- ကချင်-တရုတ်နယ်စပ်က KIO ဌာနချုပ် လိုင်ဇာမြို့အနီး မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာဟာ ပြည်သူတွေကို အစုလိုက် အပြုံလိုက် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာဖြစ်ပြီး စစ်ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်တောင်းနဲ့ဖာဖိတ်ကျေးရွာကြားတစ်နေရာ စစ်ကောင်စီတပ်က လမ်းဖြတ်တောက်ထားတဲ့နေရာမှာ မိုင်းထောင်ထားတာကြောင့် မိုင်းနင်းမိတဲ့ပြည်သူ ၃ ယောက်ရှိပြီလို့ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ် - လားရှိုးလမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ မြို့အဝင်အထွက်ဂိတ်တိုင်းမှာ အဓမ္မငွေကြေးကောက်ခံနေတာကြောင့် ကားသမားတွေအပါအဝင် ခရီးသွားပြည်သူတွေ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။