စစ်ကောင်စီတပ်နှင့် ထွေအုပ်တို့ ဖွင့်ထားသော ညလောင်းကစားဝိုင်းကြောင့် လှိုင်းဘွဲ တွင် ခိုးဆိုးလုယက်မှုများလာ

စစ်ကောင်စီတပ်နှင့် ထွေအုပ်တို့ ဖွင့်ထားသော ညလောင်းကစားဝိုင်းကြောင့် လှိုင်းဘွဲ တွင် ခိုးဆိုးလုယက်မှုများလာ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ (ခ)ရပ်ကွက်၊ ကျောက်စိမ်းအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းလုပ် ကိုင် သော အာဝါဒေးလောင်းကစားဝိုင်းများကြောင့် မြို့အတွင်း ခိုးဆိုးလုယက်မှု ပိုမိုများ ပြားလာကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများကို မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ ဦးစီးမှူးဦးဝင်းသန်းနှင့် စစ်ဗျူဟာအဖွဲ့ (အခြေချ)လှိုင်းဘွဲ၏ ကွပ်ကဲမှုအောက်ရှိ ဗိုလ်ကြီးကောင်းဆက်ဟန်တို့က ဖာပွန်မြို့နယ်၊ ကတိုင်တိကျေးရွာဇာတိ လောင်းက စားဝိုင်းကန်ထရိုက်တာ ဒေါ်သင်းသင်းလှနှင့်ပူးပေါင်း၍ ဦးစီး လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

“ ဝိုင်း(လောင်းကစား)တွေရှိတော့ မြို့ထဲမှာ သူခိုးတွေလည်းများလာတယ်။ တို့ဆေး သမားတွေလည်းရှိတယ်။ ရွှေဆိုင်တွေလည်း အဖောက်ခံရတယ်။ ဈေးထဲမှာဆိုရင် လည်း ခါးပိုက်နှိုက်အယောက်ပေါင်းမနည်းဘူး။ တစ်ခါမှလည်း ဖမ်းလို့မမိဘူး။ သူ့ရဲ့ဆိုးကျိုးပေါ့၊ ဘယ်ကလူတွေ လာဆော့မှန်းမှမသိတာ လှိုင်း ဘွဲမြို့က လူတွေက အဲ့လိုမရှိဘူး။ လောင်းကစားဝိုင်းလာတာ ဘယ်မြို့တွေကမှန်းလဲ မသိဘူးလေ။ တချို့ဆိုအိမ်တွေငှားနေကြတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့အပြင် အကောက်ခွန်အနေဖြင့် လောင်းကစားဝိုင်းများမှ တစ်ညလျှင် မြန်မာကျပ် ငွေဆယ်သိန်းခန့် ရရှိနေခြင်းဖြစ်ပြီး သက်ဆိုင်ရာသို့ တိုင်တန်းဝံ့သူမရှိသော်လည်း လောင်းကစားဝိုင်းများကြောင့် အမှုအခင်းများလာသည့်အတွက် စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေရကြောင်း အဆိုပါအမျိုးသမီးက ဆက်ပြောသည်။

ယခင် ၂၀၂၂ ခုနှစ်မှ စတင်၍ မိုးတွင်းကာလမှအပ ထိုလောင်းကစားဝိုင်းများကို ညလုံး ပေါက်ကျင်းပနေကြခြင်းဖြစ်ပြီး မြို့အတွင်း ညမထွက်ရအမိန့်ထုတ်ထားသည့် အခြေ အနေတွင် လောင်းကစားဝိုင်းလာရောက်သူများကိုမူ စစ်ဆေးရေးဂိတ်များသို့ ဖြတ်သန်းသွားလာခွင့်ပေးထားခြင်းဖြစ်သည်။

နောက်ထပ် လှိုင်းဘွဲမြို့ခံတစ်ဦးကလည်း “ပွဲတစ်ပွဲလုပ်ရင် ဗျူဟာကကိုင်တယ်လို့ ဆိုပြီး နာမည်ထွင်တယ်။ ပြီးတော့မှ ကန်ထရိုက်ပွဲလို့ နာမည်ခံလိုက်တာ၊ ပွဲကပြန်လာ တဲ့သူဆိုရင် သူတို့(စစ်တပ်)က မစစ်ဘူးလွှတ်ပေးတယ်။ ပိတ်ထားတဲ့နေရာ တွေဆိုရင် လည်း ပွဲရက်ကို ဖွင့်ထားပေးတယ်။ အဲဒီရက်တွေကျ ဘာမာရှယ်လောမှ မရှိဘူး။ လမ်း ထောင့်တွေမှာ စစ်ခဲ့ရင်တောင် ပွဲလာတယ်ဆိုတာနဲ့လွှတ်ပေးတယ်။ မြို့မှာဆိုရင် လည်း ခိုးမှုလုမှုအပြင် ဆိုင်ကယ်တွေပျောက်တာလည်း များလာတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ မြို့ခံမဟုတ်သည့် လောင်းကစားလာရောက်ဆော့ကစားသူများ မြို့အတွင်း အဝင်အထွက်များလာခြင်းကြောင့် လုယက်မှုများအပြင် ရန်ပွဲများလည်း ရှိလာသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရှိရသည်။

အလားတူ နဘူးမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း လနှင့်ချီကာ လောင်းက စားဝိုင်း များပြုလုပ်လာကြသဖြင့် ဒေသခံအချို့ စာရိတ္တပျက်ပြားပြီး ခိုးမှုနှင့်လုယက်မှုများ ဖြစ်လာသလို နေအိမ်ရှိ အဝတ်အထည်မှအစ ဆိုင်ကယ်အဆုံး ပစ္စည်းပျောက်ဆုံးမှုများ ရှိလာကြောင်း ဒေသခံများက ကေအိုင်စီ-ကရင်သတင်းဌာနသို့ ဖော်ထုတ်ပြောဆိုထားသည်။

လှိုင်းဘွဲမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇)နှင့် နယ်ခြားစောင့်တပ်-BGF များ ပူးတွဲအုပ်ချုပ်အောက်တွင်ရှိသလို ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီမှ လောင်းကစားဝိုင်းများမပြုလုပ်ရန် တရားဝင် တားမြစ်အမိန့်ထုတ်ပြန်ထားသော မြို့နယ်တစ်ခုအပါအဝင်လည်း ဖြစ်သည်။

အဆိုပါ လောင်းကစားဝိုင်းများပြုလုပ်နေခြင်းနှင့်ပတ်သက်၍ ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီမှ တာဝန်ရှိသူအချို့အား ကေအိုင်စီ အနေဖြင့် ဖုန်းဆက်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့သေးပေ။

Most read this week

October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...