လွိုင်ကော်မှာ ကုန်စျေးနှုန်း ထပ်မံမြင့်တက်နေတဲ့အတွက် ဒေသခံတွေရဲ့ စားဝတ်နေရေးအခက်အခဲကြုံ

လွိုင်ကော်မှာ ကုန်စျေးနှုန်း ထပ်မံမြင့်တက်နေတဲ့အတွက် ဒေသခံတွေရဲ့ စားဝတ်နေရေးအခက်အခဲကြုံ

လက်ရှိ လွိုင်ကော်မြို့ပေါ်က ကုန်စျေးနှုန်း ဆက်တိုက်မြင့်တက်နေခြင်းကြောင့် အခြေခံလူတန်းစားများအတွက် စားဝတ်နေရေး အခက်အခဲ ကြုံနေကြရသည်ဟု လွိုင်ကော်ဒေသခံများက ပြောသည်။

လက်ရှိတွင် ဆီတစ်ပိဿာ ၈၀၀၀ ကျပ်မှ တစ်သောင်းအထိ မြင့်တက်နေပြီး အခြားသော အခြေခံ စားသောက် ကုန် စျေးနှုန်းများလည်း မြင့်တက်နေသည်ဟု လွိုင်ကော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အခုဆိုရင် ဆီ တစ်ပိဿာ ၁၀၀၀၀ ကျပ် ဖြစ်သွားပြီ။ ကြက်သွန်ဖြူက တစ်ပိဿာ ၁၃၀၀၀ ကျပ်၊ စက်သုံးဆီ တို့ဆိုရင် တစ်လီတာကို ၂၈၀၀ ကျပ်အထိ တက်သွားပြီ” ဟု ပြောသည်။

အခြေခံ အလုပ်သမားများ၏ လစာများမှာ ယခင် ၅ နှစ်ကရှိနေခဲ့သည့် လစာအတိုင်း မပြောင်းလဲဘဲ ကုန်စျေး နှုန်းများကစာ ပြောင်းလဲ မြင့်တက်နေလာသည့်အတွက် အခက်အခဲများ ရှိနေကြခြင်း ဖြစ်သည်ဟု လွိုင်ကော် ြမို့တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမအခု လက်ရှိလုပ်နေတဲ့ဟာဆိုရင်လည်း ပြောရမယ်ဆိုရင် အလုပ်ကို နှစ်ဆလုပ်ရတာတို့ မဟုတ်ရင် ဒီထက်ပိုကောင်းတဲ့ အလုပ်ကို ပြောင်းရတာတို့ ရှာရတာတို့ လုပ်ရတယ်‌ပေါ့နော။ မဟုတ်လို့ရှိရင် လစာတစ်ခု တည်းနဲ့ အဆင်မပြေတော့တဲ့အတွက် အဲဒါကြောင့်မလို့ ကျမဆိုရင်လည်း အလုပ်ကို နှစ်ခုလုပ်တာတို့ ဒါမှ မဟုတ်ရင် ဒီထက် ပိုက်ဆံရတဲ့ဟာကို ရှာရတာတို့ အဲဒီလိုမျိုး လုပ်ရတယ်ပေါ့နော။ ဒီလွိုင်ကော်မှာဆိုရင်လည်း အလုပ်အကိုင်ရှားတာကတော့ တော်တော်ဖြစ်ပါတယ်။ အလုပ်အကိုင်ရှားတဲ့အပြင် တချို့ ကုန်စုံဆိုင်တို့ ဆိုင် တွေမှာ လုပ်တာတို့ဆိုရင် အခြေခံလစာက အရမ်းကြီးနည်းတာပေါ့နော်။”

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန်ကြီးမြင့်လာသည့် ကုန်စျေးနှုန်းမှာ ကျသွားခြင်းမျိုး မရှိဘဲ အတက်သာရှိနေခြင်း ဖြစ်သည်။

စစ်ကောင်စီက နှစ်သောင်းတန်ကျပ်ငွေ စက္ကူထုတ်မည်ဟု ကြေညာပြီးနောက်ပိုင်းတွင်လည်း နယ်စပ်ဒေသတွင် မြန်မာကျပ်ငွေ စျေးနှုန်းများ နာရီပိုင်းအတွင်း သိသိသာသာ ကျဆင်းသွားခဲ့သည်။

စစ်ကောင်စီဘက်မူ ထိုကဲ့သို့ ကုန်စျေးနှုန်းများ မြင့်တက်သွားခြင်းမှာ ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ရန် ကြေညာလိုက်ခြင်းကြောင့် မဟုတ်ဘူးဟု ငြင်းဆိုထားသည်။

တစ်ဖက်တွင်လည်း ပြည်သူများ၏ စားဝတ်နေရေးပြေလည်ရန်အတွက် ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီကို စစ်ကောင်စီက ဖွဲ့စည်းလိုက်ကြောင်း ကြေညာထားသော်လည်း လူထုက ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကြားတွင် စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကိုလည်း ခံစားနေကြရဆဲဖြစ်သည်ဟု ပြောသည်။

December 20, 2024
ကရင်နီပြည်ရှိ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်ကြတဲ့ CDM ဝန်ထမ်းတွေကို...
December 17, 2024
ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မှာ ညဖက် အသွားအလာလုပ်ပါက စစ်ကောင်စီက ဖမ်းဆီးမှုတွေ...
December 16, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက...