ထိုင်းက ယာယီလက်ခံထားတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲက နေရပ်ပြန်လိုသူတွေကို စာရင်းသွင်းခိုင်းနေ

ထိုင်းက ယာယီလက်ခံထားတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲက နေရပ်ပြန်လိုသူတွေကို စာရင်းသွင်းခိုင်းနေ

စစ်ကောင်စီ လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ယာယီ ဝင်ရောက်ခိုလှုံနေတဲ့  ဒေါနိုးကူး စစ်ဘေးရှောင်တွေထဲက နေရပ်ပြန်ချင်သူတွေကို တရားဝင် စာရင်းသွင်းပြီး နေရပ်ပြန်ခွင့်ပြုတယ်လို့ စစ်ရှောင်စခန်းရဲ့ အုပ်ချုပ်ရေးမှူး ခူးဖရေရယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် ထိုင်းဘက်ခြမ်းကို ဝင်ရောက်လာတဲ့ ကရင်နီ စစ်ရှောင်တွေထဲက နေရပ်ပြန်ချင်သူတွေကို ထိုင်းအာဏာပိုင်တွေက စာရင်းပေးသွင်းနိုင်ပြီလို့ ပြောဆိုလိုက်ပါတယ်။

“ထိုင်းအာဏာပိုင်ဘက်က နင်တို့ပြန်ရမယ်ဆိုတဲ့ဟာကတော့ မမောင်းပြန်ပါဘူး။ နင်တို့ စိတ်ပါ ပြန်မယ်ဆိုရင် နင်တို့ စာရင်းသွင်းပြီး တရားဝင် ပြန်လို့ရတယ်။ ကျနော်တို့ကိုတော့ ပြောတယ်” လို့ ဒေါနိုးကူး အုပ်ချုပ်ရေးမှူး ခူးဖရေရယ် ကပြောပါတယ်။

လတ်တလောမှာ နေရပ်ဖြစ်တဲ့ ဒေါနိုးကူး စစ်ရှောင်စခန်းမှာတော့ နယ်မြေအခြေအနေ တည်ငြိမ်နေပေမဲ့၊   စစ်ဘေးရှောင်အများစုကတော့ နောက်ထပ် လေယာဉ်နဲ့ ဗုံးလာကြဲခံရမှာကို စိုးရိမ်ကြတာကြောင့် နေရပ် မပြန်ချင်ကြသေးဘူးလို့ ခူးဖရေရယ်က ပြောပါတယ်။

“လေယာဉ်နဲ့ လာမပစ်နိုင်တော့ဘူး မပြောနိုင်ဘူးပေါ့နော်။ သူတို့တွေက တခါလာပစ်ပြီးပြီဆိုတော့ နောက်ထပ် လာပစ်ဖို့ ရှိနိုင်သေးတာပေါ့နော် စိုးရိမ်ရတယ်” လို့ ဒေါနိုးကူး စစ်ရှောင် တဦးကပြောပါတယ်။

နေရပ်ပြန်ရင်လည်း စားနပ်ရိက္ခာ ရရှိနိုင်မှုနဲ့ နေရာထိုင်ခင်းတွေအတွက် အခက်အခဲတွေလည်းရှိနေတာပါ။

“သူတို့ အဲ့မှာ ပြန်တက်နေတာ အခက်ခဲရှိတာက အစားအသောက် အခက်အခဲရှိတာပေါ့နော်။ ပြီးတော့ ရိက္ခာ ပို့တဲ့ကားလမ်းဘက်ကတော့ လမ်းတွေလည်း မဖွင့်သေးဘူးဆိုတော့ အစားအသောက်ဘက်မှာတော့ နည်းနည်း အခက်အခဲ ရှိတယ်။ အဲ့ဒီဘက် ပြန်တက်သွားတဲ့ သူတွေက စားသောက်ရေးက ကြည့်တယ်။ ဒါပေမယ့် တတ် နိုင်ရင်တော့ ကျနော်တို့ကိုယ်တိုင် သွားရှာစားသောက်ရတာပေါ့နော်” လို့ ခူးဖရေရယ် ကပြောပါတယ်။

ထိုင်းဘက်က ယာယီလက်ခံထားတဲ့ ဒေါနိုးကူးစစ်ဘေးရှောင်အရေအတွက်ဟာ စာရင်းအရ ၃၈၈၁ ဦးရှိနေပြီး၊ အဆိုပါ စစ်ရှောင်ပြည်သူတွေမှာ ကြောက်စိတ်တွေ ၊ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေကြသေးတယ်လို့ သိရပါတယ်။

Most read this week

October 26, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဆေးဝါးပြတ်လပ်မှုရှိတာ ကြာမြှင့်နေပြီး...
October 25, 2024
ပြီးခဲတဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကရင်နီပြည် ၊...
October 24, 2024
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM)...
October 22, 2024
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ကရင်နီပြည်နယ်အတွင်းမှာ အရပ်သားတွေ မိုင်းကြောင့်...