ်။ နယ်ကလူတွေဆို အေအေကို ဝင်မှာစိုးရိမ်လို့ ဖမ်းထားတယ်လို့ ကြားတယ်” ဟုပြောသည်။

လက်ရှိ စစ်တွေနှင့် ကျောက်ဖြူ လေဆိပ်တို့မှ ဖမ်းဆီးခံထားရသူများအထဲက ကျန်နေသေးသည် လူဦးရေကို သိရှိလိုသဖြင့် ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ  ဥပဒေချုပ် ဦးလှသိန်းနှင့် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ထံ ဖုန်းဆက်သွယ်သော်လည်း လက်ခံဖြေကြားပေးခြင်းမရှိ၍ ကျန်ရှိနေသူ အရေအတွက်ကို သိရှိနိုင်ခြင်း မရှိပါ။

ဖေဖော်ဝါရီလ ၁၀ ရက်က အကြမ်းဖက်စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေ အသက် သွင်းလိုက်ပြီးနောက် ရန်ကုန်တွင်နေထိုင်သည့် ရခိုင်နေအိမ်များကိုဧည့်စာရင်း စစ်ဆေးမှုများပြုလုပ်ပြီး ရခိုင်လူငယ်များကို ဖမ်းဆီးမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ယင်းသို့ စစ်ကောင်စီမှ ဖမ်းဆီးပြီးနောက် ရန်ကုန်-စစ်တွေ အကြား ခရီးသွားလာသူများ နည်းပါးသွားသည်ဟု မြို့ခံများကပြောသည်။

January 8, 2025
စစ်ရေးတင်းမာလာနေသည့် ကျောက်ဖြူတွင် မြို့ပေါ်နေသူ ပြည်သူ ထက်ဝက်ခန့်မှာ စစ်ရှောင်သွားကြပြီး...
January 7, 2025
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှ ဝင်ခွင့်ပိတ်လိုက်၍ အမ်း -...
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားနေသူများအား တွေ့ရစဥ်။
January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး...
January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...