KIA သိမ်းပိုက်ထားတဲ့ ဖားကန့်သွားလမ်းပေါ်ကကျေးရွာတချို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်

KIA သိမ်းပိုက်ထားတဲ့ ဖားကန့်သွားလမ်းပေါ်ကကျေးရွာတချို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်

- ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သိမ်းပိုက်ထားတဲ့ ဖားကန့်သွားလမ်းပေါ်က ကျေးရွာတချို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ဖို့အတွက် ထိုးစစ်ဆင်မှုတွေပြုလုပ်နေတာကြောင့် ဖားကန့်မြို့နယ်  လဝါးကျေးရွာတစ်ဝိုက် ဒီအပတ်အတွင်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

- ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာမှာ ကိုးကန့်တပ် MNDAA က အရပ်သားပြည်သူတွေကို သေနတ်နဲ့ပစ်သတ်တဲ့အမှုနဲ့ပတ်သက်ပြီး ဖြေရှင်းပြီးစီးနိုင်ဖို့ MNDAA ဗဟိုဌာနချုပ်အဆင့်ဆီ လျှောက်တင်ထားတဲ့အချက်တွေ အဖြေမရသေးဘူးလို့ သိရပါတယ်။

- လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အားလုံးရပ်တန့်လာတဲ့နောက် မြစ်ကြီးနားရှိ စစ်ရှောင်စခန်းတွေမှာ ၁၀ စုနှစ်ကျော်ကြာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေရပ်ပြန်ရေးစီစဉ်လာကြတာကြောင့် ကူညီမှုတွေလိုအပ်နေတယ်လို့ ပြောပါတယ်။

April 2, 2025
- ဝိုင်းမော်မြို့နယ် ဗလမင်းထင်တံတားမြောက်ဘက်ပိုင်းက စစ်ရှောင်စခန်း ၄၂ ခုမှာ ခိုလှုံနေတဲ့...
April 2, 2025
− နိုင်ငံတကာတက္ကသိုလ်တွေမှာ အဆင့်မြင့်ပညာရပ်တွေကို ဆက်လက်သင်ယူနိုင်ခွင့်ရရှိဖို့ ဒုက္ခသည်စခန်း...
April 1, 2025
- ရခိုင်က သမိုင်းဝင် အထင်ကရ နေရာတွေကို AA က ထိန်းသိမ်းမှုလုပ်ဆောင်နေပါတယ်။ -...
April 1, 2025
- နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေကြောင်းနဲ့ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက်...