Published
Wednesday, November 15, 2023
မီးဘေးသင့် ရှိန်းခေါင်ပြည်သူတွေ ပြန်လည်ထူထောင်ရေးနဲ့ စားဝတ်နေရေးအတွက် အကူအညီလိုအပ်
စစ်ကိုင်းတိုင်း ကောလင်းမြို့သိမ်းတိုက်ပွဲအပြီး မြို့ထဲကို ပြန်မနေရဲကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အသုံးအဆောင်၊ စောင်နဲ့ဆေးဝါးတွေအပြင် အခြေခံစားသောက်ကုန်တွေ လိုအပ်နေပါတယ်။
- တိုက်ပွဲတွေဖြစ်ပွားပြီး လမ်းပိတ်ဆို့တာတွေကြောင့် မြစ်ကြီးနားမြို့က စက်သုံးဆီအရောင်းဆိုင်ကြီးတွေ အများစုပိတ်ထားတယ်လို့ သိရပါတယ်။
- ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ကျေးရွာမှာ မီးလောင်မှုဖြစ်ပွားပြီး အိမ်ခြေတော်တော်များများနဲ့ သိုလှောင်ထားတဲ့ကုန်ပစ္စည်းတွေ မီးထဲပါသွားတာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ဖို့နဲ့ ဒေသခံတွေရဲ့စားဝတ်နေရေးအတွက် အကူအညီတွေလိုအပ်နေတဲ့အကြောင်းကိုလည်း တင်ဆက်ပေးသွားမှာပါ။