မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် မြန်မာစစ်တပ်ကအာဏာသိမ်းမှုဖြစ်စဉ်ရဲ့အကျိုးဆက်အနေနဲ့ နိုင်ငံရေးမတည်ငြိမ်မှု တွေ၊ နိုင်ငံရဲ့စီးပွားရေးနိမ့်ကျမှုတွေနဲ့အတူ ပြည်သူလူထုရဲ့ နေ့စဉ်စားဝတ်နေရေးပြဿနာတွေအပြင် ပဋိက္ခတွေ ကြောင့် နေရပ်စွန့်ခွာရတဲ့သူအရေအတွက်ဟာလဲ တဖြည်းဖြည်းပိုမိုများပြားလာနေပါတယ်။
အထူးသဖြင့် နိုင်ငံရဲ့ အနောက်မြောက်ဘက်ပိုင်းမှာရှိတဲ့ ချင်းပြည်နယ်ကပြည်သူတွေဟာ အဆိုပါပြဿာနာကို မြန်မာစစ်တပ်ကအာဏာသိမ်းပြီး(၃)နှစ်အတွင်း အဆိုးရွားဆုံးခံစားနေရပြီး မြေမြုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေကြောင့် စိုက်ပျိုးရေးကိုကောင်းမွန်စွာမလုပ်ကိုင်နိုင်တာ၊ စစ်ကောင်စီရဲ့ပိတ်ပင်တား မြစ်မှုတွေကြောင့် လွတ်လပ်စွာကူးသန်းရောင်းဝယ်လို့မရတာတွေအပြင် ချင်းပြည်နယ်က ကလေးငယ်တွေဟာ ကာကွယ်ဆေးထိုးခွင့်ကိုဆုံးရှုံးနေကြပြီး အဆိုးဆုံးအားဖြင့် လွတ်လပ်စွာကိုးကွယ်ခွင့်ကိုပင် ဆုံးရှုံးနေရတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။
အကျယ်အဝန်းအားဖြင့် ၃၆၀၁၉စတုရန်းကီလိုမီတာသာရှိတဲ့ ချင်းပြည်နယ်မှာ ၂၀၁၄ခုနှစ် ပြည်လုံးကျွတ် သန်ခေါင်စာရင်းအရ ချင်းပြည်နယ်မှာ လူဦးရေ (၄၇၈၈၀၁)ယောက်ရှိပေမယ့် ၂၀၂၁ခုနှစ် အာဏာသိမ်းမှု ဖြစ်စဥ် ေနာက်ပိုင်း ၃ နှစ်တာကာလအတွင်း နယ်စပ်ဖြတ်ကျော်စစ်ဘေးရှောင်တဲ့သူဦးရေဟာလဲ တစ်ရက်ထက်တစ်ရက် ပိုမိုများ ပြားလာပြီး စစ်ဘေးရှောင်ဦးရေ (၁၀၁၆၅၈)ယောက်အထိရှိလာပါတယ်။
စိုးရိမ်ဖွယ်ရှိလာတဲ့ ချင်းပြည်ကဝမ်းစာဖူလုံမှုပြဿနာ
ချင်းပြည်နယ်မှာ မြေဧရိယာစုစုပေါင်း (၈၉)သိန်းကျော်ရှိပြီး စိုက်ပျိုးရေးလုပ်နိုင်တဲ့မြေဟာ(၁)သိန်းကျော်ရှိပြီး အဆိုပါ ပမာဏဟာ စိုက်ဧကစုစုပေါင်းရဲ့(၂)ရာခိုင်နှုန်းအထိသာရှိနေပေမယ့် မြန်မာစစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ပဋိပက္ခတွေကြောင့် ၂၀၂၂-၂၀၂၃ခုနှစ်မှာတော့ မိုးစပါးစိုက်ပျိုးဧက(၄၅၀၀၀)သာ စိုက်ပျိုးနိုင်ပါတယ်။
တောင်ယာလုပ်ငန်းနဲ့အခြားစိုက်ပျိုးရေးလုပ်ငန်းကိုကောင်းမွန်စွာမလုပ်ကိုင်နိုင်တာတွေကြောင့် စားနပ်ရိက္ခာလို အပ်ချက်ဟာအမြင့်ဆုံးအနေအထားကိုရောက်ရှိနေပြီး ဝမ်းစာဖူလုံမှုဟာ (၅၀)ရာခိုင်နှုန်းအောက်လျော့နည်းနေပြီး တီးတိန်မြို့နယ်မှာတော့ (၆၀)ရာခိုင်နှုန်းအထိရှိတယ်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က ချင်းပြည်နယ်စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိုနှိင်း အစည်း အဝေးမှာ ဝန်ခံထားပါတယ်။
ချင်းပြည်နယ်ကို အဓိက ဆန်စပါးတင်ပို့နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးမှာလဲ လက်နက် ကိုင်ပဋိပက္ခတွေကြောင့် လယ်ယာစိုက်ပျိုးရေးကိုကောင်းမွန်စွာမလုပ်ကိုင်နိုင်တာကြောင့် ဆန်၊ ပဲ၊နှမ်းတို့ဟာ အာဏာမသိမ်းမီကထက် (၃)ဆကျော်အထိဈေးနှုန်းမြင့်တက်နေပါတယ်။
မြေမြုပ်မိုင်း၊မပေါက်ကွဲသေးတဲ့လက်နက်ကြီးကျည်အန္တရာယ်နဲ့ချင်းဒေသခံပြည်သူများဘဝ
ချင်းပြည်နယ်ဟာ ပထဝီအနေအထားအရ သွားလာရေးခက်ခဲပြီးလမ်းအသုံးပြုမှုပိုင်းမှာ ရွေးချယ်စရာမရှိတာ ကြောင့်နေ့စဉ်သွားလာကူးလူးဆက်ဆံတဲ့အချိန်အသုံးပြုနေတဲ့ လမ်းပိုင်းတွေမှာမြေမြုပ်မိုင်းတွေရှိနေ တတ်ပြီးချင်းပြည်ကပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုေန့စဉ်ခြိမ်းခြောက်နေပါတယ်။
မြန်မာစစ်တပ်ကအာဏာမသိမ်းမီက ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အခြားပြည်နယ်တွေထက် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရှိတာကြောင့် ဒေသခံပြည်သူတွေဟာ မြေမြုပ်မိုင်း၊ လက်နက်ကြီးကျည်စတဲ့ စစ်ဖက်သုံးပစ္စည်းတွေနဲ့ရင်းနှီးကျွမ်းဝင်မှုမရှိခဲ့ကြပေမယ့် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ လက်နက်ကိုင် ေတာ်လှန် ေရး ေကြာင့် ချင်းပြည်မှာ တိုက်ပွဲများစွာဖြစ်ပွားလာပြီး စစ်ဖက်သုံး လက်နက်ပစ္စည်းတွေကြောင့် သေဆုံးတဲ့ဦးရေဟာလဲ တစ်ရက်ထက်တစ်ရက်ပိုမိုများပြားလာပါတယ်။
ချင်း လူအခွင့်အရေးအဖွဲ့ CHROက မြန်မာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းချင်းပြည်နယ်မှာ မြေမြုပ် မိုင်းနင်းမိလို့ အရပ်သားပြည်သူ(၂၀)ကျော် သေဆုံးပြီး မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူဦးရေ ဟာလဲ (၃၇)ယောက်အထိရှိလာပြီလို့ ထုတ်ပြန်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးငယ်တွေရဲ့ ပုံမှန်ကာကွယ်ဆေးပြဿနာများ
ချင်းပြည်နယ်က ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးသူငယ် ေတွဟာ မထိုးမနေရလိုအပ်တဲ့ ပုံမှန် ကာကွယ်ဆေးထိုးနှံရေးအခွင့်အရေးတွေဆုံးရှုံးနေကြရပြီး စစ်ဘေးရှောင်နေရသူတွေ အတွက် ပိုမိုခက်ခဲတဲ့ အခြေအနေနဲ့ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာချင်းပြည်နယ်က နိုင်ငံဝန်ထမ်းများ CDMလှုပ်ရှားမှုမှာ ပါဝင်တဲ့ ရာခိုင်နှုန်းအများ ဆုံးပြည်နယ်ဖြစ်ပြီးချင်းပြည်နယ်မှာ CDM လှုပ်ရှားမှုမှာ ပညာရေးဝန်ထမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်းဟာ အရေအတွက် အများဆုံး ဖြစ်ကာ ယခုအချိန်အထိ စစ် ေကာင်စီ ရဲ့ဆေးရုံတွေဟာ မြို့ပေါ်မှာသာဖွင့်လှစ်နိုင်ပြီး ကျေးရွာတွေက ဆေးပေးခန်း တွေတော့အခုချိန်အထိဖွင့်လှစ်နိုင်တာမရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ မွေးကင်းစအရွယ်ကနေ အသက်(၁၈)လအထိ ကလေးငယ်တွေဟာ ပုံမှန်ကြီးထွား ကျန်းမာ သန်စွမ်းဖို့နဲ့ ကူးစက်ရောဂါအပါအဝင် ရောဂါအချို့ကိုကာကွယ်နိုင်ဖို့အတွက် ပုံမှန်ကာကွယ်ဆေး(၁၃)မျိုးကို မဖြစ်မနေထိုးဖို့လိုအပ်ပါတယ်။
ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ မသန်စွမ်းမှုနှုန်း ဒုတိယအများဆုံးဖြစ်ပြီး မွေးကင်းစ ကလေးသေဆုံးမှုမှာလဲ ဒုတိယအများဆုံးဖြစ်ပြီး အဆိုပါပြဿနာဟာ မိခင်တွေကိုယ်ဝန်ဆောင်စဉ်ကတည်းက လိုအပ်တဲ့ ကျန်းမာရေးစောင့် ရှောက်မှုမရှိခြင်းနဲ့ အဟာရပြည့်မီမှုမရှိခြင်းကြောင့်ဖြစ်တယ်လို့ UNICEFနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်ရဲ့လူဦးရေရဲ့(၇၀)ရာခိုင်နှုန်းဟာ ကျေးလက်ဒေသမှာနေထိုင်သူတွေဖြစ်ကြပြီး မွေးကင်းစကလေး သေဆုံးမှုမှာလဲ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတဲ့ကျေးလက်ဒေသမှာ အမြင့်မားဆုံးဖြစ်နေပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်းမှု(၃)နှစ်ကျော်လာပြီးတဲ့အချိန် ချင်းပြည်နယ်မှာ ပုံမှန်ကာကွယ်ဆေးမ ထိုးရတဲ့ သူတွေဟာ ပုံမှန်ကာကွယ်ဆေးထိုးရမယ့်အသက်အရွယ်ကိုကျော်လွန်လာပြီဖြစ်တဲ့အတွက် အဆိုပါကလေးတွေ ရင်ဆိုင်ရမယ့် ကျန်းမာရေးဆိုင်ရာပြဿနာတွေဟာစိုးရိမ်ရမယ့်အခြေအနေ အထိဖြစ်လာနိင်ပါတယ်။
ဘုရားကျောင်းမီးရှို့ခံရမှုနဲ့လွတ်လပ်စွာကိုးကွယ်ခွင့်ဆုံးရှုံးလာတဲ့ချင်းပြည်
စစ်ကောင်စီဟာ ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးအပါအဝင် မြို့နယ်(၇)မြို့နယ်ကို အာဏာသိမ်းပြီး(၂)နှစ်အကျော် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာထားပြီးတဲ့နောက်ပိုင်းမှာ လွတ်လပ်စွာ ကိုးကွယ် ခွင့်နဲ့ပတ်သက်ပြီး အခွင့်အရေးချိုးဖောက်ခံရမှုတွေ ပိုမိုများပြားလာပါတယ်။
စစ်ကောင်စီဟာ စစ်အုပ်ချုပ်ရေးကြေညာချက်ပါ လူ(၅)ဦးနဲ့(၅)ဦးအထက်ပို၍စုဝေးခြင်းမပြုလုပ်ရဆိုတဲ့ အချက် ကိုစွဲကိုင်ထားပြီး ဘာသာရေးဝတ်ပြုမယ့်အစီအစဉ်တွေနဲ့ပတ်သက်ပြီး ကြိုတင်ခွင့်တောင်းကြဖို့ကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှာ ခရစ်ယာန်အသင်းတော်တွေကိုအသိပေးထားတာတွေလုပ်ဆောင်လာပါတယ်။
ချင်းပြည်နယ်လူဦးရေရဲ့ (၉၀)ရာခိုင်နှုန်းကျော်ဟာ ခရစ်ယာန်ဘာသာကိုးကွယ်ကြတဲ့သူတွေဖြစ်ကြပြီး စစ်အုပ်ချုပ်ရေးကြေညာခံထားရပြီးတဲ့နောက်ပိုင်း အပတ်စဉ်ဝတ်ပြုမယ့်အစီအစဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီကို စာတင်တာတွေပြုလုပ်နေရသလို ညမထွက်ရအမိန့်ကြောင့် ညပိုင်းဝတ်ပြုမယ့်အစီအစဉ်ကိုလဲ ဖျက်သိမ်းလိုက် ရတယ်လို့ ဟားခါးမြို့ကသင်းအုပ်ဆရာတွေကပြောပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့CHROအဆိုအရ ချင်းပြည်နယ်အတွင်းက ခရစ်ယာန်ဘာသာရေး ကျောင်းပေါင်း (၉၀)ကျော်ကို ဖျက်ဆီးခံခဲ့ရပြီးမြို့လုံးကျွတ်မီးရှို့ဖျက်ဆီးခံရတဲ့ ထန်တလန်မြို့နယ်မျာ (၃၅)ကျောင်းရှိတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်က ဘာသာရေးကျောင်းတွေမီးရှို့ဖျက်ဆီးခံရတာတွေကြောင့် ကျေးရွာတွေဖက်စစ်ဘေးရှောင်တဲ့ သူတွေဟာ စစ်ဘေးရှောင်စခန်းတွေမှာ မိသားစုလိုက် ဝတ်ပြုဆုတောင်းတာတွေပြုလုပ်နေရပြီး မြို့ပေါ်မှာ စစ်ဘေးရှောင်တဲ့ သူတွေကတော့ နီးစပ်ရာဘာသာရေးကျောင်းတွေမှာ ပူးပေါင်းပြီး ဝတ်ပြုကြရပါတယ်။