Published
Monday, January 22, 2024
စစ်ကောင်စီနဲ့ KIA တို့ ရှမ်းမြောက် မိုးမိတ်မြို့ပေါ်အထိ တိုက်ပွဲဖြစ်ပွား၊ ပြည်သူထိခိုက်သေဆုံးမှုရှိ
- စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ကြား ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့ပေါ်အထိ တိုက်ပွဲတွေဖြစ်ပွားနေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။
- ကရင်နီပြည်က စစ်ဘေးရှောင်တွေဟာ စစ်ရှောင်ရတဲ့ကာလကြာလာတာနဲ့အမျှ အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေအပြင် နေထိုင်စရာအတွက်ပါ အမိုးအကာ၊ အခင်း၊ တဲတွေ လိုအပ်နေကြပါတယ်။
- စစ်ကောင်စီတပ်ရဲ့ တရားလက်လွတ်သတ်ဖြတ်မှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း အရပ်သားပြည်သူပေါင်း ၁,၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုလိုက်ပါတယ်။