ကျိုက်ထိုတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် BGF ဗိုလ်ဝင်းစိုးဆိုသူ ပစ်သတ်ခံရ

ကျိုက်ထိုတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် BGF ဗိုလ်ဝင်းစိုးဆိုသူ ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင် ဗိုလ် ဝင်းစိုးနှင့် အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့်ကားကို သြဂုတ်လ ၂၄ ရက်၊ နံနက် ၇ နာရီခွဲတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး နှစ်ဦးစလုံးသေဆုံးခဲ့ကြောင်း ကျိုက်ထို တော်လှန်ရေး အင်အားစု-KRF က သတင်းထုတ်ပြန်ထားသည်။

ဗိုလ်စိုးဝင်းတို့ မောင်းနှင်လာသော အဖြူရောင် Mark II ကားကို ကျိုက်ထိုမြို့နယ် ကော့ထင်ကျေးရွာနှင့် ဘိုရား ကြီးကျေးရွာအကြားရှိ တာဘောင်တံတားအရောက်တွင် ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF နှင့် ဝေါပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်း၍ ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

အဆိုပါ ပစ်သတ်ခြင်းခံခဲ့ရသည့် BGF ဗိုလ်ဝင်းစိုးသည် တရားမဝင် ကားမှောင်ခိုလုပ်ကိုင်ခြင်း၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေး ကော်မတီနှင့် ပူးပေါင်းကာ သောင်နုမြေ ဧက ၃၀၀ သိမ်းယူခြင်း၊ ပြည်သူများကို လက်နက်အား ကိုးဖြင့် ဖမ်းဆီးရိုက်နှက်ခြင်း၊ ကျေးရွာများတွင် လျှပ်စစ်မီးဖြတ်တောက်ခြင်းများကို စစ်ကောင်စီတပ်နှင့် ပူး ပေါင်းကာ ပြုလုပ်နေခြင်းတို့ကြောင့် ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု KRF တပ်ဖွဲ့က ပြောသည်။

KRF တပ်ဖွဲ့ဝင်တစ်ဦးက “တိုးဂိတ်တွေမှာလည်း သေနတ်ပြပြီးခြိမ်းခြောက်တာတွေရှိတယ်။ နိုင်ထက်စီးနင်း လုပ် တာတွေရှိတယ် အများကြီးပဲ။ BGF မှာ သူက စီးပွားရေးလုပ်တဲ့သူဆိုတော့လေ ပိုက်ဆံရရင် အကုန်လုပ်တယ်။ စကစနဲ့ပေါင်းပြီး ဖမ်းတယ်။ ရွာက မကျေနပ်တဲ့လူငယ်တွေကို ခေါ်ပြီးပါးရိုက်တာတို့ သေနတ်ပြ ခြိမ်းခြောက် တာတို့ လုပ်တာပေါ့နော်။ အခွင့်အရေးက မပေးသေးတော့ သူ့ကိုစောင့်ကြည့်တဲ့အနေအထားပဲရတာပေါ့။ အခွင့် အရေးပေးတော့ တစ်ခါတည်း ရှင်းလိုက်တာပေါ့နော်။ ပစ်တာက သူတို့ကားကိုအပိုင်ပစ်တာ” ဟု ကေအိုင်စီသို့ ပြောသည်။

ပစ်သတ်ခံခဲ့ရသည့် BGF ဗိုလ်ဝင်းစိုးနှင့်အတူ ပါလာသည့် သေနတ် ၂ လက်၊ ဖုန်း၊ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ ဝင်စိစစ်ရေးကဒ်၊ မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင်တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း KRF ၏ ထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် ကျိုက်ထိုမြို့နယ်တွင် ပြည်သူများကို ခြိမ်းခြောက်မှုများပြုလုပ်လျက်ရှိသည့် စစ်ကောင်စီတပ်၏ လက် အောက်ခံ သတင်းပေး ဒလန်များ၊ ထောက်တိုင်များကိုလည်း တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်းလည်း KRF ထုတ်ပြန်ချက်တွင် ဆက်လက် သတိပေး ဖော်ပြထားသည်။

အလားတူ မွန်ပြည်နယ် ရေး၊ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုစသည့်မြို့များတွင်လည်း စစ်ကောင်စီတပ်၏ ကင်း စခန်း၊ တပ်စခန်းများ မကြာခဏ တိုက်ခိုက်ခံရသလို စစ်ကောင်စီတပ်များကို သတင်းပေးလုပ်ဆောင်နေသည့် ဒလန်များလည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မကြာခဏ သေဆုံးလေ့ရှိကြောင်း တော်လှန်ရေး အဖွဲ့အစည်းများ၏ ဖော်ပြချက်များ အရ သိရသည်။

Most read this week

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...