ကျောက်ဖြူစီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ရန် တရုတ်တွန်းအားပေးနေ

ကျောက်ဖြူစီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ရန် တရုတ်တွန်းအားပေးနေ

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်ရန် တရုတ်က အမြန်လိုလားနေပြီး စစ်ကောင်စီကိုလည်း အမြန်အကောင်အထည်ဖော်ရန် တွန်းအားပေးနေသည်။

စီမံကိန်းအတွက် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်းဆိုင်ရာ လေ့လာဆန်းစစ်မှု (ESIA) အစီရင်ခံစာ ပြုလုပ်ထားပြီး တရုတ်ဘက်က စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်လိုကြောင်း စစ်ကောင်စီထံ အသိ ပေးထားကြောင်း BETV Business သတင်းတွင် ဖော်ပြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ‘ခါးပတ်တစ်ကွင်း လမ်းတစ်စင်း’ ဟု  လူသိများ သည့် တရုတ် BRI စီမံကိန်း၏ မြန်မာဘက်ခြမ်း အစိတ်အပိုင်း ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို  မကြာ ခင် စတင်နိုင်တော့မည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားသည်ဟု ဆိုသည်။

ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက “အဲဒီမှာ တရုတ်က ရင်းနှီးမြှုပ်နှံမှုတွေအများကြီးရှိတယ်။ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေ၊ ရှယ်ယာတွေ၊ အများကြီးလုပ်ထားပြီးသား ဖြစ်တယ်။ အဲဒါက အကောင်ထည် မဖော်နိုင် သေးတော့ တရုတ်အနေနဲ့ ဖိအားပေးမှုတွေ၊ တိုက်တွန်းမှုတွေရှိမှာပေါ့။ အဲဒါကြောင့် ဒါကိုသူတို့ အလျင်စလို အကောင်အထည်ဖော်ဖို့ ကြိုးစားရမယ့် အဓိက အကြောင်းအရာ ဖြစ်နေတယ်” ဟု သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ တရုတ်၏ ရင်းနှီးမြုပ်နှံမှု စီမံကိန်းဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေး ဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ကို အမြန်ဆုံး အကောင်ထည် ဖော်ဆောင်ရွက်ကြရန် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ဩဂုတ်လ ၂၅ ရက်နေ့က တိုက်တွန်း ပြောဆိုထားသည်။

စစ်ရေးဘက် ကသုံးသပ်ကြည့်ပါက ရေနက်ဆိပ်ကမ်းအနီးတွင် ရေငုတ်သင်္ဘောများရပ်နားရန် သတ်မှတ်ထား သည်ဟု သတင်းများ ကြားနေရသည့် အတွက် စစ်ကောင်စီ၏ စစ်ရေးနှင့်လည်း သက်ဆိုင်လာနိုင်သည်ဟု ဦးဖေသန်းက သုံးသပ်သည်။

“နောက်တစ်ခုက ရေနက်ဆိပ်ကမ်းအနီးမှာ သူတို့ရေငုပ်သင်္ဘောတွေ ရပ်တန့်မယ့် နေရာတွေလည်း သတ်မှတ် ထားတယ်လို့ကြားတယ်။ ဆိုတော့ စစ်ရေးနဲ့လည်း ဆိုင်လာနိုင်ပါတယ်” ဟု ပြောသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင် သဘောတူညီချက်အရ အဆင့် ၄ ဆင့်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး ပထမအဆင့်အဖြစ် သင်္ဘော ကျောက်ချရပ်နားစခန်း၊ ဆိပ်ခံတံတား ၂ ခုကို တည်ဆောက်ရန် လျာထား ကြသည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းက ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ အစိတ်အပိုင်းဖြစ်ပြီး တရုတ်အစိုးရ လက် အောက်ခံ CITIC က ရှယ်ယာ ၇၀ ရာခိုင်နှုန်း ထည့်ဝင်ကာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ အသုံးပြုဖို့ လျာထားကြောင်း ယခင်အချက်အလက်များအရ သိရသည်။

မြန်မာစစ်ကောင်စီအနေဖြင့်  Belt and Road Initiative နှင့် ပတ်သက်ပြီး ပါဝင်ဆောင်ရွက်ရန်  တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရ သဘောတူညီထားပြီးဖြစ်ကာ  မြန်မာအစိုးရဘက်ကလည်း လိုအပ်သည့်  ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်နေကြောင်း စစ်ကောင်စီ စီး/ကူးဝန်ကြီးက ပြောဆိုထားသည်။

Most read this week

December 20, 2024
ရခိုင်က ဂွမြို့နယ်မှာ ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့...
December 17, 2024
ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ပြည်မဘက်သို့ စစ်ဘေးရှောင်သွားရာတွင် ဖြတ်သန်း...
December 17, 2024
အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းရှိ နေရာအများအပြားကို အာရက္ခတပ်တော် (AA...
ဓာတ်ပုံ - ပုံဟောင်းသာ
December 16, 2024
ဧရာ၀တီတိုင်း ပင်လယ်ကမ်းခြေ မြို့နယ်ခွဲတစ်ခုဖြစ်သော ငွေသောင်ယံတွင် စစ်ဘေးရှောင်နေကြသည့်...