ကရင်ပြည်နယ်အတွင်း ပြည်သူ့စစ်နှင့် ကျေးရွာကာကွယ်ရေးအကြောင်းပြ စစ်သားစုဆောင်းခံနေရ

ကရင်ပြည်နယ်အတွင်း ပြည်သူ့စစ်နှင့် ကျေးရွာကာကွယ်ရေးအကြောင်းပြ စစ်သားစုဆောင်းခံနေရ
Photo: CJ
Photo: CJ

ကရင်ပြည်နယ်၊ မြို့နယ်များတွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းနှင့် ကရင်နယ်ခြား စောင့်တပ် -BGF ထိန်းချုပ်သည့်ဒေသ ကျေးရွာများဘက်တွင် ပြည်သူ့စစ်လုပ်ရန်နှင့် ကျေးရွာ ကာကွယ်ရေးလုပ်ရန် အကြောင်းပြ၍ ဒေသခံများအား လူသစ်စုဆောင်းမှုနှင့် လက်နက်ဝယ်ယူရန် ငွေကြေးကောက်ခံမှုများလုပ်ဆောင်လာနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ပြီး ဖားအံ အိန္ဒု၊ ဇာသပြင် နှင့် ကျုံဒိုးရပ်ကွက် နှင့် ကျေးရွာများဘက်တွင် စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများသည် ပြည်သူ့စစ်နှင့် ကျေးရွာလုံခြုံရေးတပ်အတွက်ဟု ဆိုကာ စစ်သားစုဆောင်းမှုများနှင့် ငွေကြေးကောက်ခံမှုများ လုပ်ဆောင်လျက်ရှိသည်ဟု ကျုံဒိုး ဒေသခံတစ်ဦးက ပြောသည်။

“ အခု ကျုံဒိုး စစ်တပ်နဲ့ပေါင်းတဲ့ ရပ်ကွက်အုပ်ချုပ်ရေးတွေ၊ ရွာအုပ်ချုပ်ရေးတွေက တစ်ရပ်ကွက် ၅ ယောက် လူစုတယ်။ တစ်အိမ်ကို ငွေသုံးသောင်းခွဲ ကောက်တယ်။ သေနတ်ဝယ်ဖို့ ၊ ပြည်သူ့စစ် သင်တန်းတက်ဖို့ ဆိုပြီးတော့ ငွေကောက်နေတယ်။ လူစုဆောင်းနေတယ်၊ လူငယ်၊ လူလတ်ပိုင်းရှိတဲ့ သူတွေတော့ ရှောင်နေကြတယ်၊ မထည့်နိုင်တဲ့သူတွေကိုတော့ ဘာလာပြောမလဲ မသိဘူး။ အလုပ် မရှိရတဲ့ ကြားထဲ ပြည်သူ့စစ်လုပ်ဖို့ လူစုနေတော့ ရှောင်နေရတာပေါ့ ”ဟု ကျုံဒိုး အမှတ်(၁) ရပ်ကွက်နေ ထိုင်သူတစ်ဦးက ပြောသည်။

ထို့အပြင် ကော့ကရိတ် မြို့နယ် နဘူး၊ ဒေါ်လန်း ကျေးရွာများဘက်တွင်လည်း ဒေသတွင်း စစ်ရေး လှုပ်ရှားနေသည့် BGF တပ်ဖွဲ့ဘက်မှ တစ်ရွာလျှင် လူ ၂၀ ဦး၊ ရွာအိမ်‌ခြေများလျှင် လူ ၃၀ဦး စုဆောင်း ခိုင်းနေပြီး ငွေပေး၍မရဘဲ လူကိုယ်တိုင်လာပြီး ကျေးရွာတိုင်းတွင် ရပ်ရွာကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်း ကြရန် ရပ်ရွာလူကြီးများအား ဖိအားပေးလူသစ်စုဆောင်းခိုင်းနေကြောင်း ဒေသခံများက ပြောသည်။

ဒေါ်လန်းကျေးရွာမှ ဒေသခံတစ်ဦးက “ရွာကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့ရမယ်၊ စစ်လိုက်တိုက်ဖို့ မလိုဘူး။ ကိုယ့်ရွာမှာပဲ နေရမယ်။ ရွာက လူတွေ စုထားဖို့ BGF တွေ၊ ကားတွေ၊ လူတွေနဲ့ ရွာတွေလှည့်ပြီး ပြောနေ တယ်။ KNU ဘက်ကတော့ ဘာမှမပြောလာဘူးဆိုတော့ ရွာကလူကြီးတွေ ဘယ်လို ဆက်လုပ်မလဲ တော့မသိရသေးဘူး ” ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း အပစ်ရပ် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့၊ စစ်ကောင်စီတပ်နှင့် BGF တပ်များသည် ဒေသအသီးသီးတွင် နေထိုင်ကြသည့် ဒေသခံများအား စစ်သားသစ်စုဆောင်းခြင်း၊ ပြည်သူစစ်ဖွဲ့ခြင်းပြင် ယခု ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ရန်ဟု အကြောင်းပြစစ်သားသစ်စုဆောင်းနေကြကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ သော အခြေအနေကြောင့် ဒေသတွင်း လူငယ်လူရွယ်အများအပြား တစ်ဖက်ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်း ရှောင်တိမ်းအလုပ်လုပ်ကိုင် နေထိုင်မှု ပိုပြီးမြင့်တက်လာနေကြောင်း သိရှိရသည်။

Most read this week

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...