လက်ခတ်တောင်တွင် တိုက်ပွဲဖြစ်ပွားနေသော်လည်း အနီးဝန်းကျင်ရှိ ကာစီနိုရုံများ ပုံမှန်လည်ပတ်နေ

လက်ခတ်တောင်တွင် တိုက်ပွဲဖြစ်ပွားနေသော်လည်း အနီးဝန်းကျင်ရှိ ကာစီနိုရုံများ ပုံမှန်လည်ပတ်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲနေ့ စဉ်လိုလိုဖြစ်ပွားနေသော်လည်း ၎င်းနေရာ အနီးဝန်း ကျင်ရှိ ကာစီနိုလောင်းကစားရုံများမှာ ပုံမှန်လည်ပတ်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့မှစတင်၍ ယနေ့အချိန်ထိ လတ်ခတ်တောင်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

မင်းလက်ပံဒေသခံတစ်ဦးက “မီးလည်းမလာတာ ၂ လလောက်ရှိတော့ ဘာမှလုပ်စားမရဘူး။ မင်းလက်ပံရွာ ထိပ် မှာက ကာစီနိုရုံ တစ်ခုရှိတယ်။ ရွာက BGF ကုန်းကနေ လက်ခတ်တောင်ဘက်ကို လက်နက်ကြီး ညတိုင်းထုနေ တာ။ ပစ်တာ ပစ်နေတာပဲ။ ကာစီနိုရုံတွေမှာက မီးစက်ကြီးနဲ့ဆီဝယ်ထည့်နိုင်တော့မီးမပြတ်ဘူးပေါ့။ တရုတ်တွေ ရော အသွားအလာက အေးဆေးပဲ။ မင်းလက်ပံကနေ တောက်လျှောက်သွားရင် ညတိုင်းကာစီနိုရုံမှာ မီးလင်းနေ တယ်။ ပြောရရင် မြို့ ၂ ခုကွဲ နေသလိုပဲ။ တစ်ဖက်မှာက တိုက်ပွဲဖြစ် လူတွေပြေးနေရတယ်။ ဒီမှာက မီးတွေလင်း ပြီး ဆူညံ နေတာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် တိုက်ပွဲနှင့် နီးသည့် ဒေသခံပြည်သူအချို့ ထွက်ပြေး တိမ်းရှောင်နေရပြီး မြဝတီမြို့ နယ် မယ်ထော်သလေးကျေးရွာ အုပ်စု အင်ကြင်းမြိုင်၊ မင်းလက်ပံ စသည့် ကျေးရွာများတွင် လျှပ်စစ်မီး ဖြတ် တောက်ခံထားရသော်လည်း နယ်ခြားစောင့်တပ် - BGF နှင့် တရုတ်လူမျိုးများ ပူးပေါင်းလုပ်ဆောင်သည့် ကာစီနို လောင်းကစားရုံများတွင်မူ နေ့စဉ်မပြတ် လျှပ်စစ်မီးလင်းနေပြီး လူသွားလူလာများ ညစဉ်ရှိနေသည်ဟု မင်း လက်ပံ ဒေသခံများက ပြောသည်။

BGF နှင့် စစ်ကောင်စီတပ်များ ထိန်းချုပ်ရာ ကာစီနိုလောင်းကစားရုံများ အများဆုံးရှိသည့် ရွှေကုက္ကိုလ်၊ အင် ကြင်းမြိုင်နှင့် မြဝတီစသည့်နေရာများတွင် တရုတ်လူမျိုးများနှင့် ရှယ်ယာဝင်လုပ်ကိုင်ကြသည့် အွန်လိုင်း လူ လိမ်ခေါ်လုပ်ငန်း၌ ပြည်တွင်းရှိ လူငယ်နှင့် အမျိုးသမီးငယ်များ အများဆုံးသွားရောက် လုပ်ကိုင်ကြ လျက်ရှိ ကြောင်း ၎င်းလုပ်ငန်းနှင့် နီးစပ်သူများက ပြောသည်။

၎င်းအပြင် မင်းလက်ပံ၊ အင်ကြင်းမြိုင်စသည့်ကျေးရွာများတွင် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက်လိုက် ခြင်းကြောင့် ကျေးရွာနေပြည်သူများအနေဖြင့် အလုပ်အကိုင်ရှားပါးပြီး အလုပ်လက်မဲ့ ဖြစ်လာသည်ဟုလည်း အင်ကြင်းမြိုင်ရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“မီးလည်းမလာတာ ၂ လလောက်ရှိတော့ ဘာမှလုပ်စားမရဘူး။ တရုတ်ကာစီနိုဘက်မှာ အလုပ်သွားလုပ်ရင်တော့ အဆင်ပြေတာပေါ့။ ဒါပေမဲ့ သူတို့ဆီမှာ သွားရင်စိတ်မလုံသလို ခံစားရတယ်။ အိမ်မှာ မိသားစုစား ဝတ်နေရေး အဆင်မပြေပေမဲ့ ကာစီနိုရုံမှာတော့ အလုပ်မလုပ်ချင်ဘူး။ တော်တော်များများတော့ CI စာအုပ်လုပ်ပြီး ဘန် ကောက်တက်သွားကြပြီး။ ရွာမှာက တခြားအလုပ်ဆိုလည်း လုပ်ရတာနဲ့ ရတဲ့ပိုက်ဆံနဲ့ မကိုက်ပြန်ဘူး” ဟု ၎င်းဒေသခံအမျိုးသမီးက ကေအိုင်စီသို့ ပြောသည်။

မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသနှင့် မြဝတီမြို့ တောင်ဘက်ပိုင်းရှိ အင်ကြင်းမြိုင်ဒေသတို့ကို သွယ် တန်းပေးဝေနေသည့် ထိုင်းနိုင်ငံက လျှပ်စစ်မီးများကို ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ ညသန်းခေါင်အချိန်မှစ၍ ထိုင်း နိုင်ငံဘက်မှ ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

အလားတူ နယ်စပ်တစ်လျှောက်ရှိ ကာစီနိုလောင်းကစားရုံများတွင် မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်လုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း စသည့် ဒုစရိုက်လုပ်ငန်းမျိုးစုံကို ကျယ်ပြန့်စွာလုပ်ကိုင်နေသည့် နေရာတစ်ခုဖြစ်သလို လက်ရှိ စစ်အာဏာသိမ်းထားသည့် ကာလများတွင် အဆိုပါ ဒုစရိုက်ဆန်သည့် လုပ်ငန်းများ ပိုမို ကျယ်ပြန့် လာ လျက်ရှိကြောင်း ဒေသခံအရပ်သား ပြည်သူများက ပြောသည်။

လတ်တလော KNLA တော်လှန်ရေး ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ထားသည့် လက်ခတ်တောင် စခန်း ကုန်းကို ပြန်လည်ရရှိရန် စစ်ကောင်စီဘက်မှ အပြင်းအထန်ကြိုးပမ်းနေပြီး မြေပြင် စစ် ကြောင်းများ အပြင် လက်နက်ကြီး ပစ်ကူများ၊ လေကြောင်းပစ်ကူများဖြင့် စစ်ကြောင်းထိုး စစ်ဆင်နေသော်လည်း ၎င်းတို့ ကိုယ်တိုင်အထိအခိုက် အကျအဆုံးများနေကြောင်း မြေပြင်သတင်းများအရ သိရသည်။

Most read this week

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...