နောက်ထပ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၁၁ ဦး ဘင်္ဂလာသို့ ထပ်မံထွက်ပြေးခိုလှုံလာသဖြင့် ခိုလှုံလာသူအရေအတွက်၂၂၄ ဦးအထိရှိလာ

နောက်ထပ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၁၁ ဦး ဘင်္ဂလာသို့ ထပ်မံထွက်ပြေးခိုလှုံလာသဖြင့် ခိုလှုံလာသူအရေအတွက်၂၂၄ ဦးအထိရှိလာ
ဓာတ်ပုံ- အိုးကီးယားနယူးစ်
ဓာတ်ပုံ- အိုးကီးယားနယူးစ်

မြန်မာဘက်က နောက်ထပ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၁၁ ဦး ထပ်မံ ထွက်ပြေးခိုလှုံလာသဖြင့် ဖေဖော်ဝါရီ ၆ ရက်နေ့ထိ ဝင်ရောက်လာသူ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အရေအတွက်မှာ ၂၂၄ ဦးရှိသွားပြီဟု ဒေသအတွင်း သတင်းဌာနတစ်ခုဖြစ်သည့် အိုကီးယားနယူးစ်တွင် သတင်းဖော်ပြသည်။

၎င်းတို့သည် နယ်စပ်တွင် ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပွားရာမှ ထွက်ပြေးလာကြပြီး ဘင်္ဂလားဒေ့ရှ်ကို ခိုလှုံလာကြသူများဖြစ်သည်ဟုဆိုသည်။

ယခင်အစောပိုင်းက ဝင်ရောက်လာသူ ၁၁၃ ဦးရှိပြီး လက်ရှိ ဝင်ရောက်ခိုလှုံလာသူ ၁၁၁ ဦးနှင့် ပေါင်လျှင် စုစုပေါင်း ၂၂၄ ဦးရှိသွားပြီဟု ၎င်းသတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး  Hasan Mahmud က ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ စစ်ကောင်စီ မြန်မာသံအမတ် ဦးအောင်ကျော်မိုးနှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဦးလွင်ဦးတို့က ထွက်ပြေးခိုလှုံနေသည့် နယ်ခြားစောင့်တပ်များသားများအား ပြန်ခေါ်ယူမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်သွယ်ပြောကြားလာသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်သည် မောင်တောမြို့နယ်မြောက်ပိုင်းမှ တောင်ပြိုမြို့ (လက်ဝဲ) နှင့် (လက်ယာ) နယ်ခြားစောင့်စခန်းနှစ်ခုလုံးကို ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တောင်ပြိုလယ်ယာစခန်းကို သိမ်းပိုက်ထားပြီဟု သိရသည်။

Most read this week

October 12, 2024
စစ်ကောင်စီသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) လက်အောက်ရှိ ခမရ(၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသော...
October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...