မြဝတီတွင် နယ်ခြားစောင့်တပ်များ လုံခြုံရေးတိုးမြှင့်

မြဝတီတွင် နယ်ခြားစောင့်တပ်များ လုံခြုံရေးတိုးမြှင့်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် မြို့တွင်း၊ မြို့ပြင်နေရာများတွင် ယခုရက်ပိုင်းအတွင်း ကရင်နယ်ခြား စောင့်တပ်-BGF က စစ်အင်အားတိုးမြင့်ချထားခြင်း၊ ကင်းလှည့်၊ ကင်းထောက်ခြင်းများ ပိုမိုလုပ်ဆောင် နေသည်ဟု မြို့ခံများက ပြောသည်။

ထိုသို့ လုပ်ဆောင်ရာတွင် အာဏာသိမ်းစစ်ကောင်စီတပ်က BGF တပ်ပုံစံပြောင်းသွားလာစောင့်ကြည့် နေမှုများရှိနေဟုလည်း မြဝတီမြို့ခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“မြဝတီ မှာ စစ်တပ်က BGF ပုံစံပြောင်းပြီး ကင်းလှည့်တာ၊ တပ်စွဲနေတာတွေ ရှိနေတယ်။ မြေနီကုန်း၊ ကုန်သွယ်ရေးဇုန်၊ တံတားအမှတ် ၁/၂ ၊‌ ရှေ့တန်းရုံးဝင်း၊ မယ်ထော်သလေးလမ်းဆုံ၊ မဲကနယ်၊ ရွာသစ်၊ မြစန္ဒီရပ်ကွက် စစ်ကတုတ်တွေမှာ အင်အားဖြည့်ပြီး နေနေကြတယ်။ BGF ဂိတ်တွေမှာလည်း ရှိနေ တယ်။ စစ်အင်အားတော့များလာတယ်။ စစ်ကားကင်းပတ်တာလည်းများတယ်။ ”ဟု မြဝတီ မြို့ခံ က ပြောသည်။

ယခုလို စစ်တပ်က မြဝတီမြို့ နေရာစုံများတွင် စစ်အင်အားဖြည့် တပ်စွဲလှည့်လည် နေခြင်းနှင့် ပတ် သက်ပြီး မြို့ခံရပ်ကွက်သားများအနေဖြင့် မြို့တွင်းတိုက်ပွဲဖြစ်ပွားလာမည့် အရေးနှင့် ရှမ်းပြည် မြောက်ပိုင်းကဲ့သို့ တရုတ်ကာစနိုလောင်းကစားနေရာများအား စီးနင်းပစ်ခတ်သည့် တိုက်ပွဲ များ ဖြစ်ပွားလာပါက မြို့တွင်းနေထိုင်သူများနှင့် မြန်မာကာစီနိုအလုပ်သမားများ ထိခိုက်သေဆုံး ဖမ်းဆီး ခံရမည်ကို စိုးရိမ်ပူပန်နေကြကြောင်း မြဝတီ မြို့ခံက ပြောသည်။

“အခုက မနေ့က  ရွှေကုက္ကိုလ်က စာထုတ်လာတယ်။ တရုတ်တွေ အသွားအလာ တစ်လပိတ်တယ် ဆိုပြီးသိရတယ်။ ရှမ်းပြည်ဘက်မှာကလည်း တိုင်ရင်းသားလက်နက်ကိုင်တွေ ကာစီနိုလောင်းကစား ကို ဖျက်မယ့်တိုက်ပွဲတွေ ဖော်နေတယ်။ ဒီဘက်နယ်စပ်မှာလည်း မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ ပစ်ကြ ရင် အရပ်သားတွေ၊ ကာစီနိုဘက်က အလုပ်သမားတွေ ထိမယ်။ အခုကကော့ကရိတ်တို့ ကျုံဒိုးတို့ ကြာအင်းဆိပ်ကြီးတို့ မြို့ထဲဝင်ပစ်နေတာဆိုတော့ မြဝတီမှာလည်း မလွယ်တော့ဘူး”ဟု အမှတ် ၅ ကျွန်း တောသဲပုံဂိတ် ကာစီနိုအနီး နေထိုင်သူက ပြောသည်။

ယခု နိုဝင်ဘာလလဆန်းရက်များတွင် ကော့ကရိတ်မြို့တွင်း မြို့ပြင်ပတ်ဝန်းကျင်၌ စစ်ကောင်စီ တပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေပြီး ယနေ့နိုဝင်ဘာ ၆ရက် နံနက်ပိုင်းက မြဝတီမြို့နေရာစုံမှ စစ်ကောင်စီတပ်များ ကော့ကရိတ်ဒေါနတောင်လမ်းသစ်/လမ်းဟောင်းဘက်နှင့် လေးကေ‌ကော်/လက်ခတ်တောင် နေရာများဘက် စစ်ကြောင်းအချိန်းအပြောင်းပို့ဆောင်သည့် စစ်ကားယာဉ်တန်းများ အစီးရေ ၅၀ ကျော်ခန့် သွားလာနေကြောင်း မြို့ခံများက ကေအိုင်စီသို့ ပြောသည်။

Most read this week

October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...