Published
Monday, January 08, 2024
စစ်တွေမြို့မှာ ၂ ရက်အတွင်း ဒေသခံပြည်သူ ၁၀၀ ခန့်ကို စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေပြော
- ကျောက်တော်မြို့နယ်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်နေတာကြောင့် ဒေသခံတွေသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိလာနေပါတယ်။
- စစ်တွေမြို့မှာ ၂ ရက်အတွင်း ဒေသခံပြည်သူ ၁၀၀ ခန့်ကို စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
- ရမ်းဗြဲမြို့နယ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေတဲ့အတွက် နေအိမ်တချို့မီးလောင်ပျက်စီးပြီး ဒေသခံအများအပြားဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။