Published
Wednesday, January 17, 2024
ကွဲပြားနေသေးတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးရည်မှန်းချက်တစ်ခုအောက်မှာ ပြန်လည်စုစည်းချိန်တန်ပြီ
- လက်ရှိကာလအချိန်အထိ ကွဲပြားနေသေးတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးရည်မှန်းချက် တစ်ခုအောက်မှာ ပြန်လည်စုစည်းချိန်တန်ပြီလို့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့မှာ ကရင်အမျိုးသားအစည်းအရုံး-KNU က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
- မဲဆောက်မြို့မှာရှိတဲ့ ထိုင်းရောက် ကရင်လူမျိုးတွေနဲ့ ရွှေ့ပြောင်း ကျောင်းသူ၊ကျောင်းသား ဆရာ၊ဆရာမတွေကနေ ဦးဆောင်းပြီး ကရင်ရိုးရာကောက်သစ်စားပွဲ ဖော်ထုတ်ခြင်းပွဲတော် အစီအစဉ်တစ်ခုကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
- ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ပြေးဒုက္ခသည်စခန်းတွေမှာ လတ်တလော ကလေးတွေရဲ့ပညာရေးအတွက် ကျောင်းလည်ပတ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။