Published
Friday, September 22, 2023
ချင်းပြည်နယ်မှာ နှစ်နှစ်ကျော်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူ ၂၀ ဦးသေဆုံး
- ချင်းပြည်နယ်မှာ နှစ်နှစ်ကျော်ကာလအတွင်း မြေမြှုပ်မိုင်းကြောင့် ကလေးငယ်နဲ့အမျိုးသမီးတွေအပါအ၀င် အရပ်သား ပြည်သူ ၂၀ ဦးသေဆုံးပြီး ၃၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က ပြောပါတယ်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ မှုထန် ဟာ ချင်းပြည်နယ် မြို့တော်ဟားခါးနဲ့ တခြားမြို့တွေကို ရောက်လာပြီး စစ်ကောင်စီကစီစဉ်နေတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လူထုစည်းရုံးရေးတွေ ပြုလုပ်နေပါတယ်။
- ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ခရစ်ယာန်ဘုရားကျောင်းနဲ့ ဘာသာရေးအဆောက်အအုံ ၉၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။