လေကြောင်း တိုက်ခိုက်မှုကြောင့် ထန်းတပင်မြို့နယ်ရှိ ရွာလေးရွာမှ ဒေသခံများ ရွာလုံးကျွတ် စစ်ရှောင်ရ

လေကြောင်း တိုက်ခိုက်မှုကြောင့် ထန်းတပင်မြို့နယ်ရှိ ရွာလေးရွာမှ ဒေသခံများ ရွာလုံးကျွတ် စစ်ရှောင်ရ

စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကေအဲန်ယူ - ကရင်အမျိုး သား အစည်းအရုံး နယ်မြေ တောင်ငူခရိုင် ထန်းတပင်မြို့နယ်ရှိ ကျေးရွာ ၄ ရွာမှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ရက်နေ့က အင်အား ၁၀၀ ခန့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA တပ်ရင်းကြား တောကုန်းရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွား ပြီးနောက် စစ်တပ်ဘက်မှ လက်နက်ကြီးများ ပစ်ခတ်သည့်အပြင် ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းတွင်လည်း လေကြောင်းအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်သည့်အတွက် ရွာလုံးကျွတ် စစ်ရှောင်နေရသည် ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၂၈ ရက်နေ့၊ ညနေ ၆ နာရီအချိန်ခန့်တွင် တောင်ငူခရိုင်၊ ထိုလွီဝါး အထက်တန်းကျောင်း အနီးဝန်းကျင် တွင် စစ်ကောင်စီက ရဟတ်ယာဉ် အသုံးပြု၍ လာရောက်ပစ်ခတ်သည့်အပြင် ဇူလိုင်လ ၂၉ ရက်နေ့၊ နံနက် ၆ နာရီ အချိန်ခန့်တွင်လည်း လက်နက်ကြီးများနှင့် ထပ်မံပစ်ခတ်သည့်အတွက် ဒေသခံများ ထပ်မံတိမ်းရှောင်နေရ သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “လက်နက်ကြီးနဲ့မနေ့က လည်းပစ်တယ် ဒီနေ့လည်းပစ်တယ်။ ထွက်ပြေးတဲ့ ရွာသားတွေကို သူတို့ တပ် စခန်းက ဘာလို့ပြေးလဲ မပြေးနဲ့ သူတို့ခြိမ်းခြောက်လာ ပစ်တာပဲဆိုပြီး ပြောတာရှိတယ်။ ခြိမ်းခြောက် ပစ်တာက လေယာဉ်တွေနဲ့ဆိုတော့ မဟုတ်ဘူးလေ။ ထိုလွီဝါးကျောင်းအနီးမှာပစ်တာ။ ဟိုနေ့က တိုက်ပွဲဖြစ်တဲ့နေရာ လောက်မှာပဲ လေယာဉ်နဲ့လာပစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများမှာ တောကုန်း၊ ဇီးဖြူကုန်း ၊ ရေလျှံနှင့် ရှားစေးဘို စသည့် ကျေးရွာ များဖြစ်ပြီး ထိုလွီဝါးအထက်တန်းကျောင်း အနီးဝန်းကျင်တွင် လေယာဉ်နှင့် လာရောက် ပစ်ခတ်သည့်အတွက် ဘော်ဒါဆောင်နေ ကျောင်းသူ၊ ကျောင်းသားအချို့ မိဘများ လာရောက်ခေါ်ဆောင်သွားကြသည်ဟု ဒေသခံများ က ပြောသည်။

ထိုလွီဝါးကျောင်းသားမိဘတစ်ဦးက “ကျောင်းမနီးမဝေးမှာ လာပစ်တယ်ဆိုတော့ ကျောင်းမှာက သတိနဲ့နေရ တယ်။ တချို့က မိဘလာခေါ် သွားတာ ရှိတယ်။ အခုက ကျောင်းပိတ်ရက်လည်းဖြစ်တော့ ကျောင်းပိတ်ထား တယ်။ ကျောင်းဖွင့်ရက် အချိန်ကျရင် အခြေအနေတော့ ကြည့်ရမှာပေါ့။ ဟိုနေ့ကလည်း ကျောင်းသူတစ်ဦး ထိသွားတာလည်းရှိတယ်” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၇ ရက်နေ့တွင် တောကုန်းဒေသခံအချို့ကို ဖမ်းဆီးချုပ်နှောင်ခဲ့သလို စစ်ကြောင်းထိုးလာသည့်နေ့တွင် ဆိုက်ကယ်ဖြင့် ကျောင်းသွားနေသည့် ထိုလွီဝါး အထက်တန်းကျောင်းမှ အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးကိုလည်း စစ်ကောင်စီဖွဲ့ဝင်များက ပစ်ခတ်ခဲ့ သည့်အတွက် ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

photo-Crd

Most read this week

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...